BREAKING
March 16, 2025

ထားဝယ်

ကြက်ခြေနီအရေးပေါ်လူနာတင်ယာဉ်ဝန်ဆောင်မှု ရန်ပုံငွေအခက်အခဲကြောင့် ယာယီရပ်မည်

diz_admin

December 17, 2022

ရန်ပုံငွေအခက်အခဲဖြစ်လာသည့်အတွက် ထားဝယ်မြို့နယ်ကြက်ခြေနီအသင်းခွဲ၏ အရေးပေါ်လူနာတင်ယာဉ် ဝန်ဆောင်မှုကို ဒီဇင်ဘာလ ၂၄ရက်မှစတင်ကာ ယာယီရပ်နားမည်ဖြစ်ကြောင်း ယင်းအသင်းခွဲ၏ ဥက္ကဋ္ဌ ဦးဉာဏ်ဝင်းက ပြောသည်။ မော်တော်ယာဉ်ပြင်ဆင်စရိတ်အတွက် ရန်ပုံငွေလိုအပ်လာခြင်းနှင့် ပဋိပက္ခကာလအတွင်း အသင်းသားများ၏ လုံခြုံရေးကို တာဝန်ယူ၊ တာဝန်ခံနိုင်မည့်သူ မားမားမတ်မတ် မရှိခြင်းတို့ကြောင့် ယာယီရပ်နားရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ကိုဗစ်ကာလတုန်းကတော့ အလှူငွေနဲ့ ပုံမှန်လည်ပတ်နိုင်တယ်။ ဒီအချိန်ထိပါပဲ။ အခုက ကားခြောက်စီးစာအတွက် ပြင်ဆင်စရိတ်လည်းလိုတယ်။ နောက်ပြီး အသင်းသားတွေ့ရဲ့ ကူညီသယ်ဆောင်တဲ့လမ်းကြောင်းမှာ ပြဿနာ တစ်စုံ တစ်ရာ ဖြစ်လာမယ်ဆိုရင် မားမားမတ်မတ်ရပ်တည်ပေးမည့်သူမရှိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ခရိုင်ဒုတပ်ဖွဲ့မှူး အဖမ်းခံရတဲ့ ဖြစ်စဉ်ကြည့်ပါ၊ အဲဒါသင်ခန်းစာပေါ့” ဟု အထက်ပါဥက္ကဋ္ဌက ပြောသည်။ ထို့ကြောင့် ယခုလ ဒီဇင်ဘာ ၂၄ ရက်ကစပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲ့၏ ထားဝယ်ခရိုင်လေးမြို့နယ် အရေးပေါ်လူနာတင်ယာဉ်ဝန်ဆောင်မှု ယာယီရပ်နားမည်ဖြစ်ကြောင်း […]

ထားဝယ်နိုင်ငံရေးအကျဉ်းသား ၃ ဦးကို ထောင် ၇ နှစ်စီထပ်ချ

diz_admin

December 17, 2022

ထားဝယ်အကျဉ်းထောင်တွင် နှစ်ရှည်ထောင်ဒဏ် ချခံထားရသည့် နိုင်ငံရေးအကျဉ်းသား ၃ ဦးကို စစ်ကောင်စီ ခရိုင်တရားရုံးက ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ထပ်တိုးထောင်ဒဏ် ၇ နှစ်စီဖြင့် ချမှတ်လိုက်သည်ဟု ထားဝယ်နိုင်ငံရေး အကျဉ်းသားများ ကွန်ရက်က ထုတ်ပြန်ထားသည်။ ထပ်တိုးအမိန့်ချခံထားရသူများမှာ ကိုမြတ်ကျော်သူ၊ ကိုမင်းဆက်မှူး၊ ကိုအောင်အောင်တို့ သုံးဦးဖြစ်သည်။ ထပ်တိုးထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်မှုကြောင့် ထောင်ဒဏ် ၂၉ နှစ်ချမှတ်ခံထားရသည့် ကိုမြတ်ကျော်သူက ၃၆ နှစ်၊ ထောင်ဒဏ် ၂၈ နှစ်ချမှတ်ခံထားရသည့် ကိုမင်းဆက်မှူးက ၃၅ နှစ်၊ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံထားရသည့် ကိုအောင်အောင်က ၁၉ နှစ် အထိ ထောင်ဒဏ်ကျခံရတော့မည်ဖြစ်သည်ဟု အထက်ပါကွန်ရက်၏ ထုတ်ပြန်ချက်အရ သိရသည်။ “ပေါက်ကွဲပုဒ်မလို့ပဲ သိရတယ်၊ ပေါက်ကွဲမှာက နံပါတ်တွေရှိတယ်၊ […]

