BREAKING
March 16, 2025

ထားဝယ်

နေရပ်ပြန်သည့်ရွာသား အသတ်ခံရသဖြင့် ထားဝယ် သင်္ဃန်းတုံးရွာသားများ နေရပ်မပြန်ရဲကြ

diz_admin

December 13, 2022

ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာအုပ်စုရှိ သင်္ဃန်းတုံးရွာက နေရပ်ပြန်သည့် စစ်ဘေးရှောင် အမျိုးသားတစ်ဦး အသတ်ခံရပြီးနောက် ယင်းရွာသားများ ရွာသို့ ပြန်ကာ မနေထိုင်ရဲကြတော့ကြောင်း ဒေသခံများက ပြောသည်။ ထားဝယ်အရှေ့တောဒေသကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသဖြင့် ဒီဇင်ဘာလ ၄ ရက်တွင် သင်္ဃန်းတုံး တစ်ရွာလုံး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ ယင်းနောက် ဒီဇင်ဘာလ ၅ ရက် နံနက် ၆နာရီခွဲခန့်တွင် အသက် ၅၇ နှစ်အရွယ်ရှိ စစ်ဘေးရှောင်ဒေသခံ ဦးသန်းဝင်းမှာ မွေးမြူထားသည့် တိရစ္ဆာန်များကို အစာကျွေးရန်၊ ဖုန်းအား၊ ဓာတ်မီးအားများသွင်းရန် အိမ်သို့ ခေတ္တပြန်လာစဉ် ဖမ်းဆီးသတ်ဖြတ် ခံရကြောင်း ဒေသခံအချို့က ပြောဆိုသည်။ ဦးသန်းဝင်းတွင် ဝမ်းဗိုက်နှင့် ဦးခေါင်းကျည်ထိမှန်ထားပြီး ဦးခေါင်းတွင် ကြေမွ ဒဏ်ရာများရရှိထားကာ ခြေထောက်တစ်ဖက် […]

လောင်းလုံးတွင် စပါးသယ်ရန် လယ်ကွင်းဖြတ်သန်းခွင့်ကိစ္စ လယ်သမားအချင်းချင်း ခိုက်ရန်ဖြစ်မှုများလာ

diz_admin

December 13, 2022

လောင်းလုံးမြို့နယ်ရှိ လယ်သမားအချို့သည် စပါးသယ်ရန်အတွက် လယ်ကွက်များကို ဖြန်သန်းခွင့် မပြုသည့် ကိစ္စနှင့်ပတ်သတ်ပြီး ခိုက်ရန်ဖြစ်ပွားမှု များလာကြောင်း လယ်သမားများထံမှ သိရသည်။ လောင်းလုံးမြို့နယ်ရှိ လယ်ကွင်းများသည် တဆက်တစပ်တည်းရှိနေကြပြီး သီးသန့်ကုန်ထုတ်လမ်း မရှိကြပေ။ ယင်းအတွက်ကြောင့် တစ်ဦးလယ်ကွင်းကို တစ်ဦးက ဖြတ်သန်းပြီး စပါးသယ်ယူရေးကို လုပ်ဆောင်ကြရသည်။ ယခုနှစ်ဆောင်းတွင် မိုးရာသီအလား မိုးကောင်းနေသဖြင့် လယ်ကွင်းများထဲ ရေများ တင်ကျန်နေခဲ့သည်။ ရေတင်ကျန်နေသည့် လယ်မြေပျော့ပေါ်သို့ စပါးရိတ်စက်၊ ကား၊ ထော်လာဂျီ စသည့် စက်ယန္တရားများ ဖြတ်သန်း သွားလာပါက လယ်မြေပျက်စီးမှု ပိုဖြစ်ပေါ်ပြီး မိုးရာသီလယ်ထွန်ချိန်တွင် ကုန်ကျစာရိတ်ပိုများလေ့ရှိကြောင်း လယ်သမာများက ပြောသည်။ ယင်းအတွက်ကြောင့် လယ်သမားအချို့မှာ မိမိပိုင်လယ်မြေပေါ်သို့ စက်ယန္တရားကြီးများ ဖြတ်သန်းသွားလာသည်ကို မလိုလားကြတော့ဘဲ တားဆီးလာကြသည်။ “သူများတွေနှစ်ခါလယ်ထွန်ရင် ကျွန်တော်တို့မှာ သုံးခါ၊ လေးခါ လိုက်ထွန်နေရတယ်။ […]

