BREAKING
April 19, 2025

ထားဝယ်

ကမြောကင်းတံတား ပစ်ခတ်မှုအပြီး မပေါက်ဘဲကျန်နေသည့် လက်နက်ကြီးကျည်ကို ဖောက်ခွဲရှင်းလင်း

Dawei Watch

January 28, 2025

လောင်းလုံးမြို့နယ်ရှိ ကမြောကင်းတံတား စစ်ဆေးရေးဂိတ် ပစ်ခတ်ခံရပြီးနောက် စာသင်ကျောင်းဝင်းအနီးတွင် မပေါက်ဘဲကျန်နေသေးသည့် လက်နက်ကြီးတစ်လုံးကို ယနေ့(ဇန်နဝါရီ ၂၈) မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်က ဖောက်ခွဲရှင်းလင်းလိုက်ကြောင်း ခရီးသွားများနှင့် ဒေသခံများကပြောသည်။ ဇန်နဝါရီလ ၂၇ ရက်နေ့ ညနေပိုင်းတွင် ကမြောကင်းတံတားရှိ စစ်ကောင်စီတပ် ပစ်ခတ်ခံရပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းပစ်ခတ်မှုမှ လက်နက်ကြီး တစ်လုံးသည်ကမြောကင်းတံတား စစ်ဆေးရေးဂိတ်အနီးရှိ ကဘူကျေးရွာ အခြေခံပညာမူလတန်းကျောင်းဝင်းအနီးတွင် မပေါက်ကွဲပဲကျန်နေသည်ကို ယနေ့နံနက်ပိုင်းက တွေ့ရကြောင်း ခရီးသွားများနှင့် ဒေသခံများကပြောသည်။ ယင်းလက်နက်ကြီးကို ယနေ့ မွန်းလွဲ ၂ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်မှ လာရောက်ရှင်းလင်း လိုက်သည်ဟု ဒေသခံကပြောသည်။ “မိုင်း(လက်နက်ကြီး)တွေ့လို့ဆိုပြီး ခရီးသွားတွေ အကုန်တားထားတယ်။ သိပ်မကြာဘူး BE တပ်က နေပြီး မိုင်းရှင်းတဲ့ကိရိယာတွေနဲ့ လာပြီးဖောက်ခွဲပစ်လိုက်တယ်။ အကျယ်ကြီးပဲကြားရတာ ကလေးတွေ […]

ကမြောကင်းတံတားတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်၊ မိန်းကလေးတစ်ဦးဒဏ်ရာရ

Dawei Watch

January 28, 2025

ထားဝယ်မြို့အဝင် ကမြောကင်းတံတားကို တော်လှန်ရေးတပ်ဘက်က လာရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အရပ်သားမိန်းကလေးတစ်ဦး ဒဏ်ရာရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဇန်နဝါရီလ ၂၇ရက် ညနေ ၆နာရီဝန်းကျင်တွင် ကမြောကင်းတံတားဂိတ်ကို ဒူရကစစ်ကြောင်းက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ယင်းစစ်ကြောင်း၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ အပြန်အလှန် ပစ်ခတ်မှု ၁၅ မိနစ်ခန့်ရှိခဲ့ကာ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုကိုမူ အသေးစိတ်သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ ယင်းသို့တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အဆိုပါလက်နက်ကြီးကျည် အချို့မှာ ကမြောကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။ ကမြောရွာသူ အသက် ၁၆နှစ်ဝန်းကျင်အရွယ် မိန်းကလေးတစ်ဦး လက်နက်ကြီးစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ “သီဟိုဋ္ဌ်စေ့လုပ်ရာကနေ ပြန်လာပြီး […]

ထားဝယ်အကျဥ်းထောင်တွင် ကျန်းမာရေးစောင့်ရှောက်မှု အလုံအလောက်မရ

Dawei Watch

January 27, 2025

ထားဝယ်အကျဥ်းထောင် အမျိုးသမီးအဆောင်ဘက်ခြမ်းတွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလခန့်ကစ၍ ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာ မရရှိဘဲ ဖြစ်နေကြောင်း အကျဥ်းသူမိသားစုများထံမှ သိရသည် ။ နေ့စဥ် ကျန်းမာရေးကြည့်ရှု စစ်ဆေးပေးချိန် မိနစ် ၃၀ ခန့်သာပေးသဖြင့် အကျဥ်းသူပမာဏများပြီး အချိန်နည်းနေ၍ ကျန်းမာရေးစောင့်ရှောက်မှုပိုင်းတွင် လိုအပ်ချက်ဖြစ်နေကြောင်း နိုင်ငံရေးအကျဥ်းသူတစ်ဦး၏ မိသားစုဝင်တစ်ဦး ကပြောသည်။ “အမျိုးသမီးဘက်ခြမ်းမှာက ဆရာဝန်တွေ ၊ ဆေးမှူးတွေကအမြဲမလာဘူး။ အကျဥ်းသူတစ်ယောက်ကိုပဲ ပြန်တာဝန်ပေးထားတာမျိုးရှိတယ်။ သူက သွေးပေါင်ချိန်ဖို့လောက်ကို မလုပ်ပေးချင်ဘူး ။ အချိန်မလောက်တာရော ၊ မလုပ်ပေးချင်တာရောပဲ ။ ဆေးဝါးဆိုလည်း ပါရာစီတမော လောက်ပဲရတယ် ။ ကျန်တာ အပြင်ကပြန်မှာနေရတာပဲ ” ဟု ၎င်းကပြောဆိုသည် ။ ယခင်က ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ညနေ ၄ နာရီနောက်ပိုင်းတွင် လူနာဦးရေ […]

