ထားဝယ် ဝကုန်းရွာက နေအိမ် ၁၀ ကျော် မီးရှို့ခံရ
diz_admin
January 8, 2023ထားဝယ်မြို့နယ်၊ ဝကုန်းရွာတွင် နေအိမ်များ ယနေ့ နံနက်ပိုင်းမှ စတင်ကာ မီးရှို့ခံနေရပြီး ညနေပိုင်းအထိ မီးလောင်နေဆဲ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ဇန်နဝါရီ ၇ ရက်နေ့က သင်္ကန်းတုံးနှင့် ဝကုန်းရွာကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယနေ့ ဇန်နဝါရီလ ၈ ရက် နံနက် ၆ နာရီခန့်တွင်မူ စစ်ကောင်စီတပ်က ဝကုန်းရွာထဲသို့ ဝင်ရောက်လာကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းသို့ဝင်ရောက်လာပြီးနောက် မိနစ် အနည်းငယ်အကြာတွင် မီးစလောင်ခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ညနေ ၃ နာရီအထိ မီးလောင်နေဆဲ ဖြစ်ပြီး နေအိမ် ၁၅ လုံး ဝန်းကျင် မီးလောင်ပျက်စီး သွားပြီဖြစ် ကြောင်း ဒေသခံအချို့က ပြောဆိုသည်။ “မီးရှို့ခံရတဲ့နေအိမ်တွေက ပြာကျနေပြီ […]