လောင်းလုံး ကြယ်တောင်ကျောင်းဆရာတော်နှင့် ကိုရင်၊ ကျောင်းသားများ အဖမ်းခံရ
diz_admin
November 14, 2022လောင်းလုံးမြို့နယ် ဂေါ့အင်းကျေးရွာ ကြယ်တောင်ကျောင်းဆရာတော် ယနေ့ နိုဝင်ဘာလ ၁၄ ရက် နံနက်စောစောတွင် ဖမ်းဆီးခံရကြောင်း ဒေသခံအချို့က ပြောသည်။ အာရုဏ်တက်ချိန်တွင် စစ်ကောင်စီတပ်သားအများအပြား လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး မည်သည့်အတွက် ဖမ်းဆီးခံရသည်ကိုမူ သေသေချာချာမသိရသေးကြောင်း ဒေသခံအချို့က ဆိုသည်။ ကျောင်းတွင်းရှိ ကိုရင်၊ ဘုန်းကြီးကျောင်းသားများအားလုံးကိုပါ ဖမ်းဆီးသွားခဲ့ပြီး ကျောင်းပိုင်ကားတစ်စီးကိုလည်း လိုင်စင်မရှိဟုဆိုကာ သိမ်းဆည်းသွားကြောင်း ဆရာတော်၏ တပည့်တကာတစ်ဦးက ပြောဆိုသည်။ “ဘာကြောင့်ဘယ်လိုဖမ်းသွားတယ်ဆိုတာတော့ ဘာမှမသိရသေးဘူး။ ဆရာတော်နဲ့ ကျောင်းမှာရှိတဲ့သူ အကုန်လုံးကို ခေါ်သွားတယ်။ ကာရှေ့က (ကြယ်တောင်ကျောင်းလို့ စာတမ်းထိုးထားတဲ့) စာတွေကို ဖျက်ပြီးတော့ ယူသွားတယ် လို့တော့ သိရတယ်” ဟု ၎င်းက ပြောသည်။ ဆရာတော်အား လာရောက်ဖမ်းဆီးစဉ် ညင်းမော်ကျေးရွာနှင့် ဂေါ့အင်းကျေးရွာတို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်းချထားခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ PDF […]