BREAKING
March 17, 2025

ထားဝယ်

တိုင်းအတွင်း အသတ်ခံရသည့် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးသုံးဦးကို စစ်ကောင်စီက ရဲဗလဆုတံဆိပ်ပေး

diz_admin

November 18, 2022

တနင်္သာရီတိုင်းတွင် အသတ်ခံခဲ့ရသည့် စစ်ကောင်စီခန့် ကျေးရွာ အုပ်ချုပ်ရေးမှူးနှစ်စ်ဦးနှင့် ရာအိမ်မှူးတစ်ဦးတို့ကို စစ်ကောင်စီဥက္ကဋ္ဌက ရဲဗလ ဆုတံဆိပ်ချီးမြှင့်ကြောင်း နိုဝင်ဘာလ ၁၇ ရက်က ထုတ်ပြန်သည်။ နိုဝင်ဘာလ ၁၇ရက်က ကျရောက်ခဲ့သည့် အမျိုးသားနေ့တွင် စစ်ကောင်စီဥက္ကဋ္ဌက အထက်ပါ ဆုပေးအပ်ခဲ့ခြင်းဖြစ်သည်။ ဆုရသည့်စာရင်းတွင် ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် မြို့ဟောင်းရွာအုပ်ချုပ်ရေးမှူး ဦးကိုကိုမောင်၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ တုံးဗျောရွာရာအိမ်မှူး ဇူဘိုင် (ခေါ်) ဦးသက်နိုင်နှင့် ကျွန်းစုမြို့နယ်၊ ကျွဲခရံရွာအုပ်ချုပ်ရေးမှူး ဦးအုန်းကြွယ် (ခေါ်) ဦးအိုနီတို့ ပါဝင်သည်။ အထက်ပါ ဆုရရှိသူ သုံးဦးစလုံးမှာ သက်ဆိုင်ရာမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူများ ဖြစ်သည်။ မြို့ဟောင်းရွာအုပ်ချုပ်ရေးမှူး ဦးကိုကိုမောင်ကို တောင်မင်းပြောင်ရွာနှင့် မြို့ဟောင်းရွာကြားတွင် ပြီးခဲ့သည့် ဧပြီလ ၁ရက်နေ့က LLPDF (လောင်းလုံး-ပကဖ) အဖွဲ့၏ […]

လောင်းလုံး ဝဗျောရွာတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

diz_admin

November 17, 2022

လောင်းလုံးမြို့နယ် ဝဗျောရွာတွင် နိုဝင်ဘာလ ၁၆ ရက် ညနေ ၆ နာရီခန့်က အသက် ၃၅ နှစ်ရွယ်ရှိ အမျိုးသားတစ်ဦး ပစ်သတ်ခံရကြောင်း ‌ဒေသခံများက ပြောသည်။ ပစ်သတ်ခံရသူမှာ ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်တွင် နေထိုင်သော ကိုဖြိုးဆိုသူဖြစ်ပြီး ဝဗျောရွာတွင်ရှိသော ယောက္ခမဖြစ်သူ၏ နေအိမ်သို့ ရောက်ရှိနေစဉ် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “သူက သူ့ဇနီးဘက်က ဆွေမျိုးတစ်ယောက်ရဲ့ အလှူရှိလို့ ရွာမှာ ရောက်နေတာ လေးငါးရက်လောက်ရှိပြီ။ ဘာကြောင့် ပစ်သတ်ခံရတာဆိုတာကိုတော့ မသိဘူး” ဟု ၎င်းကပြောသည်။ ကိုဖြိုးဆိုသူအား Dawei Defense Team-DDT တပ်ခွဲ (၃) က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က နိုဝင်ဘာလ ၁၆ ရက်ညတွင် ထုတ်ပြန်ထားသည်။ ကိုဖြိုးဆိုသူသည် ထားဝယ်ပျူစောထီးအဖွဲ့ခေါင်းဆောင် ဦးအောင်စိန်၏ […]

