ထားဝယ်

လောင်းလုံး ချောင်းဖျားကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

diz_admin

December 10, 2022

လောင်းလုံးမြို့နယ် ချောင်းဖျားကြီးကျေးရွာက အုပ်ချုပ်ရေးမှူး အမျိုးသားတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ သေဆုံးသူမှာ အသက် ၆၈ နှစ်အရွယ် ဦးညိုအေးဆိုသူဖြစ်သည်။ ဒီဇင်ဘာလ ၅ ရက် ညနေ ၆ နာရီခန့်တွင် လက်နက်ကိုင်လူတစ်စု ချောင်းဖျားကြီးရှိ ဦးညိုအေးနေအိမ်သို့ရောက်လာပြီး ပစ်သတ်သွားခြင်းဖြစ်ကြောင်း ‌ဒေသခံတို့က ပြောသည်။ “အရင်ဆုံးအိမ်ပေါ်ကနေ မိသားတစ်စုလုံးခေါ်ချတယ်။ နှစ်နှစ်ကလေးကအစပါတယ်။ ပြီးမှ မဆိုင်တဲ့သူတွေသွားတော့လို့ လွှတ်လိုက်ပြီးမှ ပစ်သတ်လိုက်တာ” ဟု ဒေသခံတစ်ဦးကဆိုသည်။ သေဆုံးသူ ဦးညိုအေးမှာ ရေဖြူကျေးရွာအုပ်စု ကဒက်ငယ်ထိန်ရွာသားဖြစ်ပြီး ချောင်းဖျားကြီးရွာတွင် အိမ်ထောင်ကျနေသူဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။ ပစ်သတ်ခံရပြီးနောက် အလောင်းကို ထားဝယ်ဆေးရုံသို့ သယ်ဆောင်သွားပြီး ချောင်းဖျားကြီးသို့ ပြန်သယ်မလာတော့ဘဲ ကဒက်ငယ်ထိန်ကျေးရွာတွင် ထားရှိ သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။ ဦးညို‌အေးဦးခေါင်းတွင် သေနတ်ဖြင့်ပစ်ခတ်ထားသည်ဟု ယူဆရသည့် အပေါက်များကိုတွေ့ရကြောင်း အလောင်းကို ကိုယ်တိုင်မြင်တွေ့ခဲ့သူတစ်ဦးကဆိုသည်။  ဒေသခံအချို့ကမူ ဦးညိုအေးအားဒလန်ဟုဆိုကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့က […]

ထားဝယ်အရှေ့တောနယ် ပြည်သူ့ကာကွယ်ရေးတပ် လက်နက်သိုလှောင်ရုံ အသိမ်းခံရ

diz_admin

December 9, 2022

ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ ဝကုန်းကျေးရွာအနီးက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ လက်နက်သိုလှောင်ရုံ တစ်ခု အသိမ်းခံရကြောင်း ထားဝယ်အရှေ့တောပြည်သူ့ကာကွယ်ရေးအင်အားစု (ထားဝယ် ပ.က.ဖ) က ယနေ့ ဒီဇင်ဘာလ ၉ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။ စစ်ကောင်စီတပ်က သိမ်းဆည်းသွားသည့် လက်နက်ခဲယမ်းများ၏ ကာလတန်ဖိုး ကျပ်သိန်း ၂၀၀ ဖိုးခန့်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ အရှေ့တောဒေသကို အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် စောင့်ဆိုင်းနေစဉ် အခွင့်မသာသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။ ယင်းနောက် ဝကုန်းရွာက နေအိမ်များကို စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေခဲ့ပြီး လက်နက်ခဲယမ်း သိုလှောင်ထားသည့်နေရာမှာလည်း သတင်းပေးဒလန်တစ်ဦးကြောင့် သိမ်းဆည်းခံလိုက်ရခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ 