ဒေါင်းမင်းစစ်ဆင်ရေးမှ ရဲဘော်တစ်ဦး လက်လုပ်မိုင်းမတော်တဆဖြစ်ပြီး ကျဆုံး

diz_admin

December 17, 2022

သရက်ချောင်းမြို့နယ်အခြေစိုက် ဒေါင်းမင်းစစ်ဆင်ရေးမှ အသက် ၁၉ နှစ်ခန့်ရှိ ရဲဘော် ကိုလေးဖြူ(ခ)လိပ်စွန် သည် လက်လုပ်မိုင်းမတော်တဆမှုဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက် ညနေ ၆ နာရီခွဲခန့်တွင် ကျဆုံးခဲ့ကြောင်း ဒေါင်းမင်းအဖွဲ့က အတည်ပြုထုတ်ပြန်သည်။ စစ်ဆင်ရေး လုပ်ရန်စောင့်ဆိုင်းနေစဉ် လက်လုပ်မိုင်းမတော်တဆဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့၏ အတည်ပြုချက်အရ သိရသည်။

လောင်းလုံးရှိ နေအိမ်တစ်ဆောင် သူခိုးခိုးခံရပြီး ရွှေနှင့် ငွေကျပ်သိန်း ၂၀ ခန့်ပါသွား

diz_admin

December 17, 2022

လောင်းလုံးမြို့နယ်၊(ဂ)ရပ်ကွက် စောင်းကြိုးလမ်းတွင် ယနေ့နံနက် ငါးနာရီခန့်က နေအိမ်တစ်ဆောင်တွင် ရွှေနှင့်ငွေသားများ အခိုးခံလိုက်ရကြောင်း သိရှိရသည်။ အခိုးခံရမှုကြောင့် ငွေသား ကျပ်သိန်း ၂၀ ခန့်နှင့် ရွှေတစ်ဆယ်သားခန့်ပါသွားသည်ဟု ကနဦးသိရသည်။ အဆိုပါနေအိမ်တွင် အသက် ခုနှစ်ဆယ်ကျော်အရွယ်ရှိ ဦးသန်းကြွယ်ဆိုသူနှင့် မြေးဖြစ်သူ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးသာနေထိုင်ခြင်းဖြစ်သည်။

ထားဝယ်-မြိတ် ကားလမ်း သရက်နှစ်ခွရွာအဝင်တွင် မိုင်းဆွဲတိုက်ခိုက်မှုဖြစ်

diz_admin

December 17, 2022

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွကျေးရွာအဝင် ထားဝယ်-မြိတ် ကားလမ်းတွင် စစ်ကောင်စီတပ်ကားတစ်စီး ယနေ့ (ဒီဇင်ဘာ ၁၇) နံနက် ၇ နာရီ ၄၀ မိနစ်ခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ သရက်နှစ်ခွရွာနှင့် သင်းကျွန်းရွာကြားရှိ ထားဝယ်-မြိတ် သွားကားလမ်းပေါ်တွင် ဆေးဖြင့်ရေးထားသည့် စစ်ကောင်စီခေါင်းဆောင်၏ ပုံတူပန်းချီနှင့် တပ်ပျက်နေပြီဟူသောစာသားကို ဆင်းဖျက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ “ကျွန်တော်တို့လည်း ဖြစ်တာနဲ့ချက်ချင်း မထွက်ကြည့်ရဲဘူးပေါ့နော်၊ မိုင်းသံတော့ ကြားတယ်၊ သုံးလုံး လေးလုံးလောက်ရှိမယ်ထင်တယ်၊ အသံကျယ်ကြီးပဲ”ဟု သရက်နှစ်ခွရွာမှ အမျိုးသားတစ်ဦးက ပြောသည်။ မိုင်းပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပြီးနောက် ကားလမ်းတစ်လျှောက် သေနတ်သံများ မိနစ် ၃၀ ခန့်ဆူညံစွာထွက်ပေါ်ခဲ့ပြီး ရွာထဲသို့လည်း သေနတ်များဖြင့် ပစ်ခတ်ခဲ့သည်ဟု သရက်နှစ်ခွကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “အခု […]