ဒေါက်တာလဲ့လဲ့မော်နှင့်အတူ ကုမ္ပဏီတာဝန်ရှိသူများ ပြန်လွတ်

diz_admin

November 17, 2022

တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့်အတူ အဂတိအမှုဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသည့် GGS ကုမ္ပဏီတာဝန်ရှိသူများ ယနေ့ပြန်လည်လွတ်မြောက်လာ‌ကြောင်း စုံစမ်းသိရှိရသည်။ “ဒီနေ့အကုန်လုံးပြန်လွတ်လာပါပြီ။ ဦးသိန်းထွေးပါတယ်။ ဒေါ်လဲ့လဲ့မော်ပါတယ်။ ဦးအောင်မြတ်ပါတယ်။ အခုထောင်ရှေ့မှာပါ။ ကျွန်တော်သူတို့ဘေးမှာရှိနေပါတယ်” ဟု ဦးသိန်းထွေး၏ မိတ်ဆွေ ဦးစိုးနိုင်က‌ ပြောသည်။ ဦးစိုးနိုင်သည် GGS ကုမ္ပဏီတာဝန်ရှိသူများ ထားဝယ်မြို့တွင် တရားရင်ဆိုင်နေစဉ်က မကြာခဏလာရောက်ခဲ့သူဖြစ်သည်။ GGS ကုမ္ပဏီမှာ ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော် လက်ထက်က ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည်။ ဒေါက်တာလဲ့လဲ့မော် အဂတိအမှု ၄ မှုနှင့်တရားစွဲခံရသည့်အထဲ GGS ကုမ္ပဏီက နိုင်ငံတော်သို့ ဂက်စ်ဖိုးငွေ ၉ ဘီလီယံနီးပါးပေးချေရန် ပျက်ကွက်ခဲ့မှု၊ ဒေါက်တာလဲ့လဲ့မော်ပိုင် နေအိမ်နှင့်ခြံကို ကျပ်သိန်း ၂၀၀၀ ဈေးပေးပြီး ဝယ်ယူခဲ့မှုတို့ဖြင့် GGS ကုမ္ပဏီဥက္ကဋ္ဌ ဦးသိန်းထွေးနှင့် တာဝန်ခံဦးအောင်မြတ်တို့မှာ ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခံရခြင်းဖြစ်သည်။ အထွေထွေမန်နေဂျာဖြစ်သူ ဦးသူရအုံမှာလည်း ထောင်ဒဏ် ၅ နှစ်ချမှတ်ခံခဲ့ရသည်။  ယင်းထောင်ဒဏ်ချမှတ်ခံထားရသူ သုံးဦးအနက် ဦး‌သိန်းထွေး၊ […]

ထုတ်လုပ်မှုကုန်ကျစရိတ် ကြီးမြင့်မှုကြောင့် လယ်ယာလုပ်ငန်းများ အခက်ကြုံ

diz_admin

November 16, 2022

အထွေထွေစရိတ်ကြီးမြင့်လာမှုနှင့်အတူ လယ်ယာလုပ်ငန်းတွင်လည်း သွင်းအားစုစရိတ်များမြင့်တက်လာပြီး လယ်လုပ်သည့်တောင်သူများ တွက်ခြေမကိုက်ဖြစ်လာကြောင်း ထားဝယ်ခရိုင်မှ လယ်သမားအချို့က ပြောသည်။ လယ်ကို စတင်ထွန်ယက်သည့်အချိန်မှ ရိတ်သိမ်းသည်အထိ ထုတ်လုပ်မှုကုန်ကျစရိတ်မှာ တစ်ဧကလျှင် ကျပ် သုံးသိန်းခွဲခန့် ကုန်ကျကြောင်း ထားဝယ်ခရိုင်မှ လယ်သမားအချို့က ပြောသည်။ မိမိပိုင်လယ်၊ မိမိပိုင်ထွန်စက်နှင့် မိမိဘာသာလုပ်သည်ကိုပင် သုံးပုံ တစ်ပုံသာကိုယ့်အတွက်ကျန်သည်ဟု သရက်ချောင်းမြို့နယ် သရက်နှစ်ခွကျေးရွာမှ လယ်ယာလုပ်ငန်းလုပ်ကိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။ “အခနဲ့ ငှားပြီးလုပ်ရမယ်ဆိုရင် သူ့ဟာနဲ့သူ ဒုံရင်းဒုံရင်းပဲ၊ အပိုငွေဆိုတာ မရှိဘူး၊ ဘာလို့လဲဆို ပစ္စည်းဈေးတွေက ကြီးနေတယ်လေ” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။ စက်သုံးဆီဈေးကြီးခြင်း၊ ဓာတ်မြေဩဇာဈေး အဆမတန်မြင့်တက်နေခြင်းတို့ကြောင့် လယ်ဧက နည်းနည်းလုပ်ကိုင်သူများအဖို့ ပို၍တွက်ခြေမကိုက်ဖြစ်ကြသည်ဟု လယ်သမားအချို့က ဆိုသည်။ လယ်အခြေအနေနှင့် ဓာတ်မြေဩဇာကျွေးနိုင်မှုပေါ်မူတည်ကာ လယ်တစ်ဧကကို စပါး တင်း […]

