စစ်ကား မိုင်းဆွဲခံရပြီးနောက် ညင်းမော်ရွာသားတစ်ဦး ပစ်ခတ်ခံရ
diz_admin
December 23, 2022လောင်းလုံးမြို့အထွက် ညင်းမော်ရွာအနီးတွင် စစ်ကောင်စီတပ်ကား မိုင်းဆွဲခံရပြီးနောက် ဆီအုန်းတောအစပ်တွင် နွားကျောင်းနေသည့် ဒေသခံတစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ကြောင်း ပစ်ခတ်ခံရသူ၏ မိသားစုနှင့် နီးစပ်သူအချို့ထံမှ သိရသည်။ ဒီဇင်ဘာလ ၂၃ ရက် နံနက်စောစောတွင် စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် Vigo ကားနှစ်စီး လောင်းလုံးမြို့နှင့် ညင်းမော်ရွာကြားတွင် မိုင်းဆွဲခံရခြင်းဖြစ်သည်။ ထိုနောက် စစ်ကောင်စီတပ်က အင်အားထပ်ဖြည့်လာပြီး ညင်းမော်ရွာ အနောက်ဘက် ဆီအုန်းတောအတွင်း စုဖွဲ့ပြီး တောနင်းနေကြောင်း ဒေသခံအချို့က ဆိုသည်။ ယင်းသို့ တောနင်းရှာဖွေနေချိန်တွင် ဆီအုန်းတောအစပ်တွင် နွားကျောင်းနေသည့် ညင်းမော်ရွာနေ အသက် ၁၇ နှစ်ဝန်းကျင်ရှိ ကိုဖြိုးကို ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူကပြောသည်။ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ကိုဖြိုးကို၏ တင်ပါးတွင် သေနတ်ဒဏ်ရာရခဲ့ပြီး သွေးထွက်လွန်နေကြောင်း ၎င်းက ဆိုသည်။ “ဒဏ်ရာက တင်ပါးကနေ ပေါင်ကို ဖောက်ထွက်သွားတာ။ […]