ထားဝယ်တွင် ဝက်ရှားလာခြင်းကြောင့် တစ်ပိဿာ ၁၇၀၀၀ ကျပ်အထိဖြစ်လာ

diz_admin

December 17, 2022

ထားဝယ်တွင် ဝက်ရှားလာခြင်းကြောင့် ဝက်သားဈေး တစ်ပိဿာ ၁၇၀၀၀ ကျပ်အထိဖြစ်လာကြောင်း ဝက်သားရောင်းသူအချို့က ပြောသည်။ ၂၀၂၂ ခုနှစ် သီတင်းကျွတ်လမတိုင်မီအချိန်ထိ ဝက်သားတစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်ခန့်သာရှိပြီး သီတင်းကျွတ်ကာလမှ နိုဝင်ဘာလအတွင်း ၁၇၀၀၀ ကျပ်အထိ ခုန်တက်သွားသည်။ ဝက်သားဈေးတက်လာခြင်းမှာ ဝက်ရှာရခက်လာခြင်းကြောင့်ဖြစ်ပြီး အလုပ်သမားစရိတ်၊ အခွန်အခများနှင့် အခြားကုန်ကျစရိတ်များကြောင့်ဖြစ်သည်ဟု ထားဝယ်မြို့နယ်မှ ဝက်ဒိုင်လုပ်ငန်းတွင် လုပ်ကိုင်သူ ဦးဖိုးလားက ပြောသည်။ “ကုန်ကြမ်းက မော်လမြိုင်မှာ တက်ဝယ်နေရတယ်၊ ထားဝယ်မှာ ကုန်ကြမ်းလာရောင်းသူ သိပ်မရှိဘူး။ နယ်က တစ်နေ့တစ်ကောင်တောင် မလာဘူး၊ ဒေသဝက်ကတော့ မရှိသလောက်ပဲ” ဟု ၎င်းက ဆိုသည်။ ဝက်ဒိုင်မှ ဝယ်ယူရသည့်ဈေး တဖြည်းဖြည်း ခုန်တက်နေခြင်းကြောင့် ဝက်သားဈေး ၁၇၀၀၀ ကျပ်အထိ ခုန်တက်လာခြင်းဖြစ်သည်ဟု ကမ်းနားဈေးမှ ဝက်သားရောင်းသူ အမျိုးသမီးတစ်ဦးက ပြောသည်။ […]

