ထားဝယ်တွင် တော်လှန်ရေးအဖွဲ့အချို့ တပ်သားသစ်ဖိတ်ခေါ်
Dawei Watch
January 22, 2025စစ်ကောင်စီတပ်က ထားဝယ်မြို့တွင် အဓမ္မစစ်မှုထမ်းဆောင်စေရန် ဖမ်းဆီးမှုများရှိနေချိန် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့က တော်လှန်ရေး တပ်သားသစ်များ ဖိတ်ခေါ်နေသည်။ ထားဝယ်ခရိုင်အတွင်း စစ်ရေးလှုပ်ရှားလျက်ရှိသည့် အမျိူသားညီညွတ်ရေးအစိုးရ တပ်ရင်းတပ်ဖွဲ့အချို့အပါအဝင် ဒေသတော်လှန်ရေးတပ်ဖွဲ့တစ်ခုကလည်း တပ်သားအသစ်များ ခေါ်ယူလျက်ရှိသည်။ အမျိူသားညီညွတ်ရေးအစိုးရ ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင်အမှတ် ၁ တပ်ရင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်း တပ်ခွဲ (၇) ဖြစ်သည့် လောင်းလုံးကျွန်းဆွယ်တပ်ဖွဲ့( LPF) တို့က တပ်သားအသစ်ခေါ်ယူ နေခြင်းဖြစ်သည်။ “လက်ရှိမှာတော့ ထားဝယ်မြို့ပေါ်မှာ စစ်ကောင်စီက ပေါ်တာဆွဲဖို့ သတင်းထွက်နေတယ်ပေါ့နော်။ တကယ်လို့များ အဲဒါတွေဖြစ်လာခဲ့ရင် ( မြို့ပေါ်မှာ) ဆက်နေလို့မရတော့တဲ့သူတွေ ထိုင်းနိုင်ငံကိုသွားမယ့်အစား တော်လှန်ရေးထဲဝင်လာပြီး တော်လှန်ရေးလုပ်ကြဖို့ တောင်းဆိုချင်တယ်” ဟု ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ တော်လှန်ရေးကာလအတွင်း ပြည်သူ့ကာကွယ်ရေး ရဲဘော်အချို့ […]