ထားဝယ် မောင်မယ်ရှောင်တွင် အမျိုးသားနှစ်ဦးထံမှ လက်နက်နှင့် မူးယစ်ဆေးဖမ်းမိ

diz_admin

November 16, 2022

ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာ လမ်းပိုင်းတစ်နေရာတွင် နိုဝင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက်နေ့တို့တွင် ညီအစ်ကို ဝမ်းကွဲတော်စပ်သည့် အမျိုးသားနှစ်ဦးထံမှ လက်နက်နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း ဒေသခံများက ပြောသည်။ ဖမ်းဆီးခံရသူများမှာ မောင်မယ်ရှောင်ရွာသား ကိုသားထူးနှင့် ကိုစိုးစိုးဆိုသူတို့ဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “သူတို့နှစ်ဦးက တစ်ဝမ်းကွဲ ညီအစ်ကိုတော်တယ်။ ရွာထဲမှာလည်း မူးယစ်ဆေး သုံးစွဲရောင်းဝယ်နေကြတယ်လို့ နာမည်ကြီးတယ်။ ကိုစိုးစိုးကတော့ မူးယစ်ဆေးအမှုနဲ့ ထောင်ကျခဲ့ဖူးတယ်။ အာဏာသိမ်းပြီးမှ လွတ်ငြိမ်းနဲ့ ပြန်လွတ်လာတယ်” ဟု ၎င်းက ပြောသည်။ မူးယစ်ဂိုဏ်းအဖွဲ့ဝင် အဆိုပါ အမျိုးသားနှစ်ဦးကို ထားဝယ်အခြေစိုက် PDF အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Dawei Guerrilla Revolutionary Force -DGRF အဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ထားချက်အရသိရသည်။ ဖမ်းဆီးရမိစဉ် ကိုစိုးစိုးထံမှ […]

သရက်ချောင်း ညောင်ဇင်ရွာတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ

diz_admin

November 16, 2022

သရက်ချောင်းမြို့နယ် ညောင်ဇင်စံပြကျေးရွာတွင် နိုဝင်ဘာလ ၁၅ ရက် နံနက် ၆ နာရီကျော်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ အသက် ၅၀ အရွယ် ဦးနိုင်ဆိုသူကို ညောင်ဇင်ရွာရှိ ၎င်း၏နေအိမ်တွင် အမည်မသိအဖွဲ့က သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ အဆိုပါအမျိုးသားမှာ သေနတ်ဒဏ်ရာများဖြင့် ထားဝယ်တွင် အရေးပေါ်ဆေးကုသမှုခံယူနေရကြောင်း ဒေသခံအချို့က ပြောသည်။ ၎င်းကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် လာရောက်ပစ်ခတ်ခဲ့သည်ကိုလည်း မသိရသေးပေ။ ဦးနိုင်ဆိုသူမှာ ရွာတွင် ဆိုင်ကယ်တက္ကစီ ဆွဲနေသူဖြစ်ပြီး စစ်တပ်၊ ရဲများနှင့် ပြောဆိုသွားလာ ပူးပေါင်းကာ သတင်းပေးဒလန်ဟု ကျေးရွာတွင်နာမည်ထွက်နေသူဖြစ်ကြောင်း ညောင်ဇင်ရွာမှ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ “သူက အစကတည်းက အဲဒီလိုင်းနဲ့ ပတ်သက်တယ်။ စီးပွားရေးအရလည်း ဖြစ်ချင်ဖြစ်မယ်။ သူက […]

