BREAKING
March 19, 2025

ထားဝယ်

ကထောင်းနီရွာ အုပ်ချုပ်ရေးမှူးဟောင်း ပစ်သတ်ခံရ

diz_admin

September 14, 2022

လောင်းလုံးမြို့နယ် ကထောင်းနီရွာက အုပ်ချုပ်ရေးမှူးဟောင်း ဦးအောင်လွင် စက်တင်ဘာလ ၁၃ ရက် ညနေပိုင်းက ယင်းကျေးရွာလမ်းပိုင်းတစ်နေရာတွင် ပစ်သတ်ခံရကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ အသက် ၃၈နှစ်အရွယ် ဦးအောင်လွင်သည် အရပ်သားအစိုးရအသွင်ပြောင်းပြီးနောက် အစိုးရ နှစ်ဆက်စလုံးတွင် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နေ့ ညနေ ခြောက်နာရီခန့်က သေဆုံးသူအမျိုးသားမှာ လေးသွန်းခံရွာဘက်မှ ကထောင်းနီရွာဖက်သို့ ဆိုင်ကယ်ဖြင့်လာစဉ် ကထောင်းနီကျေးရွာအနီးတွင် ပစ်သတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ဒဏ်ရာက ဦးခေါင်း၊ ရင်ဖက်နဲ့ ဝမ်းဗိုက် လက်မောင်းတွေမှာ တွေ့ရတယ်” ဟု ၎င်းက ဆိုသည်။ သေဆုံးသူတွင် ဝတ်ဆင်ထားသော လက်စွပ် အပါအဝင် လက်ကိုင်ဖုန်းနှင့် သူ၏ ခါးပတ်အိပ် တစ်အိမ်မှာလည်း ပျောက်ဆုံးနေကြောင်း မိသားစုနှင့် နီးစပ်သူများက ပြောဆိုသည်။ သေဆုံးသူအမျိုးသားမှာ […]

သရက်နှစ်ခွရွာတွင် ပစ်သတ်ခံရသည်ဟုသတင်းထွက်သည့် လူငယ် မသေ၊ ရိုက်နှက်ခံထားရဟုဆို

diz_admin

September 13, 2022

သရက်ချောင်းမြို့နယ် သရက်နှစ်ခွရွာ ဥတ္တူတံတားတပ်စွဲထားသည့် စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် သေဆုံး သွားသည်ဟု သတင်းထွက်နေသည့် အသက် ၁၆နှစ်အရွယ် လူငယ်ကို ရိုက်နှက်ခံထားရသည့် ဒဏ်ရာများဖြင့် ပြန်တွေ့ကြောင်း ၎င်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။ အသက် ၁၆ နှစ်အရွယ် ကိုညီညီ (ခ) ကိုအောင်ပိုင်စိုးမှာ ရေဖြူမြို့နယ် ရငဲရွာဇာတိဖြစ်ပြီး စက်တင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် သရက်နှစ်ခွရွာတွင် နေထိုင်သည့် အစ်မဖြစ်သူထံ လာရောက်ခြင်းဖြစ်ကြောင်း ဒေသခံ အချို့က ဆိုသည်။ ကိုအောင်ပိုင်စိုးမှာ ယင်းနေ့ ညနေပိုင်းတွင် သရက်ချောင်းမြိုနယ်ဘက်သို့ သွားပြီး သရက်နှစ်ခွရွာသို့ အပြန် ဥတ္တူတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သဖြင့် သေဆုံးပြီဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းနောက် စက်တင်ဘာလ ၁၂ […]

