BREAKING
March 16, 2025

ထားဝယ်

ထားဝယ်တွင် ကြက်သွန်နီဈေးဆက်တိုက်ကျ

diz_admin

December 31, 2022

ထားဝယ်တွင် ဒီဇင်ဘာလ ပထမပတ်ကစပြီး နောက်ဆုံးပတ်အထိ ကြက်သွန်နီဈေး ဆက်တိုက်ကျဆင်းနေသည်။ ထားဝယ်တွင် ကြက်သွန်ဟောင်းပြတ်ချိန် တစ်ပိဿာ ငါးထောင်ဝန်းကျင်တွင် အတက်ဈေးဖြင့် မာနေသည့် ကြက်သွန်နီ ဈေးသည် ဒီဇင်ဘာလ ပထမပတ်ကစပြီး တစ်ပိဿာ ၄၇၀၀ ကျပ်ခန့် ဖြစ်လာခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် တစ်ပိဿာ ၃၅၀၀ ကျပ်ခန့်သာ ဈေးရှိတော့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ “အဲဒါက လက်ရွေး (စိတ်ကြိုက်ရွေးဝယ်နိုင်တာ) ပါ။ အရင်က တစ်ပိဿာ ငါးထောင်နီးပါးထိ ဈေးတက်တာ” ဟု ထားဝယ်မုန့်လက်သုတ်ရောင်းသူ အမျိုးသမီးတစ်ဦးက ပြောသည်။ လက်ရှိထားဝယ် လက်လီလက်ကားဈေးကွက်တွင် ယခင်က ကျပ်သုံးသောင်းခွဲဝန်းကျင်ရှိသည့် ရိုးရိုးကြက်သွန် ဆယ်ပိဿာ တစ်အိတ်ကို ၂၇၀၀ဝကျပ် နှင့် ယခင်က လေးသောင်းဝန်းကျင်ခန့်ရှိသည့် မြစ်သား (အသန့်) […]

သရက်ချောင်း၊ ဘုတ်တောင်ရွာအနီး စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

diz_admin

December 30, 2022

သရက်ချောင်းမြို့နယ်၊ ဘုတ်တောင်ရွာအနီး ၄၇ မိုင်နှင့် ၄၈ မိုင်အကြားတွင် စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်း ဒီဇင်ဘာလ ၂၉ ရက် ညနေ ၄နာရီဝန်းကျင်တွင် မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ အင်အား ၇၀ ခန့်ရှိသည့် အဆိုပါစစ်ကြောင်းသည် သေနတ်များပစ်ဖောက်ကာ ပုလောဘက်ကို သွားနေခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရကြောင်း ဒေသခံအချို့က ဆိုသည်။ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ခန့်ကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကမူ ညနေ ၅ နာရီအထိ ပစ်ခတ်နေခဲ့ကြောင်း ဒေသခံအချို့ထံ၏ ပြောပြချက်အရ သိရသည်။ “ပစ်သံတွေကတော့ ညနေအထိ ကြားရတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုရှိသည်ဟု ကြားသိရသော်လည်း မည်မျှထိခိုက်သွားသည်ကိုမူ တိတိကျကျ မသိကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ […]

ထားဝယ်ခရိုင်တွင် အလုပ်သမားခ ဈေးတက်

diz_admin

December 30, 2022

ထားဝယ်ခရိုင်တွင် အလုပ်သမားရှားပါးလာမှုနှင့် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်မှုတို့ကြောင့် အလုပ်သမား ငှားရမ်းခ ဈေးလည်း လိုက်တက်လာကြောင်း ဒေသခံများထံမှ သိရသည်။ ယခုပွင့်လင်းရာသီတွင် ရော်ဘာ၊ ကွမ်းသီး၊ ဥယျာဉ်ခြံလုပ်ငန်းနှင့် လယ်ယာ၊ ဆား၊ ဆောက်လုပ်ရေးလုပ်ငန်းများ အတွက် နေရာဒေသ၊ လုပ်ငန်းကျွမ်းကျင်မှုအပေါ်မူတည်ပြီး လူတစ်ဦးလျှင် တစ်ရက်လုပ်ခ ၁၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိ ဈေးတက်သွားကြောင်း အလုပ်ရှင်နှင့် အလုပ်သမားအချို့က ပြောဆိုသည်။ ပြည်တွင်းနေထိုင်သူများမှာ စစ်အာဏာသိမ်းမှုကြောင့် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာနှစ်ခုစလုံး မလုံမခြုံ ခံစားနေရပြီး ပဋိပက္ခကာလတွင် နှစ်ဖက်လက်နက်ကိုင်တို့၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသူများရှိသလို စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံရမှုများလည်း ဖြစ်ပေါ်လျှက်ရှိသည်။ ယင်းအပြင် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှုနှင့်အတူ အထွေထွေကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကိုပါ ခါးစည်းခံနေရခြင်း ကြောင့် ပြည်ပထွက်ခွာသွားသူများရှိသလို မလုံခြုံမှုကြောင့် အခြားနေရပ်ကို ထွက်ပြေးတိမ်းရှောင်နေရသူများလည်း […]