သရက်ချောင်းရဲစခန်းအနီး လက်လုပ်မိုင်းတွေ့

diz_admin

November 16, 2022

သရက်ချောင်းမြို့မရဲစခန်းအနီးတွင် နိုဝင်ဘာလ ၁၅ ရက် ညနေပိုင်းက မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းတစ်လုံး တွေ့ရှိကြောင်း မြို့ခံအချို့ထံမှ သိရသည်။ ယင်းနေ့ ညနေ ၅ နာရီခန့်တွင် အမျိုးသားတစ်ဦး လမ်းလျှောက်လာပြီး သရက်ချောင်းမြို့မရဲစခန်းနှင့် မျက်နှာချင်းဆိုင် ရှိ မြေတူးဘိုဒူဇာရပ်ထားသည့်နေရာသို့ လက်လုပ်မိုင်းတစ်ခု ပစ်ချထားခဲ့ကြောင်း သရက်ချောင်းမြို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။ “မိုင်းက လက်လုပ်မိုင်း။ ပလပ်စတစ်အိပ် အမဲလေးနဲ့ ထုပ်ထားတယ်” ဟု ၎င်းက ဆိုသည်။ လက်လုပ်မိုင်းချထားခဲ့သည်ကို ရဲစခန်းမှ သိရှိသွားခဲ့ပြီး စစ်ကောင်စီတပ်အား အကြောင်းကြားခဲ့သဖြင့် လာရောက် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ၎င်းက ပြောဆိုသည်။ ၎င်းလက်လုပ်မိုင်းအား မည်သူတို့က ချထားခဲ့သည်ကိုမူ မသိရပေ။ လက်လုပ်မိုင်းတွေ့ရှိပြီးနောက် ယင်းလမ်းပိုင်းအား ခေတ္တပိတ်ထားပြီး ဖောက်ခွဲပြီးချိန်တွင် ဖြတ်သန်းသွားလာခွင့် ပေးခဲ့ကြောင်း အခြားမြို့ခံတစ်ဦးက ဆိုသည်။ […]

လောင်းလုံး ကရင်ကြီးရွာသားတစ်ဦး ပစ်သတ်ခံရ

diz_admin

November 16, 2022

လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စု ကရင်ကြီးရွာက ဒေသခံအမျိုးသားတစ်ဦးသည် နိုဝင်ဘာလ ၁၅ ရက်က ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ပစ်သတ်ခံရသူမှာ အသက် ၃၅ နှစ်အရွယ်ရှိ ဦးထွန်းထွန်းနိုင်ဆိုသူဖြစ်ပြီး နိုဝင်ဘာလ ၁၅ရက် နံနက်က သဘော့ဆိပ်နှင့် ကျောက်ဆင်ရွာကြားလမ်းပိုင်းတစ်နေရာတွင် ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ဖြစ်တာကတော့ မနက်စောစော ခြောက်နာရီကျော်လောက်ရှိမယ်။ သေနတ်သံတွေ လေးငါးချက်ကြားရတယ်” ဟု ၎င်းက ဆိုသည်။ အဆိုပါအမျိုးသားကို Dawei Defense Team-DDT တပ်ခွဲ (၃) (ထားဝယ်-ပကဖ) ၊ Dawei Guerrilla Revolutionary Force-DGRF (ထားဝယ်-ပကဖ) နှင့် Launglone People Defence Force-LLPDF (လောင်းလုံး-ပကဖ) အဖွဲ့တို့ ပူးပေါင်း၍ ရှင်းလင်းခဲ့ကြောင်း […]