သုံးနှစ်နီးပါး ပိတ်ထားသည့် ထားဝယ်ကာယဗလအသင်း အားကစားရုံ ပြန်ဖွင့်
diz_admin
December 6, 2022ကိုဗစ်ကပ်ဘေးပြင်းထန်ချိန်ကတည်းက ပိတ်ထားခဲ့သည့် ထားဝယ်ကာယဗလအသင်း၏ အားကစားရုံ (အလေးမရုံ)ကို ဒီဇင်ဘာလ ၅ ရက်နေ့တွင် ပြန်ဖွင့်လိုက်ကြောင်း ဦးဆောင်သူအချို့ထံမှ သိရသည်။ ထားဝယ်မြို့ ဘုရားရှစ်မြှောင့်လမ်းဆုံရှိ ယင်းအလေးမရုံကို ၂၀၂၀ ပြည့်နှစ် မတ်လကတည်းက ယာယီပိတ်ထားခြင်းဖြစ်ကြောင်း ဦးဆောင်သူများထဲမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။ ယခုပြန်ဖွင့်ချိန်တွင် ကော်မတီကိုလည်း အသစ်ပြန်ဖွဲ့မည်ဖြစ်ပြီး အသင်းသားဟောင်းများလည်း အသင်းပြန်ဝင်ရမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့ဝင်က ဆိုသည်။ လက်ရှိတွင် အသင်းဝင်ကြေးအဖြစ် နှစ်ထောင်ကျပ်နှင့် လစဉ်ကြေးကို သုံးထောင်ကျပ်သတ်မှတ်ထားပြီး မည်သူမဆို အသင်းဝင်ပြီး လာရောက်ကစားနိုင်ကြောင်း ၎င်းက ဆိုသည်။ “နည်းပြဆိုပြီး သီးသန့်မရှိပေမယ့် ဝါရင့်ကစားသမားတွေက ပြပေးမှာပါ”ဟု အဆိုပါ အဖွဲ့ဝင်က ပြောသည်။ အဆိုပါ အားကစားရုံတွင် ခန္ဓာကိုယ်ကြံခိုင်သန်မာစေရေး လေ့ကျင့်သည့် အလေးပြားများအပြင် ခေတ်မီစက်အချို့လည်း ရှိသည်။ ကိုဗစ်ကပ်ဘေးမတိုင်မီက ယင်းအလေးမရုံတွင် လာရောက်ကစားသူများပြားခဲ့ပြီး […]