ထားဝယ်နာရေးကူညီမှုအသင်း အတွင်းရေးမှူး ဦးအောင်နိုင်ဦးနှင့်ဇနီး ပြန်လွတ်

diz_admin

December 29, 2022

ထားဝယ်နာရေးကူညီမှုအသင်း၏ အတွင်းရေးမှူးဖြစ်သူ ဦးအောင်နိုင်ဦးနှင့် ဇနီးဖြစ်သူတို့ ယနေ့ (ဒီဇင်ဘာ ၂၉)နေ့လယ်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ၎င်းတို့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ပြောဆိုသည်။ ဒီဇင်ဘာ ၂၇ ရက်နေ့ညက ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်ရှိ နေအိမ်တွင် စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ “ကျွန်တော်ဖုန်းဆက်လိုက်တာ အိမ်ပြန်ရောက်သွားပြီဆိုပြောတယ်။ ဦးအောင်နိုင်ဦးကိုပဲ ဆက်လိုက်တာ။ ဘာကြောင့် ဖမ်းသွားတယ်ဆိုတာတော့ မမေးစားဖြစ်ဘူး။ သူပြန်ရောက်ပြီလို့ပြောတယ်။ ရောက်ရင်ရပြီလို့ နောက်မှပဲ မေးစားတော့မယ်လို့ ကျွန်တော်အဲ့တိုင်းပဲ ပြောလိုက်တယ်” ဟု ၎င်းနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။ ဦးအောင်နိုင်ဦးတို့ လင်မယားကို စစ်ကောင်စီက မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသွားသည်ကို မေးမြန်းရန် ဖုန်းဆက်ခဲ့သော်လည်း ဖုန်းကိုင်ခြင်းမရှိသေးသဖြင့် အကြောင်းရင်းကို မသိရသေးပေ။

တနင်္သာရီဂျာနယ် ပင်တိုင်ဆောင်းပါးရှင် အောင်လွင်(ကံပေါက်သား) ထောင်ဒဏ် ငါးနှစ်ချခံရ

diz_admin

December 29, 2022

တနင်္သာရီတိုင်းအခြေစိုက် ထုတ်ဝေခဲ့သည့် တနင်္သာရီဂျာနယ်၏ ပင်တိုင်ဆောင်းပါးရှင်တစ်ဦးဖြစ်သည့် အောင်လွင် (ကံပေါက်သား) ကို ဒီဇင်ဘာလ ၂၉ ရက် တွင် ထောင်ဒဏ် ၅ နှစ်ချခံလိုက်သည်။ ဆောင်းပါးရှင် အောင်လွင်(ကံပေါက်သား) အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေပုဒ်မ- ၅၂ (က) ဖြင့် တရားစွဲဆိုပြီး ထားဝယ်မြို့နယ် တရားရုံးတွင် ထိုသို့ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ “ကျန်းမာရေးကောင်းတယ်လို့ ပြောတယ်။ ကျန်တာတော့ ဘာမှ ထူးထူးထွေထွေ မပြောဘူး”ဟု မြို့နယ် တရားရုံးတွင် သွားရောက်တွေ့ဆုံခဲ့သူ တစ်ဦးက ဆိုသည်။ ဦးအောင်လွင်အား ယခုနှစ် ဧပြီလ ၈ ရက်နေ့က ထားဝယ်မြို့အဝင် ကမြောကင်းတံတားဂိတ်တွင် ၎င်းစီးနင်းလာသည့် ယာဉ်မောင်းနှင့်အတူ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ယနေ့ တရားရုံးမှ အမိန့်ချမှတ်ချိန်တွင်မူ ဦးအောင်လွင်နှင့်အတူ အဖမ်းခံရသည့် ယာဉ်မောင်းဖြစ်သူမှာ အမှုမှ […]

ထားဝယ်တွင် နေအိမ် ဖောက်ထွင်းခံရ

diz_admin

December 29, 2022

ထားဝယ်မြို့ ဝဲကျွန်းမြို့သစ်ရပ်ကွက် (၇) လမ်းတွင် ဒီဇင်ဘာလ ၂၇ ရက်နေ့က တိုက်အိမ်တစ်လုံး ဖောက်ထွင်း ခံရကြောင်း နေအိမ်ပိုင်ရှင်မိသားစုဝင်များထံမှ သိရသည်။ သစ်သားကုလားထိုင် ငါးလုံး၊ သစ်သားစားပွဲတစ်လုံး၊ ၆ ပေ ၃ပေ ဗီရိုတစ်လုံး၊ ဆုံလည်ကုလားထိုင်တစ်လုံး၊ လေးထောင့် စားပွဲတစ်လုံးနှင့် ရေစုပ်မော်တာတစ်လုံး၊ သွပ်ပြားသုံးချပ် အခိုးခံလိုက်ရကြောင်း အိမ်ရှင်ဖြစ်သူ ဦးမောင်စိန်က ပြောသည်။ “စုစုပေါင်း ကာလတန်ဖိုးဆိုရင် သိန်းနှစ်ဆယ်ဝန်းကျင်လောက် ရှိမယ်” ဟု ၎င်းက ဆိုသည်။ အဆိုပါ တစ်ထပ်တိုက်အိမ်မှာ ဆောက်လုပ်ဆဲဖြစ်ပြီး လူအမြဲနေထိုင်ခြင်း မရှိသေးကြောင်း နေအိမ်ပိုင်ရှင်က ပြောဆိုသည်။ “ကျွန်တော်က အိမ်ကိုသွားမကြည့်ဖြစ်တာ တစ်ပတ်ခန့်ကြာပြီ။ အိမ်က နှစ်ထပ်ဆောက်ဖို့ လုပ်ထားတော့ လှေကားပေါက် ဖောက်ထားတယ်ပေါ့နော်။ အဲဒီကနေဆင်းပြီး အခန်းတံခါးတွေကို သံတူးရွင်းနဲ့ ဖောက်ပြီးခိုးသွားတာ” ဟု […]