လောင်းလုံးက အမျိုးသား ၂ ဦးကို ပစ်သတ်ခဲ့ဟု ပကဖထုတ်ပြန်

diz_admin

December 13, 2022

လောင်းလုံးမြို့နယ် ရဘဲကျေးရွာနှင့် ချောင်းဖျားကြီးရွာက ဦးကိုနိုင်နိုင်နှင့် ဦးညိုအေးတို့ နှစ်ဦးအား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (LLPDF) က ဒီဇင်ဘာလ ၁၂ ရက်က ထုတ်ပြန်သည်။ ရဘဲရွာက ဦးကိုကိုနိုင်ဆိုသူမှာ ပျူစောထီးအဖွဲ့ဝင်များ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ခရီးသည်များအား တားဆီးစစ်ဆေးခြင်း၊ ပျူစောထီးအဖွဲ့ဝင်များ စုဆောင်းစည်းရုံးခြင်းတို့ လုပ်ဆောင်နေသဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဦးညိုအေးမှာ  စစ်ကောင်စီခန့် ချောင်းဖျားကြီးကျေးရွာ ရာအိမ်မှူးတစ်ဦးဖြစ်ပြီး စစ်ဘေးရှောင်လာသူများကို အနီးရှိ ရဲစခန်းသို့ သတင်းပေးတိုင်ကြားမှုများ ပြုလုပ်ခဲ့သဖြင့် ပစ်ခတ်ရှင်းလင်းခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။ အထက်ပါအချက်များမှာ ထုတ်ပြန်ချက်အရ သိရခြင်းဖြစ်ပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။ “ဦးနိုင်နိုင်သေနေတာကို အရင်သိရတာ။ သူကိုဘယ်မှာ ပစ်သတ်လဲတော့မသိဘူး။ ချောင်းဖျားကြီးရွာကိုဝင်တဲ့လမ်းမှာ အလောင်းကိုလာပစ်သွားတာ။ ပြီးမှ ဦးညိုအေးကို သွားပစ်သတ်တာထင်တယ်” ဟု ရဘဲဒေသခံတစ်ဦးကဆိုသည်။ ရဘဲနှင့် […]

ထားဝယ် ဘုရားမဲ စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရ၊ စစ်ရေးတင်းမာမည်ကို ဒေသခံများစိုးရိမ်

diz_admin

December 12, 2022

ထားဝယ်မြို့နယ်အဝင် မောင်မယ်ရှောင်ရွာအနီး ဘုရားမဲ စစ်ဆေးရေးဂိတ် ဒီဇင်ဘာလ ၁၁ ရက်က တိုက်ခိုက် ခံရကြောင်း ဒေသခံများက ပြောသည်။ ဒီဇင်ဘာလ ၁၁ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်တွင် လာရောက်ပစ်ခတ်ခြင်းဖြစ်ပြီး ၃ နာရီဝန်းကျင်အထိ နှစ်နာရီခန့်ကြာ စစ်ကောင်စီတပ်နှင့် PDF တပ်ဖွဲ့ဝင်များကြား အပြန်အလှန်ပစ်ခတ်ခဲ့ကြကြောင်း ဒေသခံများက ဆိုသည်။ “ပစ်သံတွေက ဆက်တိုက်ပါပဲ။ လက်နက်ကြီးတွေရော ပါတယ်” ဟု အနီးဝန်းကျင်မှ ဒေသခံရွာသားတစ်ဦးက ပြောသည်။ အဆိုပါ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုကြောင့် ထိခိုက်မှု ရှိ မရှိ အခြေအနေကိုမူ Dawei Watch အနေဖြင့် အတည်မပြုနိုင်သေးပေ။ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ယင်းစစ်ဆေးရေးဂိတ်ကို လုံခြုံရေးအင်အားတိုးမြှင့်ချထားက ညပိုင်းတွင် လက်နက်ကြီးများ ဆက်လက်ပစ်ခတ်နေခဲ့ကြောင်း ဒေသခံများက ပြောသည်။ စစ်ရေးအခြေအနေ ဆက်လက်တင်းမာလာမည်ကို […]

