BREAKING
March 18, 2025

ထားဝယ်

ပိုနေသည့် မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း ပြင်ဆင်ရမည့် နောက်ဆုံးရက်ထုတ်ပြန်

diz_admin

October 28, 2022

မှတ်ပုံတင်၊ ‌အိမ်ထောင်စုစာရင်း တစ်ခုထက်ပို‌ ကိုင်ဆောင်အသုံးပြုနေသူများ နိုဝင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ပြင်ဆင်ရမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်လိုက်သည်။ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းများကို ကွန်ပျူတာစနစ်ဖြင့် မှတ်တမ်းတင်ထားပြီး ဖြစ်သောကြောင့် လူပုဂ္ဂိုလ် တစ်ဦးတည်းက မှတ်ပုံတင် အပိုကိုင်ဆောင်ထားခြင်း ရှိ မရှိ၊ အိမ်ထောင်စုစာရင်း တစ်ခုထက်ပို ထည့်သွင်းထားခြင်း ရှိ မရှိကို စိစစ်‌ စစ်ဆေးနိုင်နေပြီဟု စစ်ကောင်စီက ဆိုသည်။ အကယ်၍ လူပုဂ္ဂိုလ်တစ်ဦးတည်းက မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း တစ်ခုထက်ပို ကိုင်ဆောင် အသုံးပြုနေလျှင် သက်ဆိုင်ရာ မြို့နယ် လဝက ရုံးများတွင် သွားရောက် ပြင်ဆင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။ သတ်မှတ်ရက်အတွင်း ပြင်ဆင်ခြင်းမရှိက တစ်ခုထက်ပိုကိုင်ဆောင်အသုံးပြုနေသည့် မှတ်ပုံတင်၊ အိမ်ထောင်စု စာရင်းများအနက် နောက်ဆုံးထုတ်ယူခဲ့သည့်တစ်ခုကိုသာ ကျွန်ပျူတာစနစ်ထဲတွင် ချန်ထားပြီး ကျန်အရာများအားလုံး […]

ထားဝယ်တွင် ကိုဗစ်ကာကွယ်ဆေး သာသနာ့ဗိမာန်တွင် လာရောက်ထိုးနိုင်

diz_admin

October 28, 2022

ထားဝယ်တွင် ကိုဗစ်ကာကွယ်ဆေးထိုးလိုသူများသည် ထားဝယ်မြို့ အခွန်လွတ်ဈေးရှေ့မှ သာသနာ့ဗိမာန်တွင် လာရောက်ထိုးနိုင်ကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယခုနှစ် အောက်တိုဘာလတွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ ပြန်လည်များပြားလာနေပြီး သေဆုံးသူမှာ တစ်နေ့ တစ်ဦးမှ သုံးဦးအထိ နေ့စဉ်ရက်ဆက်ရှိနေသည်။ ကိုဗစ်ကြောင့် သေဆုံးသူများတွင် အသက် ၆၀ ကျော်မှ ၉၂ နှစ်အရွယ် သက်ကြီးရွယ်အိုများ၊ ရောဂါအခံရှိသူများ အပြင် ၆ လသားအရွယ် ကလေးငယ်တစ်ဦးနှင့် အသက် ၄နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ပါ သေဆုံးခဲ့သည်။ ကိုဗစ်ကူးစက်မှုနှင့်အတူ သေဆုံးမှုများပါ တကျော့ပြန်ဖြစ်လာသဖြင့် ကိုဗစ်ကာကွယ်ဆေး လုံးဝ မထိုးရသေးသူများ၊ ကာကွယ်ဆေးအကြိမ်ရေ အပြည့်မထိုးထားသူများ၊ သက်ကြီးရွယ်အိုများ၊ ရောဂါအခံရှိသူများအနေဖြင့် ကိုဗစ် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးထားသင့်ကြောင်း ထားဝယ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။ “ကာကွယ်ဆေးထိုးလည်း ကူးတာပဲဆိုပေမယ့် […]

