တနင်္သာရီတိုင်းတွင် ကိုဗစ်ကူးစက်ခံရသူများလာ
diz_admin
October 7, 2022တနင်္သာရီတိုင်းတွင် ကိုဗစ်နိုင်တင်းရောဂါ ကူးစက်ခံရသူပမာဏ မြင့်တက်လျက်ရှိကြောင်း တိုင်းပြည်သူ့ ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ တနင်္သာရီတိုင်းတွင် စက်တင်ဘာလ ၁ ရက်မှ အောက်တိုဘာလ ၆ ရက်အထိ တစ်လကျော်ကာလအတွင်း ကိုဗစ်ပိုးတွေ့လူနာ ၉၂ ဦးရှိကြောင်း တိုင်းပြည်သူ့ကျန်းမာရေး ဦးစီးဌာန စာရင်းအရသိရသည်။ စက်တင်ဘာလ ပထမပတ်တွင် ပိုးတွေ့သူတစ်ဦး၊ ဒုတိယအပတ်တွင် ၁၃ ဦး၊ တတိယအပတ်တွင် ၁၂ ဦး၊ နောက်ဆုံးအပတ်တွင် ၂၅ ဦးနှင့် အောက်တိုဘာလ ပထမအပတ်တွင် ၃၉ ဦး တွေ့ရှိခဲ့ရာ စုစုပေါင်း ၉၁ ဦးစစ်ဆေးတွေ့ရှိခဲ့သည်။ ယင်းကာလအတွင်း ကိုဗစ်စစ်ဆေးသူ ငါးထောင်ကျော်ရှိသည့်အနက် ၉၂ ဦးတွင် ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် သက်သာလာသဖြင့် ဆေးရုံဆင်းလူနာ ၇၀ ဦးရှိပြီး တစ်ဦးသေဆုံးကာ ကျန် ၂၀ […]