ကျေးဇူးတော်ရွာ ပိတ်ဆို့ခံထားရဆဲဟုဆို
diz_admin
September 29, 2022ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကျေးဇူးတော်ရွာကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားသဖြင့် ဒေသခံများ စိုးရိမ်ပြီး တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံအချို့က ပြောသည်။ KNU တပ်မဟာ (၄) ထိန်းချုပ်နယ်မြေဖြစ်သည့် ကျေးဇူးတော်ရွာကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားသည်မှာ လေးရက်ခန့်ရှိနေပြီဖြစ်ပြီး ဒေသခံ ၂၀၀ ကျော်မှာလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ၎င်းတို့က ဆိုသည်။ “အခုအခြေအနေကတော့ သူတို့ (စစ်ကောင်စီတပ်) ကတော့ရွာကို ဝိုင်းထားတာပေါ့နော်။ အင်းအားကတော့ သုံးရာကျော်လောက်ရှိတယ်လို့ ကြားရတယ်။ ရွာဝင်လမ်းထိပ်က (KNU) ဂိတ်မှာကို အင်အားတစ်ရာလောက် ရှိတယ်လို့ပြောတယ်” ဟု တိမ်းရှောင်နေရသည့် ဒေသခံတစ်ဦးက ယနေ့ နံနက် ၁၁နာရီခန့်က ပြောဆိုသည်။ စက်တင်ဘာလ လဆန်းပိုင်းက ကျေးဇူးတော်ရွာအနီး ထားဝယ် – ရန်ကုန်အဝေးပြေးကားလမ်းမဘေးရှိ နှမ်းကျဲ၊ ရေပုန်းနှင့် ကရင်ရှင်ထဘီကျေးရွာတို့မှ ဒေသခံ […]