ရေဖြူ သပြေဇွန်းရွာသားတစ်ဦး ပစ်သတ်ခံရ

diz_admin

September 13, 2022

ရေဖြူမြို့နယ် သပြေဇွန်းရွာသား အမျိုးသားတစ်ဦးသည် စက်တင်ဘာလ ၁၂ ရက် နံနက်ပိုင်းက ကျခတ္တာပင်အင်းရွာ ဘုန်းကြီးကျောင်းအနီး ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ သေဆုံးသူမှာ အသက် ၄၀ကျော်အရွယ် ဦးသိန်းဇော် (ခေါ်) ညူးညူး ဆိုသူဖြစ်ပြီး ယင်းနေ့ နံနက် ၁၁ နာရီခန့်က ဇနီးဖြစ်သူနှင့်အတူ အလုပ်ခွင်မှ နေအိမ်သို့ ထမင်းစားပြန်စဉ် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “နောက်က ဆိုင်ကယ်တစ်စီးလိုက်လာပြီး သေနတ်နဲ့ပစ်တယ်။ ဆိုင်ကယ်လဲသွားမှာ ဦးခေါင်းကို ချည်းဖိပစ်တယ်” ဟု ဇနီးဖြစ်သူ၏ ပြောဆိုချက်ကို နောက်ဒေသခံတစ်ဦးက ပြန်လည်ပြောဆိုသည်။ ဦးသိန်းဇော်ဆိုသူမှာ ဦးခေါင်းတွင် ကျည်ထိမှန်သည့်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ပြီး ဇနီးဖြစ် သူမှာ ပွန်းပဲ့ဒဏ်ရာသာ ရရှိခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။ ဦးသိန်းဇော်ကို မည်သူတို့က […]

ထားဝယ်တွင် ရွှေအတိုးနှုန်းတက်

diz_admin

September 13, 2022

ရွှေပေါင်နှံသူများပြားနေသည့် တနင်္သာရီတိုင်း ထားဝယ်တွင် အပေါင်ဆိုင်များက ရွှေအတိုးနှုန်း တိုးမြှင့်လိုက်ကြောင်း ရွှေဆိုင်ပိုင်ရှင်အချို့ထံမှ သိရသည်။ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေမှုကြောင့် စပေါင်ချိန်တွင် ပေးလိုက်သည့် ငွေတန်ဖိုးမှာ ပြန်ရွေးချိန်တွင် တန်ဖိုးလျော့ကျသွားပြီဖြစ်သဖြင့် အပေါင်ဆိုင်များအနေဖြင့် အရှုံးကာမိစေရန် ယင်းသို့အတိုးနှုန်း တိုးမြှင့်ရခြင်းဖြစ်ကြောင်း ၎င်းတို့ကပြောဆိုသည်။ ယခင်က ရွှေအပေါင်ထားပြီး ငွေကျပ်တစ်သိန်းချေးလျှင် တစ်ထောင့်ငါးရာကျပ် အတိုးယူနေရာမှ စက်တင်ဘာလမှစတင်ကာ အတိုးနှစ်ထောင်ကျပ်ယူနေကြောင်း ၎င်းတို့က ဆိုသည်။ ငွေကျပ်တစ်ရာလျှင် တစ်ကျပ်ခွဲအတိုးနှုန်းယူနေရာမှ လက်ရှိတွင် နှစ်ကျပ်သို့ တိုးမြှင့်လိုက်ခြင်းဖြစ်သည်။ ထားဝယ်ဒေသတွင် ရွှေပေါင်မည်ဆိုပါ စည်ပင်သာယာလိုင်စင်ရအပေါင်ဆိုင်ထက် ရွှေဆိုင်များတွင်သာ အပေါင်ထားပြီး ငွေချေးကြသည်။ မြန်မာနိုင်ငံ၏ ရွှေပေါက်ဈေးမှာ ပြီးခဲ့သည့် ဩဂုတ်လကုန်တွင် စံချိန်တင်မြင့်တက်ခဲ့ပြီး အခေါက်ရွှေ တစ်ကျပ်သားလျှင် ၃၇ သိန်းဝန်းကျင်ဖြစ်သွားခဲ့သလို၊ အမေရိကန်ဒေါ်လာလဲလှယ်နှုန်းမှာလည်း တစ်ဒေါ်လာလျှင် ၄၇၀၀ ကျပ်နှင့် ထိုင်းတစ်ဘတ်လျှင် ကျပ် ၁၀၀ […]