ထားဝယ်ဈေးကွက်တွင် ကြက်သွန်နီဟောင်း တစ်ပိဿာ ကျပ် ၅၀၀၀ ခန့်ရောက်ရှိ

diz_admin

December 8, 2022

ထားဝယ်တွင်လူကြိုက်များသည့် ကြက်သွန်နီအဟောင်း တစ်ပိဿာ ကျပ် ၅၀၀၀ အထိရောက်ရှိနေပြီး အတက်ဈေးတွင် ဆက်ရှိနေဦးမည်ဟု စားသုံးကုန်စည် လက်လီလက်ကား ရောင်းချသည့် ဈေးကွက်ထံမှသိရသည်။ ဒီဇင်ဘာလ ကုန်လောက်တွင် လက်ရှိကြက်သွန်နီအဟောင်းမှာ ပြတ်လတ်သွားတော့မည် ဖြစ်သည့်အတွက် ထားဝယ်မြို့၏ လက်ကား အရောင်းဆိုင်တစ်ချို့တွင် ပြီးခဲ့သည့် အောက်တိုဘာ ပထမပတ်မှစပြီး ဒီဇင်ဘာ ပထမပတ်အထိ တစ်ပိဿာ ကျပ်သုံးထောင်ကျော်မှ ကျပ်ငါးထောင်နီးပါးအထိ စျေးတက်သွားခြင်းဖြစ်သည်။ “မော်လမြိုင်မှာအဟောင်းကမရှိတော့ဘူး အသစ်ကတော့ဝင်နေတယ်ပေါ့နော် ဈေးကတော့ကျမသွားဘူး မာနေတဲ့သဘောတော့ရှိတာ‌ပေါ့”ဟု သူမကပြောသည်။ လက်ရှိထားဝယ်လက်ကားဈေးကွက်တွင် ကြက်သွန်ဟောင်းတစ်ပိဿာ ၄၈၀၀ ခန့်နှင့် ကြက်သွန်သစ်တစ်ပိဿာမှာ ၄၂၀၀ ကျပ် ဖြင့် ဈေးကွက်တွင်ရောင်းချလျက်ရှိသည်။ သို့သော်ထားဝယ်မြို့၏ လက်လီဈေးကွက်တွင် ကြက်သွန်ဟောင်းတစ်ပိဿာ ကျပ် ငါးထောင်‌ေကျာ်ဝန်းကျင်ခန့်ပေးဝယ်ခဲ့ရကြောင်း လောင်းလုံးမြို့နယ်ရှိ မုန့်လက်သုတ် ဆိုင်ဖွင့်ထားသူ အမျိုးသမီးကပြောသည်။ “ကြက်သွန်သစ်က မြင်တောင်မမြင်ရသေးဘူး ကြက်သွန်ဟောင်းကတော့ […]

ထားဝယ်မြို့နယ် သင်္ကန်းတုံးရွာမှ စစ်ဘေးရှောင် ရွာသားတစ်ဦး အသတ်ခံရ

diz_admin

December 7, 2022

ထားဝယ်မြို့နယ်၊ သင်္ကန်းတုံးကျေးရွာမှ စစ်ဘေးရှောင် ရွာသားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ထားသည်ကို ယနေ့(ဒီဇင်ဘာ ၇)နံနက်က တွေ့ရကြောင်း ဒေသခံရွာသားများက ဆိုသည်။ အသက် ၅၇ နှစ်ခန့်အရွယ် ဦးသန်းဝင်းမှာ အခြားရွာသားများနှင့်အတူ စစ်ဘေးရှောင်နေသူဖြစ်ပြီး စစ်ကောင်စီတပ် ပြန်ထွက်သွားပြီထင်ကာ ရွာအခြေအနေ ပြန်ကြည့်ရန် ဒီဇင်ဘာလ ၆ ရက်နေ့နံနက် အစောပိုင်းတွင် အိမ်ပြန်သွားခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ သေနတ်သံများကြားကြားချင်း ရွာကိုပြန်ပြီးသွားမကြည့်ရဲကြသဖြင့် ဒီဇင်ဘာ ၇ ရက်နေ့ နံနက်မှ ဦးသန်းဝင်း၏ ဇနီးဖြစ်သူနှင့်အတူ ရွာသူရွာသားများက သွားကြည့်ရာ  နေအိမ်အပေါ်တွင် သေနတ်ဒဏ်ရာများနှင့် သေဆုံးနေသည်ကိုတွေ့ရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ “အိမ်မှာပဲ ဘုရားစင်ခန်းထဲမှာ ပစ်ခံထားရတာလည်း ခေါင်းတစ်လုံးလုံး ရစရာကိုမရှိဘူး။ ဦးနှောက်ဆီတွေဘာတွေ ဘာမှမရှိတော့ဘူး။ ဂလိုင်ကြီးဖြစ်ပြီး မျက်စိတွေဘာတွေလည်း မရှိတော့ဘူး။ ခေါင်းတစ်လုံးလုံး ကြေနေတယ်၊ […]

