လောင်းလုံးမြို့နယ်ပညာရေးမှူး ပစ်ခတ်ခံရ
diz_admin
November 23, 2022လောင်းလုံးမြို့နယ် ပညာရေးမှူး ဦးဇော်ဇော်စိုးကို အမည်မသိသူများက နိုဝင်ဘာလ ၂၂ ရက် ညနေပိုင်းတွင် သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ကြောင်း တိုင်းပညာရေးမှူးရုံးနှင့် ဒေသခံအချို့ထံမှ သိရသည်။ လောင်းလုံးမြို့နှင့် ကပ်လျက် သဗျာကျေးရွာအုပ်စု ထားဝယ်-လောင်းလုံး-ရှင်မော် သွားသည့် ကားလမ်းမပေါ်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “အနောက်ကနေ ဆိုင်ကယ်တစ်စီးနဲ့ လိုက်လာပြီး သုံးလေးချက် ပစ်တာလို့ ပြောသံကြားရတယ်” ဟု ၎င်းက ဆိုသည်။ ဦးဇော်ဇော်စိုး သေနတ်ဖြင့် ပစ်ခတ်ခံရသည်မှာ မှန်ကန်ကြောင်း တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားသည်။ “ဘာမှတော့ မဖြစ်ဘူး။ ဒဏ်ရာလည်း မရသွားဘူး။ တော်သေးတယ်လို့ ပြောရမှာပေါ့” ဟု ၎င်းတာဝန်ရှိသူက ပြောသည်။ ၎င်းအား မည်သူတို့က မည်သည့်အတွက်ကြောင့် ပစ်ခတ်ခဲ့သည်ကိုမူ မသိရသေးပေ။ ဦးဇော်ဇော်စိုးမှာ အာဏာမသိမ်းမီကတည်းက […]