သရက်ချောင်းမြို့နယ် ကျေးရွာအချို့ကို လေယာဉ်ဖြင့်ဗုံးကြဲ၊ အရပ်သား သေဆုံးမှုများရှိ
Dawei Watch
April 29, 2025သရက်ချောင်းမြို့နယ် ကျောက်ခမောက်ရွာအပါအဝင် ကျေးရွာအချို့ကို စစ်တပ်က ယနေ့(ဧပြီ ၂၉) နေ့လယ်ပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သားထိခိုက်သေဆုံးမှုများရှိသည်ဟု ဒေသခံအချို့က ပြောသည်။ ၁၂ နာရီ ၅၀ မိနစ်တွင် ကျောက်ခမောက်ရွာအဝင်ဆိုင်းဘုတ်အနီးရှိ ကွတ်တီယိုရောင်းနေသည့် နေအိမ်အနီး ဗုံးတစ်လုံးကျရောက်ပေါက်ကွဲသဖြင့် လူလတ်ပိုင်းအမျိုးသားတစ်ဦး သေဆုံးပြီး အသက် ၄၇ နှစ်ခန့်ရှိ မမီးကမ်းနှင့် ဆယ်ကျော်သက်အရွယ် သမီးဖြစ်သူတို့ ဒဏ်ရာရထားကြောင်း ကနဦးမေးမြန်းချက်အရ သိရသည်။ မမီးကမ်းတို့သားအမိမှာ ကွတ်တီယိုရောင်းသည့်ဆိုင်ကဖြစ်ပြီး လူလတ်အမျိုးသားမှာ အခြားရွာကဟု ဒေသခံအချို့က ပြောသည်။ “ဗုံးတစ်လုံးကြဲတယ်၊ စက်လက်နက်နဲ့ ဆက်တိုက်ပစ်တယ်၊ လူထိခိုက်မှုရှိတယ်၊ အခြေအနေမကောင်းဘူးတဲ့ ကျွန်မတို့ရွာမှာ ဘာတိုက်ပွဲမှ မရှိဘူး” ဟု ကျောက်ခမောက်ရွာက လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်က ကျောက်ခမောက်ကျေးရွာအပြင် ကျွဲမင်းကုန်းရွာနှင့်ရငဲရွာလမ်းဆုံ၊ ချောက်ချောင်းရွာကိုလည်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်ဟု […]