BREAKING
March 16, 2025

ထားဝယ်

လောင်းလုံး မင်္ဂလာဆောင်တွင် ဗုံးပေါက်၊ အမျိုးသမီးသုံးဦး ဗုံးစထိမှန်

diz_admin

December 29, 2022

လောင်းလုံးမြို့ ဝေဒီရွာအရှေ့ပိုင်းက မင်္ဂလာဆောင်တွင် ယနေ့ ဒီဇင်ဘာလ ၂၉ ရက် နံနက်ပိုင်းက ဗုံးပေါက်ကွဲကြောင်း ဒေသခံများထံမှ သိရသည်။ ပေါက်ကွဲမှုကြောင့် အမျိုးသမီး သုံးဦးမှာ ခန္ဓာကိုယ်အောက်ပိုင်းတွင် ထိခိုက်ဒဏ်ရာရသဖြင့် ထားဝယ်ဆေးရုံကြီးသို့ ရေးပေါ်ကားဖြင့် တင်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။ “ပေါက်ကွဲတာက တစ်ချက်ပဲ။ ဒဏ်ရာရတဲ့သူက ခန္ဓာကို အောက်ပိုင်းတွေချည်းပဲ” ဟု ဒေသခံတစ်ဦးက ဆိုသည်။ နောက်ထပ် အမျိုးသား၊ အမျိုးသမီး ဆယ်ဦးခန့်မှာ ပွန်းပဲဒါဏ်ရာရရှိခဲ့ကြောင်း ၎င်းက ပြောသည်။ ထိခိုက်ဒဏ်ရာရရှိသူများမှာ မင်္ဂလာဆောင်သို့ လာရောက်သူများနှင့် မင်္ဂလာဆောင်တွင် ကူညီဆောင်ရွက် နေသူများဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပြုလုပ်သည်ကို Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

မောင်းမကန်တွင် မိသားစုဝင်သုံးဦး ပစ်ခတ်ခံရ၊ တစ်ဦးသေဆုံး

diz_admin

December 28, 2022

လောင်းလုံးမြို့နယ် မောင်းမကန်ရွာတွင် ယနေ့ ဒီဇင်ဘာလ ၂၈ ရက် မွန်းလွဲပိုင်းတွင် မိသားစုဝင်သုံးဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးကာ နှစ်ဦးစိုးရိမ်ရကြောင်း ဒေသခံများက ပြောသည်။ မောင်းမကန် (၁၂) ရပ်ကွက် ဒေသခေါ် အန်တောပြင်တွင် နေထိုင်သည့် အသက် ၆၀ နှစ်အရွယ်ရှိ ဦးစိုးသိန်းဆိုသူ သေဆုံးကာ သမီးဖြစ်သူ မအေးလဲ့ထွေးနှင့် သားမက်ဖြစ်သူ ဦးနိုင်ဦးတို့ ဒဏ်ရာရကြောင်း ၎င်းတို့က ဆိုသည်။ ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် နေအိမ်၌ အိမ်အမိုး မိုးနေစဉ် လက်နက်ကိုင် လူတစ်စုက လာရောက် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သေနတ်သံတော့ လေးငါးခြောက်ချက်လောက်ကြားရတယ်။ ဖြစ်ဖြစ်ချင်းဘယ်သူမှ သွားမကြည့်ရဲကြဘူး” ဟု ၎င်းက ပြောဆိုသည်။ အဆိုပါမိသားစုဝင်သုံးဦးကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် […]

