လုံခြုံရေးတင်းကျပ်ထားသည့် ထားဝယ်ဒေသတွင် ဗုံးပေါက်
diz_admin
November 4, 2022လုံခြုံရေး တင်းတင်းကျပ်ကျပ်ချထားသည့် တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်၊ နခံတောရွာသင်္ချိုင်းအနီး မုဒ်ပေါက်ဝတွင် ယနေ့ ညနေ ၄ နာရီ ၃၅ မိနစ်ခန့်က ဗုံးပေါက်ကွဲခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ညနေ ၃ နာရီခွဲခန့်က နခံတောသင်္ချိုင်းအနီးတွင် ဗုံးထောင်ထားသည်ဟုဆိုကာ ယင်းလမ်းအသုံးပြုမှုကို ယာယီပိတ်ထားခဲ့ပြီးနောက် ၁ နာရီခန့်အကြာတွင် ဗုံးပေါက်ကွဲသံ ကြားရခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။ “ဗုံးပေါက်သံတော့ ကြားတယ်၊ ခံတောသင်္ချိုင်း မုဒ်ပေါက်ဝနားမှာဖြစ်တာလို့ ပြောတယ်၊ လူထိခိုက်မှုရှိမရှိ မသိဘူး၊ ခုဏက အဲ့နားမှာ ဗုံးထောင်ထားလို့ ဗုံးရှင်းနေတယ်ဆိုပြီး လမ်းပိတ်ထားတယ်” ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းပြန်စရန် ကိစ္စနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ ထားဝယ်ကိုရောက်ရှိနေသည်ဟု သတင်းများထွက်ပေါ်နေသည်။ သို့သော် ယင်းသတင်းအပေါ် Dawei Watch အနေဖြင့် […]