ထိပ်စည်းပြောင်းသွားသည့် ထားဝယ်ရွှေဈေး

diz_admin

September 13, 2022

ဈေးဆက်တိုက်မြင့်တက်ခဲ့သည့် အခေါက်ရွှေဈေးနှုန်းသည် ယနေ့ နေ့လယ်ပိုင်းက ထားဝယ်ဈေးကွက်တွင် ထိပ်စည်းပြောင်းသွားပြီး အကျဘက်ပြန်ရောက်သွားကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်အချို့ထံမှ သိရသည်။ ယနေ့ စက်တင်ဘာလ ၁၃ ရက်နေ့ နံနက်က ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်းသုံးဆယ်ကျော် (၃,၀၄၀,၀၀၀ ကျပ်) ပေါက်ဈေးရှိခဲ့သည်။ ယင်းနေ့ နေ့လယ်ပိုင်းတွင်မူ အခေါက်ရွှေတစ်ကျပ်သားလျှင် ၂၉၉၀၀၀၀ ကျပ်ဖြစ်သွားကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင် အချို့ထံမှ သိရသည်။ ကျပ်ငွေတန်ဖိုးကျဆင်းခြင်းကြောင့် ဩဂုတ်လကုန်က အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၇ သိန်းဝန်းကျင်အထိ မြင့်တက်ခဲ့ပြီးနောက် ၁၃ ရက်အကြာတွင် သိန်း ၃၀ အောက်သို့ ပြန်ရောက်လာခြင်းဖြစ်သည်။ လက်ရှိတွင် ကမ္ဘာ့ရွှေဈေး မကျသော်လည်း ဒေါ်လာဈေးကျနေသည့်အတွက် ရွှေဈေး ဆက်ကျနိုင်ကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ခန့်မှန်းသည်။ စက်တင်ဘာလ ၁၃ ရက် နေ့လယ်အချိန်၏ […]

သရက်နှစ်ခွရွာတွင် ပစ်သတ်ခံရသည်ဟုသတင်းထွက်သည့် လူငယ် မသေ၊ ရိုက်နှက်ခံထားရဟုဆို

diz_admin

September 13, 2022

သရက်ချောင်းမြို့နယ် ချောင်းနှစ်ခွရွာ ဥတ္တူတံတားတပ်စွဲထားသည့် စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် သေဆုံး သွားသည်ဟု သတင်းထွက်နေသည့် အသက် ၁၆နှစ်အရွယ် လူငယ်ကို ရိုက်နှက်ခံထားရသည့် ဒဏ်ရာများဖြင့် ပြန်တွေ့ကြောင်း ၎င်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။ အသက် ၁၆ နှစ်အရွယ် ကိုညီညီ (ခ) ကိုအောင်ပိုင်စိုးမှာ ရေဖြူမြို့နယ် ရငဲရွာဇာတိဖြစ်ပြီး စက်တင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် သရက်နှစ်ခွရွာတွင် နေထိုင်သည့် အစ်မဖြစ်သူထံ လာရောက်ခြင်းဖြစ်ကြောင်း ဒေသခံ အချို့က ဆိုသည်။ ကိုအောင်ပိုင်စိုးမှာ ယင်းနေ့ ညနေပိုင်းတွင် သရက်ချောင်းမြိုနယ်ဘက်သို့ သွားပြီး သရက်နှစ်ခွရွာသို့ အပြန် ဥတ္တူတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သဖြင့် သေဆုံးပြီဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းနောက် စက်တင်ဘာလ ၁၂ […]

