BREAKING
March 19, 2025

ထားဝယ်

ထားဝယ်တွင် ဆားဈေး ၂၀၀ ခန့်ထပ်တက်

diz_admin

September 6, 2022

ထားဝယ်တွင် ဆားဈေး ကျပ် ၂၅၀ ခန့်ထပ်တက်လာကြောင်း သရက်ချောင်းမြို့နယ်မှ ဆားချက်တောင်သူအချို့က ပြောသည်။ ယခုနှစ် မေလ နွေရာသီက မီးချက်ဆား တစ်ပိဿာ ငွေကျပ် ၅၀၀ ခန့်သာရှိသော်လည်း ယခု စက်တင်ဘာလတွင် တစ်ပိဿာ ၇၅၀ ကျပ်ခန့်အထိဖြစ်လာသည်ဟု သရက်ချောင်းမြို့နယ် ပြင်းဖြူကြီးကျေးရွာမှ ဆားချက်တောင်သူ မမြင့်စန်းက ပြောသည်။ “ဆားကလည်း မရှိဘူး၊ တခြားကုန်ဈေးနှုန်းတွေကလည်း အဆမတန်တက်နေတယ်၊ ကိုယ်က ၅၀၀ ဈေး၊ ၆၀၀ ဈေးနဲ့ရောင်းထုတ်လိုက်လည်း အခုက ဆီဘူးတစ်လုံးဖိုးပဲ ရတာကိုး၊ အဲတော့ ကိုယ့်မျှတည်း(ကိုယ်တစ်ယောက်တည်း) သက်သာနေလည်း မရဘူးလေ၊ ခုက ချည်ပေါင်ရွက်၊ ကန်စွန်းရွက်ကအစ ဈေးကတက်နေတော့ ကိုယ့်ဘက်ခြမ်းကလည်း အဆင်ပြေသလိုမျိုး တက်ရတာပဲ” ဟု ၎င်းကဆိုသည်။ နယ်ဘက်ခြမ်းတွင် ထိုင်းနိုင်ငံထုတ် စားသုံးဆီ (ပဲပိစပ်ဆီ) တစ်လီတာလျှင် […]

ထားဝယ်-ထီးခီးလမ်းပိုင်းကို တစ်လပိတ်၊ မသင်္ကာဖွယ်ရာများကို ပစ်ခတ်မည်ဟုသတိပေး

diz_admin

September 6, 2022

ထားဝယ်-ထီးခီး အရှေ့တောနယ်လမ်းပိုင်းကို တစ်လပိတ်လိုက်ပြီး မသင်္ကာဖွယ်ရာများအားလုံးကို ပစ်ခတ်ရှင်းလင်း မည်ဖြစ်ကြောင်း ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦးက ယနေ့ (စက်တင်ဘာ ၆) သတိပေးစာ ထုတ်ပြန်လိုက်သည်။ အဆိုပါ လမ်းကြောင်းကို စက်တင်ဘာ ၆ ရက်မှစတင်ကာ အောက်တိုဘာ ၅ ရက်နေ့အထိ တစ်လပိတ်မည်ဖြစ်ပြီး နံနက် ၆နာရီမှ ညနေ ၆နာရီအတွင်း (လုံးဝ) ဖြတ်သန်းသွားလာခြင်းမပြုကြောင်း ထုတ်ပြန်ထားသည်။   ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ ထုတ်ပြန်ချက်ကို လိုက်နာပေးကြပါရန်လည်း မေတ္တာရပ်ခံထားသည်။ အသိပေးထုတ်ပြန်ချက်ကို လိုက်နာမှုမရှိဘဲ ဖြတ်သန်းသွားလာသူများကို စစ်ကောင်စီနှင့် ပတ်သက်မှုတစ်စုံတစ်ရာ ရှိသူဟုယူဆပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ စစ်ဆေးခြင်းခံရမည်ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ မလိုက်နာဘဲ ဖြတ်သန်းသွားလာမှုကြောင့် တစ်စုံတစ်ရာထိခိုက်လျှင် (လုံးဝ) တာဝန်ယူမည်မဟုတ်ဘဲ မသင်္ကာဖွယ်ရာ အားလုံးကို ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦးနှင့် Kaw Thoo Lei Army […]

