သောကြာပြင်ရွာလမ်းမပေါ်တွင် ဆိုင်ကယ်စီးလူငယ်တစ်ဦး အဖမ်းခံရ
diz_admin
December 26, 2022လောင်းလုံးမြို့နယ် သောကြာပြင်ရွာတွင် ဆိုင်ကယ်စီးလူငယ်တစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံအချို့က ပြောသည်။ ဒီဇင်ဘာလ ၂၄ နံနက်ပိုင်းက ဆိုင်ကယ်စီးလာသည့် အဆိုပါလူငယ်ကို ကံသာဘုန်းကြီးကျောင်းအရှေ့တွင် စစ်ကောင်စီတပ်က စောင့်ဆိုင်းဖမ်းဆီးသွားခြင်းဖြစ်ပြီး ဆိုင်ကယ်ကိုပါ သိမ်းယူသွားကြောင်း မျက်မြင်တွေ့ခဲ့သည့် အမျိုးသားတစ်ဦးက ဆိုသည်။ “သတင်းရလို့ဖြစ်မယ်။ နှစ်ယောက်က ကြိုပြီးလာစောင့်နေတယ်။ နောက်ပြီး ဟွန်ဒါဖစ်ကားနဲ့အဖွဲ့က နောက်ကလိုက်လာပြီး ဖမ်းသွားတာ” ဟု အထက်ပါအမျိုးသားက ပြောသည်။ လူငယ်အဖမ်းခံရသည့်နေရာမှာ ထားဝယ်-မောင်းမကန်ကမ်းခြေသွားသည့် လမ်းပေါ်တွင်တည်ရှိပြီး ထားဝယ်မြို့အထွက် ကမြောကင်းတံတားနှင့်လည်း နီးသည်။ စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် အဆိုပါလူငယ်မှာ မည်သူမည်ဝါမှန်း မသိရသေးသကဲ့သို့ မည်သည့် အကြောင်းအရင်းကြောင့် ဖမ်းဆီးခဲ့သည်ကိုလည်း မသိရသေးပေ။ စစ်ကောင်စီတပ်က လောင်းလုံးမြို့နယ်ရှိ တောင်ကြောတစ်လျှောက် စစ်ကြောင်းထိုးနေပြီး မြို့ပေါ်ရပ်ကွက်နေသူအချို့ကိုလည်း ဖမ်းဆီးထားသည်။ ဒီဇင်ဘာလ ၂၂ ရက်နေ့က စစ်ကောင်စီတပ်က […]