ရေဖြူအခြေစိုက် စစ်ကောင်စီတပ်ရင်း ဒရုန်းဖြင့်ဗုံးချခံရ
Dawei Watch
November 24, 2024ရေဖြူမြို့ နှင့် ကလိန်အောင်မြို့အကြားရှိ ရေး-ထားဝယ် ကားလမ်းပေါ်က စစ်ကောင်စီ ရေဖြူတပ်နယ်၏ ခြေမြန်တပ်ရင်း နှစ်ခု နိုဝင်ဘာလ ၂၃ ရက် နံနက်ပိုင်းက ဒရုန်းဖြင့် ဗုံးချခံရကြောင်း ဒေသခံများနှင့် ခရီးသွားများက ပြောသည်။ ခမရ ၄၀၆ နှင့် ၄၀၇ တပ်ရင်းတို့ ဗုံးချတိုက်ခိုက်ခံရခြင်းဖြစ်ပြီး ခမရ ၄၀၇ တပ်ရင်းတွင် ကျရောက်ပေါက်ကွဲသည်ဟု သိရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ ယင်းသို့ဗုံးချခံရပြီးနောက် နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်ရင်းများဘက်က လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ရေး-ထားဝယ်လမ်းကို ဖြတ်သန်းခွင့်မပြုတော့ဘဲ လမ်းပိတ်ခဲ့ကြောင်း ကားသမားများက ပြောဆိုသည်။ ယနေ့ နိုဝင်ဘာလ ၂၄ ရက် နံနက် ၇ နာရီမှသာ လမ်းဖွင့်ပေး၍ ကားများကို ပြန်လည်ဖြတ်သန်းခွင့်ရကြောင်း ၎င်းတို့က ဆိုသည်။ “တစ်ညအိပ်လိုက်ရတယ်။ ကားတွေအတော်များများပဲ။ […]