ထားဝယ်နာရေးကူညီမှုအသင်း အတွင်းရေးမှူး ဦးအောင်နိုင်ဦးနှင့်ဇနီးတို့ကို စစ်ကောင်စီဖမ်းဆီး

diz_admin

December 28, 2022

ထားဝယ်နာရေးကူညီမှုအသင်း၏ အတွင်းရေးမှူးဖြစ်သူ ဦးအောင်နိုင်ဦးနှင့် ဇနီးဖြစ်သူကို မနေ့ (ဒီဇင်ဘာ ၂၇)ညက ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်ရှိ နေအိမ်တွင် စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံအချို့က ပြောဆိုသည်။ ဦးအောင်နိုင်ဦးတို့ လင်မယားကို စစ်ကောင်စီက မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရသေးသလို မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသွားသည်ကို မသိရသေးကြောင်း နီးစပ်သူအသိုင်းအဝိုင်းက ပြောဆိုသည်။ “မနက်တုန်းက အိမ်မှာသွားကြည့်တာလည်း မရှိဘူး၊ လင်မယားနှစ်ယောက်လုံး ပါသွားတယ်လို့ ကြားတယ်၊ ကလေးတစ်ယောက်တော့ အိမ်မှာရှိနေတယ်၊ ကလေးကိုမေးတာလည်း ကလေးကလည်း ဘာမှမသိဘူး” ဟု ဦးအောင်နိုင်ဦးနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။ နာရေးကူညီမှုအသင်း-ထားဝယ်မှာ ကိုဗစ်ကာလအတွင်း ထားဝယ်မြို့တွင်းနှင့် ထားဝယ်ပြည်သူ့ဆေးရုံကြီးမှ အလောင်းများ ကူညီသယ်ဆောင်ခြင်း မီးသင်္ဂြိုဟ်ခြင်းများကို လုပ်ဆောင်ပေးနေသည့် အဖွဲ့ဖြစ်ပြီး ဦးအောင်နိုင်ဦးမှာ တက်တက်ကြွကြွ ပါဝင်ကူညီ လုပ်ကိုင်ပေးနေသူလည်းဖြစ်သည်။ ထားဝယ်ခရိုင်ကြက်ခြေနီအဖွဲ့၏ […]

ရေဖြူတွင် စစ်‌ကားမိုင်းဆွဲခံရ၊ အမျိုးသမီးတစ်ဦးသေဆုံး

diz_admin

December 28, 2022

ရေဖြူမြို့နယ် ညင်းထွေးရွာနှင့် ဇီးကျရွာကြား လမ်းပိုင်းတစ်နေရာတွင် ယနေ့ ဒီဇင်ဘာလ ၂၈ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်ကားတန်း မိုင်းဆွဲခံရပြီးနောက် ပစ်ခတ်သံများ ဆက်တိုက်ကြားရကြောင်း ဒေသခံများက ပြောသည်။ ယင်းနောက် အဆိုပါနေရာတွင် ခရီးသွားအမျိုးသမီးတစ်ဦး ဦးခေါင်း ကြေမွဒဏ်ရာဖြင့် သေဆုံးနေကြောင်း ၎င်းတို့က ဆိုသည်။ နံနက် ၆ နာရီဝန်းကျင်တွင် ရေဖြူဖက်မှ ထားဝယ်သို့လာသော စစ်ကားခြောက်စီးခန့် ဇီးကျရွာအနီး မိုင်းဆွဲခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။ “မိုင်းပေါက်တာ ငါးလုံးလောက်ရှိတယ်။ ပြီးတာနဲ့ သေနတ်သံတွေ ထွက်လာတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။ ယင်းမိုင်းဆွဲခံရပြီး ပစ်ခတ်မှုဖြစ်သည့်နေရာတွင် အသက် ၂၀ကျော်အရွယ်ရှိ ဇီးကျရွာသူ မပန်းအိဖြူမှာ သေဆုံး‌ နေကြောင်း ၎င်းက ဆိုသည်။ မပန်းအိဖြူသည် ယနေ့ နံနက်စောစော ညင်းထွေးရွာသို့ […]

