ဖမ်းဆီးခေါ်ဆောင်ခံရသည့် ဘဝပင်ရွာသားကို သေဆုံးလျှက်ပြန်တွေ့
diz_admin
September 16, 2022ထားဝယ်မြို့နယ်၊ ဝကုန်းကျေးရွာအုပ်စု ဘဝပင်ရွာတွင် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် ရွာသားကို သေဆုံးလျှက်ပြန်တွေ့ရကြောင်း ဒေသခံအချို့က ပြောသည်။ စက်တင်ဘာလ ၆ ရက် နံနက်ပိုင်းက ဘဝပင်ရွာ ကျောက်သေတ္တာတောင်တွင် ပြည်သူကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ကျေးရွာဘုန်းကြီးကျောင်းနှင့် ကျောက်ဂူထဲတွင် ပုန်းခိုနေသည့် ဒေသခံရွာသား နှစ်ရာကျော်ကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ စက်တင်ဘာ ၁၃ ရက်ညနေပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းထားသည့် ဘဝပင်ရွာသားနှစ်ရာကျော်ကို ပြန်လွှတ်ပေးခဲ့သော်လည်း PDF နှင့် အဆက်အသွယ်ရှိသည်ဆိုသော ရွာသားတစ်ဦးကိုမူ စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည်။ စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် အမျိုးသား၏ ရုပ်အလောင်းကို စက်တင်ဘာ ၁၅ ရက် ညနေပိုင်းတွင် ရွာအပြင်က မမကုလားဘုရားကျောင်းအနီး အမှိုက်ပုံတွင်ပြန်လည်တွေ့ရကြောင်း ဘဝပင်ရွာမှ စစ်ဘေးရှောင်များကို ကူညီပေးခဲ့သူ အမျိုးသားတစ်ဦးက ပြောသည်။ “သူက pdf မဟုတ်ဘူး၊ ဘုန်းကြီးလူထွက်၊ သူ့နာမည်က ကိုယ်တော်ကျော်မိုးဆိုခေါ်တယ်၊ […]