ထားဝယ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော်ရှိဟုဆို

diz_admin

September 5, 2022

ထားဝယ်အကျဉ်းထောင်တွင် အမျိုးသမီး နိုင်ငံရေးအကျဉ်းသူ ၄၂ဦးရှိကြောင်း ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ရက်က ယနေ့ (စက်တင်ဘာ ၅) ညပိုင်းတွင် သတင်းထုတ်ပြန်လိုက်သည်။ အာဏာသိမ်းကာလတွင် နိုင်ငံရေးအမှုဖြင့် ဖမ်းဆီးခံရပြီး ထောင်ဒဏ်ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသူ ၄၂ ဦးရှိပြီး ထားဝယ်ထောင်အတွင်း အထူးတရားရုံးတွင် တရားရင်ဆိုင်နေဆဲ အမျိုးသမီး ၃၀ ဦးခန့်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ အဆိုပါ နိုင်ငံရေးအကျဉ်းသူများကို စစ်ကောင်စီတရားရုံးက အနိမ့်ဆုံးထောင်ဒဏ် ၁ နှစ် ၆ လမှ အမြင့်ဆုံးထောင်ဒဏ် ၁၀ နှစ်အထိ အမိန့်ချမှတ်ထားကြောင်း အထက်ပါကွန်ရက်က ထုတ်ပြန်သည်။ အထက်ပါစာရင်းမှာ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့ထိ နောက်ဆုံးရရှိထားသည့် စာရင်းဖြစ်ပြီး ဖမ်းဆီးခံရပြီး ချုပ်ရက်ဖြင့် ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ၊ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသူများ၏ […]

ထားဝယ်တွင် တစ်လခွဲကျော်အတွင်း ကြက်သွန်နီတစ်ပိဿာ ကျပ် ၂၅၀၀ဈေးတက်

diz_admin

September 5, 2022

ထားဝယ်၌ တစ်လခွဲကျော်ကာလအတွင်း ကြက်သွန်နီတစ်ပိဿာ ကျပ် ၂၅၀၀ ဈေးတက်သွားကြောင်း လက်လီလက်ကားရောင်းချသူများထံမှ သိရသည်။   ပြီးခဲ့သည့် ဇူလိုင်လ ဒုတိယပတ်က ကြက်သွန်တစ်ပိဿာ နှစ်ထောင်ကျပ်ခန့်သာရှိရာ စက်တင်ဘာလ ပထမပတ်တွင် တစ်ပိဿာ ၄၅၀၀ ဈေးဖြစ်နေသည့်အတွက် နှစ်ဆကျော် ဈေးတက်သွားကြောင်း ၎င်းတို့ထံမှ သိရသည်။ စက်တင်ဘာလ ၂ ရက်နေ့ကဆိုလျှင် ထားဝယ်မြို့၏ လက်လီ လက်ကားဈေးကွက်တွင် ကြက်သွန်နီတစ်ပိဿာ ၃၈၀၀ ကျပ် ဝန်းကျင်သာရှိကြောင်း စားသုံးကုန်ရောင်းချသူတစ်ဦးက ပြောသည်။ ထို့ကြောင့် လေးရက်အတွင်းပင် ကျပ် ခုနစ်ရာ ဈေးတက်သွားခြင်းဖြစ်သည်။ “ကြက်သွန်က တက်ဖို့ပဲရှိတယ်။ ရက်ပိုင်းအတွင်း ငါးထောင်နားထိ ရောက်လာလိမ့်မယ်” ဟု အထက်ပါ စားသုံးကုန်ရောင်းချသူက ဆိုသည်။ လက်ရှိ ကြက်သွန်စိုက်သူ တောင်သူများတွင် ကြက်သွန်နီအဟောင်းမှာ ပြတ်လုနီးပါဖြစ်နေပြီး ရန်ကုန် […]