ထားဝယ်အိမ်ခြံမြေဈေးကွက် အရောင်းများပြီး အဝယ်နည်း

diz_admin

December 16, 2022

ထားဝယ်အိမ်ခြံမြေဈေးကွက်တွင် ရောင်းချလိုသူများပြားပြီး ဝယ်ယူမည့်သူ မရှိသလောက်နည်းပါးနေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့်နှစ်ကမူ ကျပ်ငွေတန်ဖိုးကျဆင်းလာမှုနှင့်အတူ ကျပ်ငွေအပေါ်ယုံကြည်မှုနည်းပါးလာကြသဖြင့် အိမ်ခြံမြေဝယ်လိုသူ ပိုများပြားခဲ့ကြောင်း အကျိုးဆောင်အချို့က ပြောသည်။ ယခုနှစ် ပွင့်လင်းရာသီတွင်မူ ပြောင်းပြန်ဖြစ်လာပြီး ရောင်းမည့်သူကများကာ ဝယ်ယူမည့်သူမှာ မရှိသလောက်ဖြစ်နေကြောင်း ၎င်းတို့က ဆိုသည်။ “မနှစ်က နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့သူတွေအထိ ဝယ်ပေးရတာတွေရှိတယ်။ ဒီနှစ်ကတော့ စုံစမ်းတာမျိုးတောင် မရှိတော့ဘူး” ဟု လောင်းလုံးမြို့နယ်တွင် အိမ်ခြံမြေ ရောင်းဝယ်နေသူ အမျိုးသမီးတစ်ဦးက ပြောသည်။ ယခင်က အနိမ့်ဈေးဖြင့်ဝယ်ယူသိမ်းဆည်းထားသည့် အိမ်ခြံမြေများကို ပွင့်လင်းရာသီတွင် ထုတ်ရောင်းလာကြခြင်း၊ စီးပွားရေး အရင်းအနှီးလုပ်ရန်အတွက် အိမ်ခြံမြေကို ထုတ်ရောင်းလာကြခြင်း၊ မလုံခြုံမှုတို့ကြောင့် အခြားမြို့ရွာသို့ ရွှေ့ပြောင်းရန်အတွက် ရောင်းချလိုသူများရှိလာခြင်း စသည့်တို့ကြောင့် ‌‌ရောင်းလိုအားများပြားလာခြင်းဖြစ်ကြောင်း ထားဝယ်မြို့ရှိ အိမ်ခြေံမြေအသင်းဝင်တစ်ဦးက ဆိုသည်။ “ဒီလိုပွင့်လင်းရာသီမှာ ရောင်းရင်တော့ (အမြတ်အစွန်း) ပိုရမယ်ဆိုပြီး […]

သရက်ချောင်းတွင် စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် နှစ်ဖက်တိုက်ပွဲဖြစ်ပွား

diz_admin

December 14, 2022

ထားဝယ်ဘက်မှ သရက်ချောင်းမြို့နယ်ဘက်သို့လာသည့် စစ်ကောင်စီတပ်ယာဉ်တန်း ဝဲရစ်ရွာအရောက်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားနေကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ညနေ ၅ နာရီခန့်တွင် စစ်ကောင်စီယာဉ်တန်းကို ပဒေသာမိုင်းတစ်လုံးနှင့် ရှော့တိုက်မိုင်းတစ်လုံးခွဲခဲ့ကြောင်း၊ ယင်းနောက်တွင် နှစ်ဖက်တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရသည်။ ယနေ့ (ဒီဇင်ဘာ ၁၄) နံနက် ၅ နာရီခန့်တွင် သရက်ချောင်းမြို့နယ် ပဲဒက်ကျေးရွာရှိ ပြည်သူ့စစ်(ပျူစောထီး)အဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က လာရောက်တိုက်ခိုက်ရာ နေ့လယ် ၁၂ နာရီခန့်အထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။ စစ်ကောင်စီယာဉ်တန်းမှာ ပဲဒက်ပြည်သူ့စစ်အဖွဲ့ကို လာကူသည့် စစ်ကူအင်အားဖြစ်ကြောင်း၊ လက်ရှိတွင် စစ်ကောင်စီတပ်က ရေကြောင်း၊ ကုန်းကြောင်းအသုံးပြုကာ ဖြန့်ကျက်လာနေကြောင်း ဒေသခံများထံမှသိရသည်။ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုကြောင့် မြိတ်-ထားဝယ်ကားလမ်းမကြီးမှာ နေ့လယ် ၁၂ နာရီအထိ လမ်းကြောင်းပိတ်ဆို့မှုဖြစ်ပွားခဲ့ပြီး ၁၂ နာရီနောက်ပိုင်းမှ လမ်းကြောင်းပြန်ဖွင့်ပေးခဲ့သည်ဟု […]