မင်္ဂလာဆောင် ဗုံးပေါက်ကွဲမှု ကန့်ကွက်ရှုတ်ချကြောင်း လောင်းလုံး PDF ထုတ်ပြန်၊ ပျူစောထီးလက်ချက်ဟု သတင်းထွက်

diz_admin

December 29, 2022

လောင်းလုံးမြို့နယ် ဝေဒီရွာ မင်္ဂလာဆောင်တွင် ဗုံးပေါက်ကွဲမှု ကန့်ကွက်ရှုတ်ချကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF)က ထုတ်ပြန်လိုက်သလို ဒေသခံအချို့ကလည်း ပျူစောထီး(စွန်ရဲ)အဖွဲ့၏လက်ချက် ဟုပြောဆိုနေကြသည်။ ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ယင်းပေါက်ကွဲမှုမှာ LLPDF အဖွဲ့နှင့် သက်ဆိုင်ခြင်း မရှိဘဲ ယင်းသို့လုပ်ဆောင်မှုအား အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း လောင်းလုံးPDFက ထုတ်ပြန်လိုက်သည်။ ဝေဒီရွာတွင် မင်္ဂလာပွဲများ ပြုလုပ်လျှင် ပျူစောထီးအဖွဲ့ကို ငွေပေးရပြီး မပေးပါက ယင်းအဖွဲ့က သတိပေးခြိမ်းခြောက် ပြောဆိုခြင်းများ ပြုလုပ်လေ့ရှိသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ “ကျွန်တော်တို့ သိရတာက ပိုက်ဆံမပေးလို့ လုပ်တယ်ဆိုပြီး သတင်းကြားတယ်” ဟု ၎င်းက ဆိုသည်။ ဒီဇင်ဘာလ ၂၇ ရက်နေ့ကလည်း ဝေဒီရွာတွင် မင်္ဂလာဆောင်တစ်ခုပြုလုပ်ခဲ့ပြီး နောက်ထပ်လည်း မင်္ဂလာပွဲများ ဆက်ရှိနေသည့်အတွက် ဒေသခံများက ယနေ့ဖြစ်စဉ်အပေါ် […]

စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို ပစ်သတ်ခဲ့ကြောင်း လောင်းလုံးပြည်သူ့ကာကွယ်ရေးအဖွဲ့ထုတ်ပြန်

diz_admin

December 29, 2022

လောင်းလုံး ရှင်မော်သွားလမ်းပိုင်းတစ်နေရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို လောင်းလုံးမြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပစ်သတ်ခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်ကြီး ပြုံးချိုဆိုသူအား ဒီဇင်ဘာလ ၂၈ ရက် မွန်းလွဲ ၂ နာရီကျော်တွင် ပစ်သတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “လမ်းမှာဖမ်းလာပြီးမှ ရွာနားကတောင်ကုန်းပေါ်မှာ ပစ်သတ်လိုက်တာဖြစ်မယ်။ သေနတ်ပစ်သံ သုံးချက်လောက် ကြားလိုက်တယ်။ ဖြစ်ဖြစ်ချင်းတော့ သွားမကြည့်ရဲဘူး။ ညနေလောက် သွားကြည့်တော့ ‌ခေါင်းပွင့်ပြီး သေနေတာ တွေ့တာပဲ” ဟု အလောင်းကိုတွေ့ခဲ့သူတစ်ဦးက ပြောသည်။ သို့သော် သေဆုံးသူမှာ စစ်ကောင်စီတပ်သားတစ်ဦးဟု မသိဘဲ ကျောက်နီမော်ရွာသားတစ်ဦးဟုသာ ကြားသိရကြောင်း ၎င်းက ဆိုသည်။ ပစ်သတ်ခံရသည့် ညနေပိုင်းတွင် အရေးပေါ်ကားတစ်စီးဖြင့် အလောင်းကို သယ်ဆောင်သွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ လောင်းလုံးပြည်သူ့ကာကွယ်ရေးအဖွဲ့ကမူ ပစ်သတ်ခံရသူထံမှ သိမ်းဆည်းရမိသည့် စစ်ကောင်စီဝတ်စုံ၊ […]