ဘတ်ဈေးအတက် တောင်ပိုင်းဂယက်

diz_admin

September 4, 2022

ထိုင်းနိုင်ငံနှင့် နီးကပ်သည့် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင် ထိုင်းနိုင်ငံထုတ် ပစ္စည်းအသုံးများကြသည်။ ထားဝယ်-ထီးခီးကားလမ်းမှတစ်ဆင့် ထိုင်းနိုင်ငံထုတ် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို တင်သွင်းကြသည်။ ယခုနှစ်ဧပြီလခန့်မှ စတင်ကာ ထိုင်း-မြန်မာနယ်စပ် ထီးခီးလမ်းကို ပိတ်ထားသည်မှာ ကာလအတန်ကြာပြီဖြစ်သည်။ လမ်းပွင့်နေစဉ်အချိန်ကဆိုလျှင် ထိုင်းနိုင်ငံမှ စားသုံးဆီ၊ အချိုမှုန့်၊ အသားမှုန့်၊ ပဲငံပြာရည်မှသည် စားသောက်ကုန်၊ လူသုံးကုန်များကို ဝယ်ယူသုံးစွဲကြသည်။ ထိုင်းနိုင်ငံမှတင်သွင်းလာသည့် ပစ္စည်းများတွင် အုန်းသီး၊ သရက်သီး၊ ကြက်မောက်သီး၊ စပျစ်သီး၊ သရက်သီး၊ နာနတ်သီး၊ နဂါးမောက်သီး၊ မလကာသီးများအပြင် ငရုတ်သီး၊ သံပုရာသီး၊ ကန်စွန်းရွက်မှအစ ထားဝယ်ဈေးကွက်တွင် ရှိသည်။ တနင်္သာရီတိုင်းတွင် ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှုပြုသည့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း သုံးခုရှိပြီး ထိုင်းနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်သည့် တိုင်းသူတိုင်းသား များစွာလည်းရှိသည်။ ယင်းကြောင့် တနင်္သာရီတိုင်းရှိ ဒေသများတွင် ထိုင်းနိုင်ငံမှထုတ်လုပ်သည့် […]

တန်ဆာခများ ထက်ဝက်ခန့်ဈေးတက်

diz_admin

September 4, 2022

စက်သုံးဆီပြတ်လပ်မှု၊ ဈေးတက်လာမှုတို့ကြောင့် ပစ္စည်းပို့သည့် တန်ဆာခများ ထက်ဝက်နီးပါး ဈေးတက်လာသည်ဟု ယာဉ်လိုင်းပြေးဆွဲသူအချို့နှင့် ပစ္စည်းပို့နေသူအချို့က ပြောသည်။ ယခင်က ငွေကျပ် ၃၀၀၀ သာပေးရသည့် ပစ္စည်းထုတ်မှာ ယခုအခါ ကျပ် ၅၀၀၀ ခန့်ဖြစ်လာသည်ဟု ပစ္စည်းတင်ပို့နေသည့် ကားဂိတ်မှ တာဝန်ရှိသူအချို့က ပြောသည်။ ထားဝယ်မြို့ ကားဂိတ်တခုမှ တာဝန်ခံ အမျိုးသားတစ်ဦး၏ ပြောပြချက်အရ ယခင်က ဆိုင်ကယ်တစ်စီးကို ထားဝယ်မှ ရန်ကုန်တင်ခဈေးမှာ ငွေကျပ် ငါးသောင်းခန့်သာ ရှိသော်လည်း ယခုအခါ ကျပ်ခုနှစ်သောင်းခန့်အထိရှိသည်ဟု ဆိုသည်။ “အဓိကတော့ စက်သုံးဆီဈေးကြောင့်လည်း ပါတာပေါ့၊ အခုက လမ်းမှာလည်း ဟိုဟိုဒီဒီ ပေးရသေးတယ်ဆိုတော့ နှစ်သောင်းလောက်က လမ်းမှာ ဟိုပေးဒီပေးနဲ့ ကုန်တာပဲ” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။ တန်ဆာခဈေးတက်လာသည်မှာ နှစ်လခန့်ကြာပြီဖြစ်ပြီး ယခင်က […]