အွန်လိုင်းချေးငွေလုပ်ငန်းဟုဆိုကာ ထားဝယ်မြို့လိပ်စာဖြင့် လိမ်လည်နေ

diz_admin

October 28, 2022

ရုံးတည်နေရာမှာ ထားဝယ်မြို့တွင်ရှိသည်ဟုဆိုကာ အွန်လိုင်းငွေချေးလုပ်ငန်းအမည်ခံပြီး Facebook လူမှုကွန်ရက်မှတစ်ဆင့် လိမ်လည်နေကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူနှင့် မြို့ခံအချို့ထံမှ သိရသည်။ ထားဝယ်မြို့ အောင်မင်္ဂလာလမ်းတွင် ရုံးဖွင့်ထားသည်ဆိုသည့် ရွှေဇီးကွက်ချေးငွေလုပ်ငန်းအမည်ဖြင့် ဖွင့်ထားသည့် Faceboo Page ဖြင့် ငွေကြေးလိမ်လည်နေခြင်းဖြစ်သည်။ ပဲခူးတိုင်း ဝေါမြို့နယ်တွင်နေထိုင်သည့် မချစ်စုလွင်လည်း အောက်တိုဘာလ ၂၆ရက်က ငွေကျပ်သုံးသောင်း အလိမ်ခံရကြောင်း Dawei Watch သို့ ပြောသည်။ ထိုင်းနိုင်ငံ မဲဆောက်သို့ အလုပ်သွားလုပ်ရန် ငွေလိုအပ်နေသည့်အတွက် ရွှေဇီးကွက်ချေးငွေလုပ်ငန်းဆိုသည့် ပေ့ခ်ျမှတစ်ဆင့်ဆက်သွယ်ကာ ငွေကျပ်ခြောက်သိန်းချေးပေးရန် ပြောဆိုခဲ့ကြောင်း မချစ်စုလွင်က ဆိုသည်။ ချေးငွေပေးမည်ဖြစ်ပြီး ဖောင်တင်ကြေးအနေဖြင့် ငွေကျပ်သုံးသောင်းကို ဦးစွာလွှဲပေးရန် ပြောဆိုသည့်အတွက် Wave Money မှတစ်ဆင့် လွှဲပေးခဲ့ကြောင်း မချစ်စုလွင်က ပြောဆိုသည်။ ထိုသို့ လွှဲပေးပြီးချိန်တွင် ၎င်း၏ဖုန်းကို ဆက်မရအောင် ဘလော့ခံလိုက်ရသည်ဟု […]

CDM များ နိုင်ငံကူးလက်မှတ် လျှောက်ခွင့်မရဟုဆို

diz_admin

October 28, 2022

အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်ထားသည့် နိုင်ငံ့ဝန်ထမ်းများ နိုင်ငံကူးလက်မှတ် (Passport) လျှောက်ထားခွင့် မရဘဲ ကန့်သတ်ခံနေရကြောင်း ပွဲစားအချို့ထံမှ သိရသည်။ ပွဲစားမှတစ်ဆင့် နိုင်ငံကူးလက်မှတ် လျှောက်ထားပါက CDM ဝန်ထမ်း ဟုတ်၊ မဟုတ် ဦးစွာမေးလေ့ရှိပြီး CDM ဝန်ထမ်းဆိုပါက လက်ခံလေ့မရှိကြောင်း ထားဝယ်မြို့ခံ ပွဲစားတစ်ဦးက ပြောသည်။ “ပုဂ္ဂလိက လုပ်ငန်းကနေပြီး CDM လုပ်ထားတဲ့သူဆိုရင်တော့ ဘာမှမဖြစ်ဘူး။ အစိုးရဝန်ထမ်း CDM ဆိုရင်တော့ မှတ်ပုံတင်နံပတ် ရိုက်ထည့်လိုက်တာနဲ့ ကွန်ပျူတာမှာ တန်းပေါ်တာ။ အဲဒါကြောင့် လက်မခံဘူး” ဟု ထားဝယ်မြို့ခံ ပွဲစားတစ်ဦးက ဆိုသည်။ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံကူးလက်မှတ် လျှောက်ထားရန်အတွက် ကန့်သတ်ချက်တစ်ခုရှိသည်။ ၎င်းအချက်မှာ နိုင်ငံ့ဝန်ထမ်းတစ်ဦးဦးက နိုင်ငံကူးလက်မှတ်လျှောက်ထားမည်ဆိုပါက မိမိဌာနသို့ တင်ပြရပြီး သက်ဆိုင်ရာ ဌာနအကြီးအကဲ […]