၁၉၁ ခေါ်ဆိုမှုများပြားနေ၊ စမ်းသပ်မခေါ်ကြရန် မီးသတ်အဖွဲ့ထုတ်ပြန်

diz_admin

December 28, 2022

မီးလောင်ပါက ဆက်သွယ်နိုင်သည့် အရေးပေါ်ဖုန်းနံပါတ် ၁၉၁ သို့ ဖုန်းခေါ်ဆိုသူ အရမ်းများပြားနေကြောင်း ထားဝယ်ခရိုင် မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အရေးပေါ်မဟုတ်ဘဲ မဆက်ကြပါနဲ့လို့။ မီးလောင်တယ်ဆိုရင် ဒါမှမဟုတ် အခြားအရေးပေါ်ကိစ္စဆိုရင် ၂၄ နာရီ အချိန်မရွေးဆက်လို့ရပါတယ်။ စမ်းသပ်ပြီး ဆက်တာမျိုး မလုပ်ကြဖို့ပြောချင်ပါတယ်” ဟု ၎င်းကဆိုသည်။ မော်တော်ယာဉ်တွင် ၁၉၁ စတေကာမတပ်ပါက ဒဏ်ရိုက်ခံရမည်ဆိုသည့် ကောလာဟလသတင်းတစ်ခု ဒီဇင်ဘာလ ၂၇ ရက်က ပျံ့နှံ့လာခဲ့ပြီးနောက် တိုင်းမီးသတ်ဦးစီးဌာနတွင် စတေကာလာရောက်တပ်ဆင်သူ များပြားလာခဲ့သည်။ ယင်းနောက် ၁၉၁ အရေးပေါ်ဖုန်းနံပါတ်သို့ စမ်းသပ်ခေါ်ဆိုသူများရှိလာခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးမှူးကပြောသည်။ “မနေ့က (ဒီဇင်ဘာလ ၂၇ ရက်) ကတော့ ဖုန်းခေါ်ဆိုတာအရမ်းများတယ်။ ဒီနေ့‌( ဒီဇင်ဘာလ ၂၈ ရက်) မှာတော့ နည်းနည်းကျဲသွားပြီ” ဟု ၎င်းကဆိုသည်။ […]

ထားဝယ်တွင် ကွမ်းသီးခြောက်ဈေးကျ

diz_admin

December 28, 2022

ထားဝယ်ခရိုင်တွင် ကွမ်းသီးခြောက်ဈေးကျနေကြောင်း ပွဲရုံအချို့နှင့် ဒေသခံတောင်သူအချို့ထံမှ သိရသည်။ ယခုနှစ် သီတင်းကျွတ်ကာလမှ အောက်တိုဘာလကုန်ထိ ကွမ်းသီးခြောက် တစ်ပိဿာလျှင် ကျပ် ၄၅၀၀ မှ ၅၀၀၀ အတွင်းဈေးရှိခဲ့သည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ကဆိုလျှင် တစ်ပိဿာလျှင် ၉၅၀၀ ကျပ်အထိ ဈေးကောင်းရခဲ့သည်။ ယခုအခါ တစ်ပိဿာလျှင် ၄၀၀၀ ကျပ်မှ ၄၂၀၀ ကျပ်အထိသာ ဈေးရှိတော့ကြောင်း ထားဝယ်မြို့ ဝဲကျွန်းရပ်ကွက်မှ ကွမ်းသီးခြောက်ပွဲရုံပိုင်ရှင်တစ်ဦးက ပြောသည်။ “ကွမ်းသီးအဟောင်းတွေရှိသေးတော့ ဈေးက မတက်သေးဘဲဖြစ်နေတယ်။ Export ပိတ်ထားတယ်။ အခုက ရန်ကုန်လည်း မတင်ဖြစ်ဘူး။ ဒီအတိုင်းပဲ ဝယ်ပြီးတော့ပဲ ထားထားတယ်။ ရန်ကုန်မှာလည်း အရောင်းအေးတယ် ဆိုပြောတယ်၊ အရောင်းအဝယ်ပါးနေတယ်။ တမူးတွေဘက်က သွားလည်း မရဘဲကိုး” ဟု ၎င်းက ဆိုသည်။ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်ဖြစ်သည့် […]