ယနေ့ရွှေစျေး ကျပ်သိန်း ၃၀ ဝန်းကျင်ဖြင့်ဖွင့်၊ စျေးအပြောင်းအလဲများနေဟုဆို

diz_admin

September 3, 2022

စျေးအတက်အကျ မြန်နေသဖြင့် ရွှေဈေးအတိအကျပြောပြီး ရောင်းဝယ်ရန် အခက်တွေ့ကာ ယနေ့ရွှေအဖွင့်စျေးမှာ ကျပ် သိန်း ၃၀ ဝန်းကျင်ရှိကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်အချို့ကဆိုသည်။ ယမန်နေ့က ‌ဥပုသ်နေ့ဖြစ်သောကြောင့် ထားဝယ်မြို့ရှိ ရွှေဆိုင်အများစု ပိတ်ထားခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ရွှေအဖွင့်စျေး မေးမြန်းသူများပြားနေကြောင်း ၎င်းတို့ကဆိုသည်။ ယင်းကဲ့သို့ ဖုန်းဆက်သူများကို ယခင်ကကဲ့သို့ ရွှေဈေးအတိအကျပြောဆိုရန် အခက်တွေ့နေကြောင်း ဈေးကြီးတောင်ဖက်ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ယနေ့နံနက် ၉ နာရီခန့်တွင် ပြောဆိုသည်။ “ဖုန်းဆက်ပြီးမေးရင် ဈေးမပြောရဲဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရွှေဈေးက တစ်မီနစ်အတွင်းမှာကို အမျိုးမျိုးပြောင်းနေတာ။ ဈေးပြောလိုက်ရင် ပြောတုန်းကတစ်မျိုး လာဝယ်တော့တစ်မျိုးဆိုပြီး ဆိုင်ကို အထင်လွဲခံရမှာစိုးလို့ပါ။ အဲ့ဒါကြောင့် ဆိုင်ရောက်မှပဲဈေးပြောပြီး ကြိုက်ရင်ဝယ်ဆိုတဲ့ ပုံစံမျိုးဖြစ်နေတယ်” ဟု ၎င်းကဆိုသည်။ ယနေ့နံနက် ၉ နာရီဝန်းကျင်က ဈေးကြီးတောင်ဘက်ရှိ ရွှေဆိုင် ၃ […]

ထားဝယ်ခရိုင်တွင် မနက်ဖြန် အချိန်ပိုင်းမီးပြတ်မည်

diz_admin

September 3, 2022

ထားဝယ်ခရိုင်၌ မနက်ဖြန် စက်တင်ဘာလ ၄ ရက်တွင် အချိန်ပိုင်း လျှပ်စစ်မီးပြတ်တောက်မည်ဖြစ်ကြောင်း မြို့နယ်လျှပ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် Petro and Trans ကုမ္ပဏီက ထုတ်ပြန်ထားသည်။ နံနက် ၁၀ နာရီမှ မွန်းလွဲ ၂ နာရီအထိ လေးနာရီကြာ ပြတ်တောက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကံပေါက်ဒေသရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံအားပိတ်ပြီး အရေးပေါ် ပြုပြင်ထိန်သိမ်းရေးလုပ်ငန်း လုပ်ဆောင်မည်ဖြစ်သောကြောင့် အချိန်ပိုင်းလျှပ်စစ်မီးပြတ်တောက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းလုပ်ဆောင်နေစဉ်အတွင်း ဒီဇယ်ဆီသုံး အရံအင်ဂျင်များဖြင့် လျှပ်စစ်မီးပေးထား‌စေလိုကြောင်း ထားဝယ်ဒေသခံအချို့က ပြောသည်။ ကုမ္ပဏီဘက်ကမူ အရံမီးစက်ဖြင့် မီးပေး၊ မပေးကို ထုတ်ပြန်ထားခြင်း မရှိပေ။ ထားဝယ်ခရိုင်တွင် သစ်ပင်၊ သစ်ကိုင်း ကျိုးကျခြင်း၊ ဓာတ်တိုင်လဲကျခြင်းတို့ကြောင့် လျှပ်စစ်မီးပြတ်တောက်မှု မကြာခဏဖြစ်ပွားလျှက်ရှိသည်။ လျှပ်စစ်မီတာခမှာလာလည်း အာဏာသိမ်းပြီးနောက်ပိုင်း တရိပ်ရိပ်မြင့်တက်လျှက်ရှိရာ ဇူလိုင်လကုန်တွင် တစ်ယူနစ် […]