ဖောင်းတောရေအားလျှပ်စစ် အဆင့်မြှင့်တင်ရန် စာချုပ်ချုပ်ဆို

diz_admin

December 7, 2022

ဖောင်းတောရေအားလျှပ်စစ်လုပ်ငန်းကို အဆင့်မြှင့်တင်မည့် စီမံကိန်းအတွက် ကုမ္ပဏီနှင့် စစ်ကောင်စီတို့ စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း ဒီဇင်ဘာလ ၂ ရက်က သတင်းထုတ်ပြန်သည်။ တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်း(BOT) စနစ်ဖြင့် စာချုပ်ဆိုခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ဖောင်းတောရေအားလျှပ်စစ်စက်ရုံမှာ ထားဝယ်မြို့နယ် အရှေ့တောဒေသ ဖောင်တောကျေးရွာတွင် တည်ရှိပြီး ဟိန္ဒားသတ္တုတွင်းလုပ်ငန်းအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို ထုတ်ပေးနေခြင်းဖြစ်သည်။ သတ္တုတွင်းအနီးဝန်းကျင် ကျေးရွာသို့လည်း ဓာတ်အားဖြန့်ဖြူး‌ပေးနေသည်။ လက်ရှိတွင် ဟိန္ဒားသတ္တုတွင်းမှာ ရပ်နားထားပြီး အဆိုပါရေအားလျှပ်စစ်မှာလည်း ရပ်နားလျက်ရှိသည်။ ရပ်နားထားရသည့် ရေအားလျှပ်စစ်ကို အဆင်မြှင့်တင်ရန်အတွက် ပန်းသိင်္ဂီစွမ်းအင်ကုမ္ပဏီနှင့် စစ်ကောင်စီတို့ BOT စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ ဖောင်းတောရေအားလျှပ်စစ်အား လပေါင်း ၂၀ အတွင်း တည်ဆောက်ပြီးစီးရန် ရည်မှန်းထားပြီး စက်တင်ဘာလအတွင်း ဒေသခံများကိုမေးမြန်းမှုအရ ကုမ္ပဏီဝန်ထမ်းများ နေထိုင်မည့် အိမ်ရာဆောက်လုပ်ရန် မြေနေရာရှင်းလင်းခြင်း လုပ်ငန်းစတင်နေပြီဟု သိရသည်။ ပန်းသိင်္ဂီစွမ်းအင်ကုမ္ပဏီအနေဖြင့် နှစ်မည်မျှအကြာ လုပ်ကိုင်ခွင့်ရပြီး မည်သည့်အချိန်တွင် လွှဲပြောင်းမည်ကို သိရှိရန် […]

ထားဝယ်တွင် ရိတ်သိမ်းပြီးစပါးများ အခိုးခံရမှုများလာ

diz_admin

December 7, 2022

ထားဝယ်ခရိုင်ရှိ၊ ကျေးရွာအချို့တွင် ရိတ်သိမ်းထားပြီးသော စပါးများ လယ်ထဲထားရှိစဉ် အခိုးခံရမှုများ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း လယ်သမားအချို့ကပြောသည်။ ရိတ်သိမ်းပြီး လယ်ထဲစုပုံထားသည့် စပါးများကို ညအချိန်တွင် အခိုးခံရလေ့ရှိကြောင်း ၎င်းတို့ကဆိုသည်။ “ညဘက်ကျတော့ ဦးတို့လည်း ညအိပ်မစောင့်ရဲဘူးလေ။ မနက်သွား၊ ညပြန်ဆိုတော့ ညဘက်တစ်ညလုံး စိတ်ကြိုက်ခိုးလို့ရနေတာပေါ့” ဟု လောင်းလုံးမြို့နယ်မှ လယ်သမား ဦးမင်းဟန်ကပြောသည်။ သုံးရက်ဆက်တိုက် အခိုးခံရသဖြင့် စပါး လေးငါးတင်းပါသွားကြောင်း ၎င်းကပြောဆိုသည်။ ထားဝယ်မြို့နယ်မှ အခြားလယ်သမားများလည်း ယင်းသို့ကြုံတွေ့နေကြောင်း ပြောဆိုသည်။ “(ညဘက်) လယ်ထဲမှာ လူမရှိတော့ စိတ်ကြိုက်ခိုးသယ်လို့‌ရတယ်။ ထော်လာဂျီနဲ့ ဆင်းသယ်တာတောင် သိမှာမဟုတ်ဘူး။ အခုကတော်သေးတာပေါ့ တစ်တင်းစ နှစ်တင်းစလောက်ပဲ သယ်ကြလို့လေ” ဟု ထားဝယ်မြို့အနီးက ကျေးရွာတစ်ရွာမှ လယ်သမားတစ်ဦးကဆိုသည်။ အခါလွန်မိုးကြောင့် လယ်ထဲကစပါးများကို မသယ်နိုင်သေးဘဲ  နေ့ဘက်နေလှမ်း၊ ညဘက်လယ်ထဲ စုပုံထားချိန် […]

