ရေဖြူ မူးဒူးရွာတွင် အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး ပစ်သတ်ခံရ
diz_admin
August 2, 2022ရေဖြူမြို့နယ်၊ မူးဒူးရွာတွင် စစ်အစိုးရလက်ထက် ၂၀၁၀ မတိုင်မီက အုပ်ချုပ်ရေးမှူးအဖြစ်လုပ်ခဲ့ဖူးသူ အမျိုးသား တစ်ဦး ဩဂုတ်လ ၁ ရက်နေ့ ညနေပိုင်းတွင် ပစ်သတ်ခံရကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ပစ်ခတ်ခံရသဖြင့် သေဆုံးသူမှာ အသက် ၅၀ကျော်အရွယ်ရှိ ဦးယူစိန်ဆိုသူဖြစ်ပြီး ညနေ ၃နာရီဝန်းကျင်တွင် အမည်မသိ လက်နက်ကိုင်အမျိုးသားသုံးဦး နေအိမ်သို့ လာရောက်ပစ်သတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ဒဏ်ရာက ဦးခေါင်းမှာ နှစ်ချက် တွေ့ရတယ်” ဟု ၎င်းက ဆိုသည်။ ဦးယူစိန်သည် ယခုလက်ရှိတွင် လယ်ယာဥယျာဉ်ခြံလုပ်ကိုင်သူဖြစ်ပြီး ယခင် စစ်အစိုးရလက်ထက်က အုပ်ချုပ်ရေးမှူး တာဝန်ယူခဲ့သူဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ “သူက ကျွန်တော်တို့အမြင်ကတော့ လယ်လုပ်၊ ခြံလုပ်ပေါ့နော်။ နောက်ကွယ်က နိုင်ငံရေးနဲ့ ပတ်သတ် မပတ်သတ် ဆိုတာ ကျွန်တော်တို့လည်း မပြောနိုင်ဘူး” […]