သရက်ချောင်း ပိတောက်ငယ်ရွာတံတားပေါ်မှ စစ်ကားတစ်စီးပြုတ်ကျ၊ နှစ်ဦးသေပြီး ခုနစ်ဦးဒဏ်ရာရ

diz_admin

October 28, 2022

သရက်ချောင်းမြို့နယ် ၅၈ မိုင်ရှိ ပိတောင်ငယ်ရွာတံတားပေါ်မှ စစ်ကောင်စီတပ်ကားတစ်စီး ပြုတ်ကျမှုကြောင့် စစ်သား နှစ်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှိကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ အောက်တိုဘာလ ၂၈ ရက် နံနက် ၇ နာရီခန့်တွင် ထားဝယ်ဘက်မှ ပုလောဘက်သို့ မောင်းနှင်လာသည့် စစ်ကောင်စီတပ် ယာဉ်တန်း ခြောက်စီးအနက် တစ်စီးမှာ ပိတောက်ငယ်တံတားကို ဖြတ်ရာ အရှိန်မထိန်းနိုင်ဘဲ တံတားပေါ်မှ ကားတစ်စီးလုံးပြုတ်ကျကြောင်း ဒေသခံအချို့က ဆိုသည်။ အဆိုပါ ကားပြုတ်ကျမှုတွင် နှစ်ဦးသေဆုံးပြီး အရာရှိနှစ်ဦး အပါအဝင် ခုနစ်ဦး ထိခိုက်ဒဏ်ရာရသည်ဟု ကြားသိရကြောင်း မျက်မြင်တွေ့သူ ဒေသခံရွာသားတစ်ဦးက ပြောဆိုသည်။ သေဆုံးသူ စစ်သားနှစ်ဦး၏ ရာထူးများကိုမူ မသိဟု ၎င်းက ပြောသည်။ “ကားထဲမှာ လူတစ်ဆယ်ကျော်လောက်ပါတယ်။ သူ့တစ်စီးတည်း အောက်ကိုကျတာ။ တံတားကလေ နည်းနည်း […]

ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်အချို့ မနက်ဖြန် ဓာတ်အားပြတ်တောက်မည်

diz_admin

October 28, 2022

ထားဝယ်ခရိုင်အတွင်းရှိ လောင်းလုံးနှင့် ထားဝယ်မြို့ပေါ်ရပ်ကွက်များ မနက်ဖြန် အောက်တိုဘာ ၂၉ ရက်နေ့ နံနက် ကိုးနာရီမှ ညနေသုံးနာရီအထိ ခြောက်နာရီကြာ ဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း Petro & Tran Co.Ltd ထားဝယ်၏ထုတ်ပြန်ချက်အရသိရသည်။ ထားဝယ်တစ်ဖက်ကမ်း လောင်းလုံးဘက်ရှိ ကမြောကင်းတံတားအနီးရှိ ဗိုလ်မှူးဗထူးရုပ်တုရှိရာပန်းခြံကို အဝိုင်းပတ်တည်ဆောက်မည်ဖြစ်ရာ လမ်းဧရိယာတွင်ကျရောက်နေသည့် ဓာတ်အားလိုင်းများကို ပြောင်းရွှေ့မည်ဖြစ်သောကြောင့် ဓာတ်အားပြတ်တောက်ရခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယခင်က တြိဂံပုံသဏ္ဍန်ရှိသော ဗိုလ်မှူးဗထူးရုပ်တုထားရှိရာပန်းခြံအား ရုပ်တုအလယ်ထားပြီး အဝိုင်းပတ်ပုံစံ လမ်းဖောက်လုပ်မည်ဖြစ်ကြောင်း စစ်ကောင်စီခန့် တနင်္သာရီတိုင်း ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးတစ်ဦးက ပြီးခဲ့သည့် ပတ်က Dawei Watch သို့ပြောဆိုထားသည်။ ယင်းကြောင့် အဆိုပါလုပ်ငန်းများဆောင်ရွက်နေစဉ် ထားဝယ်မှ လောင်းလုံးမြို့သို့ လျှစ်စစ်ဓာတ်အား ပို့လွှတ်နေသည့် ၃၃ ကေဗွီလောင်းလုံးဖီဒါ ဓာတ်အားလိုင်းနှင့် ၁၁ ကေဗွီ ဖီဒါ ၃ ဓာတ်အားလိုင်းတို့ကို ပိတ်ထားမည်ဖြစ်သည်။ ယင်းဓာတ်အားလိုင်း တစ်လျှောက်ရှိ ထားဝယ်မြို့ပေါ်ရပ်ကွက်အချို့နှင့် […]

