ထားဝယ်တွင် အိမ်တိုင်ရာရောက် ဆိုင်ကယ်စက်ပေါ်လစ်တိုက်သည့်လုပ်ငန်း တွင်ကျယ်လာ
diz_admin
October 27, 2022ထားဝယ်မြို့တွင် ဆိုင်ကယ်ကာဗာဆေးသား ပိုမိုတောက်ပြောင်လာစေရေးအတွက် အိမ်တိုင်ရာရောက် စက်ပေါ်လစ်တိုက်ရန် အလုပ်အပ်သူများလာသဖြင့် ယင်းလုပ်ငန်းများ တွင်ကျယ်လာကြောင်း တွေ့ရသည်။ အိမ်တိုင်ရာရောက် စက်ပေါ်လစ်တိုက်သည့် ဝန်ဆောင်မှုကို ယခုနှစ်သင်္ကြန်ပြီးချိန်တွင် စတင်လုပ်ကိုင်ခဲ့ပြီး ထိုအချိန်က တစ်ပတ်လျှင် ၇ စီးခန့်သာ အလုပ်အပ်သူရှိကြောင်း စက်ပေါ်လစ်တိုက်နေသူ ဦးထွန်းလင်းဦးက ဆိုသည်။ ယင်းနောက် အလုပ်အပ်သူတဖြည်းဖြည်းများလာပြီး လက်ရှိအချိန်၌ တစ်ပတ်လျှင် ၁၅ စီးခန့်အထိ တိုက်နေရကြောင်း ၎င်းက ပြောသည်။ စက်ပေါ်လစ်တိုက်ပြီးချိန်တွင် ဆိုင်ကယ်ကာဗာ ဆေးအရောင်မှိန်နေခြင်းနှင့် အစင်းရာခြစ်ရာရှိနေပါက ဆေးရောင်ပြန်လည်တောက်ပလာသည်။ စက်ဖြင့်ပေါ်လစ်မှာ ရိုးရိုးအဝတ်စဖြင့် တိုက်ခြင်းထက် ဆေးအရောင် ပိုမိုတောက်ပြောင်ကြောင်း ထားဝယ်မြို့ရှိ ဆိုင်ကယ်ဝယ်ရောင်းအချို့က ဆိုသည်။ “ဆေးပြန်မှုတ်မယ့် ကုန်ကျစရိတ်နဲ့ စက်ပေါ်လစ်တိုက်မယ့် ကုန်ကျစရိတ် ကွာဟတာရယ် လူသိများလာတာရယ်ကြောင့် ခေါ်တိုက်သူ များလာတာ”ဟု ဦးထွန်းလင်းဦးက ပြောသည်။ လက်ရှိတွင် PCX ၊ Click ကဲ့သို့ […]