ဒဏ်ငွေကောလာဟလကြောင့် ဆိုင်ကယ်တွင် မီးသတ်အရေးပေါ်နံပါတ် လာတပ်သူများပြား

diz_admin

December 27, 2022

တနင်္သာရီတိုင်း မီးသတ်ဦးစီးဌာနရုံးတွင် ယနေ့ ဒီဇင်ဘာလ ၂၇ ရက် နံနက်ပိုင်းမှစပြီး အရေးပေါ် ၁၉၁ ဖုန်းနံပါတ် စတေကာ တပ်ဆင်သူများဖြင့် တိုးဝှေ့လျှက်ရှိကြသည်။ ဆိုင်ကယ်ပေါ်တွင် ၁၉၁ နံပါတ် မတပ်ဆင်ပါက ဒဏ်ငွေအရိုက်ခံရမည်ဆိုသည့် ကောလာဟလသတင်းကြောင့် ယင်းကဲ့သို့ တိုးဝှေ့တပ်ဆင်နေကြခြင်းဖြစ်ကြောင်း လာရောက်တပ်ဆင်သူများက ပြောဆိုကြသည်။ “မတပ်ရင် ဒဏ်ငွေ ငါးသောင်း (ကျပ်) ဆောင်ရမယ်ပြောလို့လာတပ်တာပါ” ဟု မီးသတ်ရုံးဝင်းအတွင်း ၁၉၁ နံပါတ်စတေကာ လာတပ်သူတစ်ဦးက ‌ ပြောသည်။ ထားဝယ်ခရိုင် မီးသတ်ဦးစီးမှူး ဦးသိန်းဇော်ဝင်းကမူ ဒဏ်ငွေရိုက်မည် မဟုတ်ကြောင်း ပြောဆိုသည်။ “ကျွန်တော်တို့ ဒဏ်ငွေရိုက်တာ ဘာညာ လုံးဝမလုပ်ပါဘူး။ အလကား ကပ်ပေးနေပါတယ်။ မတပ်တဲ့ဆိုင်ကယ်ကို ဒဏ်ငွေရိုက်မယ်ဆိုတာ ကျွန်တော်တို့အနေနဲ့ မလုပ်ပါဘူး” ဟု ၎င်းက ယနေ့ နံနက် […]

ညင်းမော်တွင် စစ်ကောင်စီတပ် ထွက်သွား‌ပြီးနောက် အိမ်ဖောက်ထွင်းခံရ

diz_admin

December 26, 2022

လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်ရှာ‌ဖွေခဲ့သည့် စစ်ကောင်စီတပ် ထွက်သွားပြီးနောက် နေအိမ်ဖောက်ထွင်းခံရကြောင်း ဒေသခံအချို့က ပြောသည်။ ဒီဇင်ဘာလ ၂၃ ရက် နံနက်ပိုင်းတွင် ညင်းမော်ကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်ရှာဖွေစစ်ဆေးပြီး ညအိပ်နေထိုင်ခဲ့သည်။ ဒီဇင်ဘာလ ၂၄ ရက်မနက်ပိုင်းတွင် ရွာမှထွက်ခွာပြီး ကပ်လျက်ရှိ စစ်ပြဲကျေးရွာသို့ ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့သည်။ ယင်းကဲ့သို့ စစ်ကောင်စီတပ်ထွက်ခွာသွားသည့် ဒီဇင်ဘာလ ၂၄ရက် ညတွင် ညင်းမော်ရွာက နေအိမ်တစ်ဆောင် ဖောက်ထွင်းခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ ညင်းမော်ကျေးရွာ စာသင်ကျောင်းနှင့် မျက်နှာချင်းဆိုင်က ဆေးခန်းကို ဖောက်ထွင်းသွားခြင်းဖြစ်ပြီး ပစ္စည်း အနည်းငယ်သာ ပါသွားခဲ့ကြောင်း ပြောဆိုသည်။ “စစ်တပ်က ဝင်မွှေသွားလို့ ကြောက်နေတာကို အခွင့်ကောင်းယူပြီး ကြားက ဝင်ဆွဲသွားတာဖြစ်မယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ အရပ်မောင်းကောင်းကောင်းလူတစ်ဦး ညဘက်နေအိမ်များကို […]