ထားဝယ်တွင် ဓနိသကြားဈေးကောင်းရ

diz_admin

October 27, 2022

ထားဝယ်တွင် ယခုနှစ် ဓနိသကြားဈေးကောင်းရနေကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။ ပြီးခဲ့သည့်နှစ်က ဓနိသကြားကော်ပုံးဝါတစ်ပုံးကို တစ်သောင်းရှစ်ထောင်ကျပ်အထိ အမြင့်ဆုံးဈေးရခဲ့သော်လည်း ယခုနှစ်တွင် တစ်ပုံးကို ကျပ်နှစ်သောင်းနှင့် နှစ်သောင်းနှစ်ထောင်ကျပ်အထိ ဈေးရလာကြောင်း လောင်းလုံးမြို့နယ်က ယင်းလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ “ဒီနှစ်ကတော့ ဈေးပိုရလာတာပေါ့။ လုပ်ရကိုင်ရတာလည်း အဆင်ပြေလာပါတယ်” ဟု ၎င်းက ဆိုသည်။ သို့သော် ကုန်ဈေးနှုန်းကြီးမြင့်နေမှုကြောင့်မူ စားဝတ်နေရေး မပြေလည်ကြောင်း ဓနိသကြား လုပ်ကိုင်သူများက ပြောသည်။ လွန်ခဲ့သည့် သုံးနှစ်ဝန်းကျင်အထိ ဓနိသကြားဈေးမှာ တစ်သောင်းအောက်တွင် ရှိနေပြီး ယခုနှစ်တွင်မူ နယ်ဒေသ အထိပါ ဆင်းဝယ်ယူသူများရှိလာကာ ရှေ့ကမ်း (ထားဝယ်မြစ် အရှေ့ဖက်ကမ်း သရက်ချောင်းနယ်) ဖက်ကပါ လာရောက်၍ ရောင်းချလာကြကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်သူ အခြားအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ “တစ်ဆင့်ခံဝယ်ပေးသူက တစ်လုံးကိုငါးရာရတယ်။ ဝယ်စုပေးထားရတာပေါ့နော်။ သူတို့လိုချင်တဲ့ […]

ထိုင်းသို့ လူမှောင်ခိုပို့သည့်ယာဉ်များကို ထားဝယ်-ထီးခီးလမ်း အသုံးပြုခွင့်ပိတ်

diz_admin

October 27, 2022

ထိုင်းနိုင်ငံသို့ အလုပ်သမား တရားမဝင်ပို့နေသည့် ယာဉ်များအားလုံး အောက်တိုဘာလ ၂၆ ရက်မှစပြီး ထားဝယ်-ထီးခီးလမ်းကို လုံးဝဖြတ်သန်း သွားလာခြင်းမပြုကြရန် ထားဝယ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပူးပေါင်းအဖွဲ့ တစ်ခုက ထုတ်ပြန်လိုက်သည်။ ပွင့်လင်းရာသီရောက်လာသဖြင့် စစ်ရေးအခြေအနေအရ ပြည်သူများ၏ လုံခြုံရေးရှေးရှုကာ ယင်းလမ်းအား ဖြတ်သန်းသွားလာခွင့် ပိတ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ “ဒီလမ်းက တိုက်ပွဲဖြစ်နေတဲ့နေရာလေ။ ဖြစ်လာရင် ရန်သူမှန်းမသိ ပြည်သူမှန်းမသိ ပစ်မိမှာစိုးလို့ဖြစ်မယ်။ ဘာဖြစ်လို့လဲဆို စကစကလည်း အရပ်ဝတ်တွေနဲ့ ကားနဲ့သွားနေကြတာပဲလေ။ အဲဒီလိုမျိုး မှားမှာစိုးလို့ ကြိုသတိပေးတာဖြစ်မယ်” ဟု ထားဝယ်-ထီးခီးလမ်းပိုင်းရှိ ဒေသခံတစ်ဦးက လမ်းပိတ်မှုနှင့် ပတ်သက်ပြီး ၎င်းကြား သိထားရသည့်အကြောင်းကို ပြန်လည်ပြောပြသည်။ စစ်ကောင်စီတပ်သားများသည် အရပ်သားပုံစံဖြင့် ယင်းလမ်းပိုင်းအား ဖြတ်သန်းသွားလာစဉ် PDF အဖွဲ့များနှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားပြီး အရပ်သားများပါ သေဆုံး၊ ဒဏ်ရာရသည့်ဖြစ်စဉ်များ […]