ရေဖြူ ပုဂေါဇွန်းရွာသားတစ်ဦး ပစ်သတ်ခံရ

diz_admin

December 12, 2022

ရေဖြူမြို့နယ်၊ ပုဂေါဇွန်းရွာသားတစ်ဦး ယနေ့ ဒီဇင်ဘာလ ၁၂ ရက် နံနက် ၈နာရီဝန်းကျင်က နေအိမ်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။ အသက် ၄၀ ဝန်းကျင်အရွယ် ‌ဦးနေလင်းဦး (ခေါ်) နွန်မှတ်ဆိုသူကို အမည်မသိ သေနတ်သမားလေးဦးက ဆိုင်ကယ်ဖြင့် နေအိမ်သို့ လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “အောက်ဆင်းခဲ့လို့ခေါ်ပြီး ပစ်သွားတယ်။ သေနတ်သံက သုံးချက်လောက်ပဲ။ ဦးခေါင်းမှာ နှစ်ချက်ရယ်၊ ဗိုက်မှာတစ်ချက်ရယ်” ဟု ၎င်းက ပြောသည်။ ဦးနေလင်းဦးမှာ ရွေးကောက်ပွဲအကြိုကာလများတွင် ကြံ့ခိုင်ရေးပါတီအား ထောက်ခံဝန်းရံသူအဖြစ် ပါဝင်လေ့ရှိသည်ကို တွေ့ရကြောင်း ဒေသခံအချို့က ပြောဆိုကြသည်။ သို့သော် ၎င်းကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို Dawei Watch အနေဖြင့် အတည်မပြုနိုင်သေးပေ။ ဦးနေလင်းဦးမှာ ရေဖြူမြို့နယ် […]

ကလိန်အောင်ရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးနေအိမ် ပစ်ခတ်ခံရ

diz_admin

December 11, 2022

ရေး – ထားဝယ် ကားလမ်းပေါ်ရှိ ကလိန်အောင်မြို့ အမှတ် (၂) ရပ်ကွက်ရှိ ရဲတပ်ဖွဲ့တစ်ဦး၏ နေအိမ် သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း မြို့ခံအချို့က ပြောသည်။ ဒီဇင်ဘာလ ၁ဝ ရက် ည ၇ နာရီခွဲဝန်းကျင်က ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုဟု ယူဆရသည့် အဖွဲ့ကလာရောက်ပစ်ခတ်ခြင်းဖြစ်ပြီး မည်သည့်အဖွဲ့ဆိုသည်ကိုမူ မသိရပေ။ “လာပစ်တဲ့အချိန် အိမ်မှာလူမရှိဘူး။ (နယ်ထိန်းက)ရဲစခန်းမှာရောက်နေတာ” ဟု မြို့ခံတစ်ဦးကဆိုသည်။ ရဲတပ်ဖွဲ့ဝင်နေအိမ်ကိုလာရောက်ပစ်ခတ်စဉ် အမှတ်၃ ရပ်ကွက်ရှိ ကလိန်အောင်နယ်မြေ ရဲစခန်းဘက်ကလည်း ပြန်လည်ခြောက်လှန့်ပစ်ခတ်ခဲ့ကြောင်း မြို့ခံတစ်ဦးကပြောသည်။ “ပစ်တာက သိပ်မကြာလိုက်ဘူး။ ခဏပဲ။ ဆယ်မိနစ်၊ ဆယ်ငါးမိနစ်လောက်ပဲ” ဟု မြို့ခံတစ်ဦးကဆိုသည်။ အောက်တိုဘာလ ၁၄ ရက်ကလည်း ကလိန်အောင်မြို့ တံတားတွင် ဖွင့်လှစ်ထားသည့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ကလိန်အောင်အခြေစိုက် Spring Dhamma […]