ထားဝယ်က နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးမင်းဦး ပြန်လည်ဖမ်းဆီးခံရ

diz_admin

September 12, 2022

ထားဝယ်နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးမင်းဦး ယနေ့ (စက်တင်ဘာ ၁၂) မွန်းလွဲ ၂ နာရီခွဲခန့်တွင် ပြန်လည်ဖမ်းဆီးခံရကြောင်း ၎င်းနှင့် နီးစပ်သူတွေထံမှ သိရသည်။ ထားဝယ်နည်းပညာတက္ကသိုလ်ကျောင်းသား ကိုမျိုးမင်းဦးမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြကြောင့် ၂၀၂၁ ခုနှစ် မေလဆန်းပိုင်းတွင် ဖမ်းဆီးခံခဲ့ရပြီး ခြောက်လခန့်အကြာ အောက်တိုဘာလတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူ ဖြစ်သည်။ ကိုမျိုးမင်းဦးကို ထားဝယ်မြို့ ခုံဝင်းဒြပ်ရပ်ကွက်ရှိ ၎င်း၏ အလုပ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့ ပြန်လည် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ထားဝယ်မြို့မှ ၎င်းနှင့်နီးစပ်သူ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။ ဖမ်းဆီးသွားသည့်အကြောင်းအရင်းကိုမူ သေသေချာချာ မသိရကြောင်း ကိုမျိုးမင်းဦးနှင့် နီးစပ်သူတို့က ပြောဆိုသည်။ ယင်းသို့ပြန်လည်ဖမ်းဆီးလိုက်သဖြင့် စိုးရိမ်မှုနှင့် မလုံခြုံမှုများကို ပိုမိုခံစားရလာစေကြောင်း အထက်ပါ ထားဝယ်မြို့မှ နိုင်ငံရေးအကျဉ်းသားက ပြောသည်။ “သူ့ကို စစ်ကောင်စီက ပြန်ဖမ်းလိုက်‌တော့ […]

ပန်းဒလဲရွာတွင် ပစ်ခတ်မှုဖြစ်၊ ပျူစောထီးများ ဒဏ်ရာရမှုများပြားနေဟုဆို

diz_admin

September 12, 2022

စစ်ကောင်စီလက်ဝေခံ ပြည်သူ့စစ်ခေါ် ပျူစောထီးအဖွဲ့များ အခြေစိုက်သည့် လောင်းလုံးမြို့နယ်၊ပန်းဒလဲရွာတွင် ယနေ့ (စက်တင်ဘာလ ၁၂) နေ့လယ်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပျူစောထီးအဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှုများနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ လောင်းလုံးမြို့တွင် အစည်းဝေးတက်ပြီး ပြန်လာသည်ဟုဆိုသည့် ပျူစောထီးအဖွဲ့ဝင်နှစ်ဦး ယနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်ခန့်က အင်းဇောက်ရွာနှင့် ပန်းဒလဲရွာကြားတွင် ပစ်ခတ်ခံခဲ့ရသည်။ ယင်းနောက်တွင် မတ်လ ၂၈ ရက်နေ့က ပစ်သတ်ခံခဲ့ရ‌သော ပျူစောထီးအဖွဲ့ခေါင်းဆောင် ဦးသိန်းဇော်၏ နေအိမ်အနီး တွင်လည်း ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားရာ ဒဏ်ရာရရှိသူများပြားနေသည်ဟု ဒေသခံများကပြောသည်။ ယင်းပစ်ခတ်မှုကြောင့် အစည်းဝေးမှပြန်လာသူ အမျိုးသားနှစ်ဦးအပါဝင်  ဦးသိန်းဇော်၏ ဇနီးဖြစ်သူ မညိုဝင်းနှင့် တူဖြစ်သူ မောင်နိုင်လင်းအောင်တို့ အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “အရေးပေါ်ကား ငါးခေါက်လောက်ရှိပြီ၊ သူတို့အိမ်ရှေ့ကပဲ သယ်ထုတ်နေကြတယ်”ဟု ၎င်းကပြောသည်။ အဆိုပါပစ်ခတ်မှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့က ပြုလုပ်သည်ဆိုသည်ကိုမူ Dawei Watch အနေဖြင့် အတည်မပြုနိုင်သေးပေ။ ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကားသုံးစီးဖြင့် ရောက်ရှိလာပြီး စစ်ဆေးနေသည်ဟု ကနဦးသိရသည်။ ဒေသခံအချို့မှာလည်း နီးစပ်ရွာကျေးရွာများသို့ ထပ်မံ […]