ထားဝယ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား အကျဉ်းသူ သုံးရာကျော်ရှိသည်ဟုဆို
diz_admin
January 3, 2023ထားဝယ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား အကျဉ်းသူ သုံးရာခုနှစ်ဆယ့်ငါးဦးရှိကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ဇန်နဝါရီလ ၃ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့အထိ ရရှိထားသည့်စာရင်းများအရ အမိန့်ချပြီးသည့် နိုင်ငံရေးအကျဉ်းသား ၂၈၂ ဦးရှိပြီး ထောင်တွင်း တရားရင်ဆိုင်ဆဲ ၂၇ ဦးရှိကြောင်း အထက်ပါ အဖွဲ့ကထုတ်ပြန်သည်။ အမိန့်ချပြီးသည့် နိုင်ငံရေးအကျဉ်းသူမှာ ၆၃ ဦး၊ တရားရင်ဆိုင်ဆဲ နိုင်ငံရေးအကျဉ်းသူမှာ ၃ ဦးရှိပြီး ပြန်လည်လွတ်မြောက်လာကြသည့် နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူများ မပါဝင်သေးဟု ထုတ်ပြန်ချက်က ဆိုသည်။ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား အကျဉ်းသူ ၂၀၀ ကျော်ရှိမည်ဖြစ်ကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ တာဝန်ရှိသူက ဆိုသည်။ ထားဝယ်အကျဉ်းထောင်တွင် အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူများနှင့် လက်နက်ကိုင်ခုခံတော်လှန်သူများကို စစ်ကောင်စီက […]