ရေဖြူ-ထားဝယ် လမ်းပိုင်းတွင် စစ်ကောင်စီကား မိုင်းဆွဲခံရ

diz_admin

December 10, 2022

ရေဖြူမြို့နယ် ရေဖြူ -ထားဝယ် လမ်းပိုင်းတစ်နေရာဖြစ်သည့် ဇီးကျရွာ တိုးဂိတ်အနီးတွင် ယနေ့ ဒီဇင်ဘာလ ၁၀ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်လာသည့် ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများက ပြောသည်။   ယနေ့ မွန်းလွဲ ၂ နာရီကျော်တွင် ဇီကျရွာတိုးဂိတ်ဘက်တွင် မိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီး မိနစ်အနည်းငယ်ကြာတွင် ပစ်ခတ်သံများ အဆက်မပြတ် ထွက်လာကြောင်း အနီးဝန်းကျင်မှ ဒေသခံတစ်ဦးက ဆိုသည်။ “အသံလည်းကြားတယ်။ မီးခိုးတွေလည်း မြင်လိုက်တယ်” ဟု ၎င်းက ပြောသည်။ မိုင်းဆွဲခံရပြီးနောက် မိနစ် ၂၀ ခန့်ကြာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ကားတစ်စီးသည် ထားဝယ်ဘက်သို့ မောင်းထွက်သွားကြောင်း ဒေသခံများထံမှ သိရသည်။ မိုင်းဆွဲခံရမှုကြောင့် ထိခိုက်မှု ရှိမရှိအခြေအနေနှင့် မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်တို့ကို Dawei Watch အနေဖြင့် […]

လောင်းလုံး ချောင်းဖျားကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

diz_admin

December 10, 2022

လောင်းလုံးမြို့နယ် ချောင်းဖျားကြီးကျေးရွာက အုပ်ချုပ်ရေးမှူး အမျိုးသားတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ သေဆုံးသူမှာ အသက် ၆၈ နှစ်အရွယ် ဦးညိုအေးဆိုသူဖြစ်သည်။ ဒီဇင်ဘာလ ၅ ရက် ညနေ ၆ နာရီခန့်တွင် လက်နက်ကိုင်လူတစ်စု ချောင်းဖျားကြီးရှိ ဦးညိုအေးနေအိမ်သို့ရောက်လာပြီး ပစ်သတ်သွားခြင်းဖြစ်ကြောင်း ‌ဒေသခံတို့က ပြောသည်။ “အရင်ဆုံးအိမ်ပေါ်ကနေ မိသားတစ်စုလုံးခေါ်ချတယ်။ နှစ်နှစ်ကလေးကအစပါတယ်။ ပြီးမှ မဆိုင်တဲ့သူတွေသွားတော့လို့ လွှတ်လိုက်ပြီးမှ ပစ်သတ်လိုက်တာ” ဟု ဒေသခံတစ်ဦးကဆိုသည်။ သေဆုံးသူ ဦးညိုအေးမှာ ရေဖြူကျေးရွာအုပ်စု ကဒက်ငယ်ထိန်ရွာသားဖြစ်ပြီး ချောင်းဖျားကြီးရွာတွင် အိမ်ထောင်ကျနေသူဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။ ပစ်သတ်ခံရပြီးနောက် အလောင်းကို ထားဝယ်ဆေးရုံသို့ သယ်ဆောင်သွားပြီး ချောင်းဖျားကြီးသို့ ပြန်သယ်မလာတော့ဘဲ ကဒက်ငယ်ထိန်ကျေးရွာတွင် ထားရှိ သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။ ဦးညို‌အေးဦးခေါင်းတွင် သေနတ်ဖြင့်ပစ်ခတ်ထားသည်ဟု ယူဆရသည့် အပေါက်များကိုတွေ့ရကြောင်း အလောင်းကို ကိုယ်တိုင်မြင်တွေ့ခဲ့သူတစ်ဦးကဆိုသည်။  ဒေသခံအချို့ကမူ ဦးညိုအေးအားဒလန်ဟုဆိုကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့က […]