သေဒဏ်ချခံထားရသော ကျောင်းသားပြည်သူများနှင့်အတူ ရပ်တည်ကြောင်း သပိတ်လှုပ်ရှားမှု လောင်းလုံးတွင်ပြုလုပ်

diz_admin

December 7, 2022

စစ်ကောင်စီလက်အောက်ခံ စစ်ခုံရုံးက ဒဂုံတက္ကသိုလ် ကျောင်းသား ၇ ဦးကို နိုဝင်ဘာ ၃၀ ရက်နေ့က သေဒဏ်ချမှတ်လိုက်မှု အပါအဝင် ယုံကြည်ချက်ကြောင့် သေဒဏ်ချခံထားရသော ကျောင်းသားပြည်သူများနှင့်အတူ ရပ်တည်ကြောင်း ပြသသည့် အနေဖြင့် ယနေ့(ဒီဇင်ဘာ ၆) ညနေပိုင်းက ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း သပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့သည်။ ယင်းအကြမ်းမဖက် လူထုလှုပ်ရှားမှု သပိတ်တွင် နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်)၊ အခြေခံပညာကျောင်းသားများသပိတ်ကော်မတီ(လောင်းလုံးမြို့နယ်)၊ လောင်းလုံးမြို့နယ် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ၊ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီတို့နှင့်အတူ ပြည်သူများ ပါဝင်ခဲ့ကြောင်း ထုတ်ပြန်ထားမှုအရသိရသည်။ ဒဂုံတက္ကသိုလ် ကျောင်းသား ၇ ဦးကို သေဒဏ်ချမှတ်မှုအပေါ် ကျောင်းသားသမဂ္ဂများက ကန့်ကွက်ကြောင်း ကြေညာချက်များ အသီးသီးထုတ်ပြန်နေသလို ယုံကြည်ချက်ကြောင့် သေဒဏ်ချခံထားရသော ကျောင်းသား၊ပြည်သူများနှင့်အတူ ရပ်တည်ကြောင်း လှုပ်ရှားမှုများလည်း အများအပြားရှိနေသည်။ သေဒဏ်ချမှတ်ခြင်းမှာ လူသားတန်ဖိုးနှင့် ဂုဏ်သိက္ခာပိုင်းဆိုင်ရာ […]

ထားဝယ်မြို့အဝင်တွင် ဖာလာစေ့အိတ်များသိမ်းခံရ၍ ကားတာယာဝယ်ပေးပြီး ပြန်ယူခဲ့ရ

diz_admin

December 6, 2022

ထားဝယ်မြို့အဝင် ဗျောတောဝဂိတ်ရှိ စစ်ကောင်စီတပ်က ဒေသထွက် ဖာလာစေ့အိတ်များကို သိမ်းယူခဲ့သည့်အတွက် ကားတာယာတစ်လုံး ဝယ်ပေးပြီး ပြန်ထုတ်ခဲ့ရကြောင်း တွေ့ကြုံခဲ့ရသူနှင့် နီးစပ်သူအမျိုးသားတစ်ဦးက ဆိုသည်။ ဒီဇင်ဘာလ ၃ ရက်နေ့က ထားဝယ်အရှေ့တောနယ်မှလာသည့် ကားကို စစ်ကောင်စီတပ်က အဆိုပါဂိတ်တွင်စစ်ဆေးရာ ဒေသထွက်ဖာလာစေ့ထည့်ထားသည့် အိတ် ၁၁ အိတ်ကို သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။ ငွေကျပ်သိန်းဆယ်ချီတန်ဖိုးရှိ ဖာလာစေ့ ၁၁ အိတ်ကို သိမ်းယူခဲ့သည့် စစ်ကောင်စီတပ်သားထံ သွားရောက်ပြောဆိုချိန်တွင် လူကိုပါဖမ်းဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း အဆိုပါအမျိုးသားက ဆိုသည်။ “ဖာလာစေ့တွေနဲ့ ယမ်းလုပ်နေတာဆိုပြီး သိမ်းခဲ့တာ။ဘယ်လိုမှ ပြောပြလို့မရတဲ့အဆုံး သူ့အထက်လူကြီးနဲ့ သွားပြောမှ ကားတာယာတစ်လုံး ဝယ်ခိုင်းပြီး ဖာလာစေ့တွေ ပြန်ပေးလိုက်တာ”ဟု ၎င်းက ပြောသည်။ ငွေကျပ် နှစ်သိန်းကျော်တန်ကြေးရှိ ကားတာယာတစ်လုံး ဝယ်ပေးပြီးမှ ဖာလာအိတ်များကို ပြန်ပေးခဲ့ကြောင်း အထက်ပါ […]