ထားဝယ်မြို့ ကျန်းမာရေးလမ်းပေါ်တွင် အမျိုးသားရုပ်အလောင်းတွေ့
diz_admin
November 9, 2022ထားဝယ်မြို့ ဘုမ္မော်ရပ်ကွက် ကျန်းမာရေးလမ်းတွင် ယနေ့ နိုဝင်ဘာလ ၉ ရက် နံနက်ပိုင်းက အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိကြောင်း မျက်မြင်တွေ့ရှိသူဒေသခံများက ပြောသည်။ သေဆုံးသူမှာ အသက် ၆၆ နှစ်အရွယ်ရှိ ကြက်စားပြင်ရပ်ကွပ်သား ဦးကြည်လွင်ဆိုသူဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “မနက် ငါးနာရီကျော်လောက်ရှိမယ်။ ကျန်းမာရေးလမ်းက တံတားဖြူ အကျော်လေးမှာ တွေ့ရတယ်”၎င်းကဒေသခံက ဆိုသည်။ လမ်းဘေးတွင် ဦးခေါင်းသေနတ် ဒဏ်ရာတစ်ချက်ဖြင့် သေဆုံးလျှက်တွေ့ရပြီး ဦးကြည်လွင်၏ မျက်လုံးကို အဝတ်ဖြင့် ပိတ်ထားကြောင်း လမ်းသွားလမ်းလာစဉ် မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံအချို့၏ ပြောကြားချက်အရ သိရသည်။ ၎င်းနှင့် အခြားအမျိုးသားတစ်ဦးတို့ကို နိုဝင်ဘာလ ၈ရက်နေ့ညက လူတစ်စုက လာရောက်ဖမ်းခေါ်သွားသည်ဟု ဒေသခံများက ပြောဆိုနေကြသည်။ ဦးကြည်လွင်၏ ဇနီးဖြစ်သူ ဒေါ်ညွန့်လှိုင်ဆိုသူမှာလည်း ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့ […]