နိုင်ငံသားမှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများစတင်စိစစ်၊ တစ်ခုထက်ပိုသည်များကို ဖျက်သိမ်းရန်စီစဉ်
diz_admin
October 21, 2022မြန်မာနိုင်ငံသားများ၏ မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများကို ဒီဂျစ်တယ်စနစ်သို့ ပြောင်းလဲမှတ်ပုံတင်ပြီးဖြစ်ရာ စတင်စိစစ်နေပြီး လူတစ်ဦးလျှင် တစ်ခုထက်ပိုသည့် မှတ်ပုံတင်နှင့် အိမ်ထောင်စုရင်းများကို ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း လူဝင်မူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။ မူလက စာရွက်များဖြင့်သာ မှတ်တမ်းထားရှိသဖြင့် စိစစ်ရခက်သော်လည်း လက်ရှိတွင် ဒီဂျစ်တယ်စနစ်သို့ ပြောင်းလဲစာရင်းသွင်းထားပြီဖြစ်ရာ မှတ်ပုံတင်နှင့် အိမ်ထောင်စု စာရင်းများကို ကွန်ပျူတာစနစ်ဖြင့် တိုက်ဆိုက်စစ်ဆေးနိုင်ပြီဟု ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ နိုင်ငံသားများ၏ အချက်အလက်များကို ဒီဂျစ်တယ်စနစ်သို့ ပြောင်းလဲလိုက်မှုကြောင့် စိစစ်ရပိုမိုလွယ်ကူသွားသည့်အတွက် စစ်ကောင်စီအနေဖြင့် နိုင်ငံသားတစ်ဦးချင်းကို ပိုမိုစောင့်ကြည့် ထိန်းချုပ်သွားနိုင်မည့် အခြေအနေဖြစ်သည်။ လူတစ်ဦးတွင် မှတ်ပုံတင် သို့မဟုတ် အိမ်ထောင်စု တစ်ခုထက်ပိုပြီး လက်ဝယ်ကိုင်ဆောင် အသုံးပြုနေပါက နိုဝင်ဘာလ ၁ ရက်နေ့နောက်ဆုံးထားပြီး အမှန်တကယ်အသုံးပြုနေသည့် မှတ်ပုံတင် သို့မဟုတ် အိမ်ထောင်စုစာရင်းကို သက်ဆိုင်ရာ မြို့နယ်လဝက […]