ရေဖြူတွင် တော်လှန်ရေး တပ်စခန်းတစ်ခု တိုက်ခိုက်ခံရ

Dawei Watch

January 26, 2025

ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသ မူးဒူးရွာအနီးရှိ တော်လှန်ရေး တပ်စခန်းတစ်ခု စစ်ကောင်စီတပ်က ဝင်ရောက်တိုက်ခိုက်သွားကြောင်း ဒေသခံများနှင့် တော်လှန်ရေးရဲ‌ဘော်များထံမှ သိရသည်။ ဇန်နဝါရီ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် အင်အား ၈၀ ခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းသည် မူးဒူးရွာအနီးရှိ တော်လှန်ရေး စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ရာ တော်လှန်ရေးရဲဘော်သုံးဦး သေဆုံးသွားကြောင်း တော်လှန်ရေးရဲ‌ဘော်တစ်ဦးထံမှ သိရသည်။ “နောက်တန်းကို ဝင်စီးခံရတာပါ ရဲဘော်ခြောက်ဦးအနက် သုံးဦးကျသွားတယ်။ အလောင်းကို သူတို့ မီးရှို့ခဲ့တယ်”ဟု အထက်ပါ ရဲဘော်ကပြောသည်။ ထိုသို့ဝင်ရောက်စီးနင်းတိုက်ခိုက်ချိန်တွင် ကားတစ်စီးကိုလည်း စစ်ကောင်စီတပ်မှ မီးရှို့ခဲ့ပြီး လက်နက်ခဲယမ်းများနှင့် ငွေကျပ်သိန်း ၁၂၀ အပါအဝင် ၊ရွှေတစ်ကျပ်သားနှင့် ဖုန်း ၅ လုံးခန့်ကိုလည်း ယူသွားခဲ့ကြောင်း ၎င်းကဆိုသည်။ “စခန်း တိုက်ခိုက်ခံရချိန်မှာ အမျိုးသမီးတွေနဲ့ ကလေးတွေလည်းရှိတယ်။ […]

ပကာရီရဲစခန်း စစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်သားတစ်ဦး စနိုက်ဘာဖြင့် ပစ်သတ်ခံရ

Dawei Watch

January 24, 2025

ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ၊ ပကာရီရဲစခန်းအနီးရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်သားတစ်ဦး ယနေ့ ဇန်နဝါရီလ ၂၄ရက် နေ့လယ်ပိုင်းက စနိုက်ဘာဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများထံမှ သိရသည်။ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့များ ပူးပေါင်း ပါဝင်သည့် ဒူရကစစ်ကြောင်းက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရုပ်သံနှင့်တကွ ယင်းစစ်ကြောင်းက သတင်းထုတ်ပြန်သည်။ ရုပ်သံမှတ်တမ်းတွင် မော်တော်ကားတစ်စီးဘေးတွင် အရပ်ဝတ်ဖြင့် စစ်ဆေးနေသည့် အမျိုးသားတစ်ဦး သေနတ်ကျည်ဆန် ထိမှန်၍ လဲကျသွားသည်ကို တွေ့ရသည်။ “အရပ်ဝတ်နဲ့ အောက်ဂိတ်မှာ လေးယောက်စစ်နေတာ စနိုက်ဘာနဲ့ ပစ်တာ တစ်ယောက်မှန်သွားတယ်။ အပေါ်စခန်းမှာ လည်း စစ်သားတွေရှိတယ်။ ဖြစ်ပြီးမှ ဆင်းလာကြတယ်” ဟု ဒူရကစစ်ကြောင်း ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။ ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်သားများက လမ်းကို ခေတ္တပိတ်ခဲ့ပြီးနောက် ပြန်ဖွင့်ပေးခဲ့ကြောင်း ရွာသားများထံမှ […]

ကလေးငယ်ကို အဓမ္မပြုကျင့်မှုဖြင့် သက်ကြီးပိုင်းအမျိုးသားတစ်ဦးကို လောင်းလုံးပကဖ ဖမ်းဆီး

Dawei Watch

January 24, 2025

လောင်းလုံးမြို့နယ်၊ ကျေးရွာကျေးရွာတွင် အသက် ၇နှစ်အရွယ် မိန်းကလေးငယ်ကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သည် ဆိုသည့် သက်ကြီးပိုင်းအမျိုးသားတစ်ဦးကို ဖမ်းဆီးထားကြောင်း ‌လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရှဲဒိုးက ပြောသည်။ ယခုရက်သတ္တပတ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဓမ္မပြုကျင့်ခဲ့သူမှာ အသက် ၆၀ ဝန်းကျင်အရွယ်ရှိသည့် ဦးအောင်မိုးဆိုသူဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ မိခင်ဖြစ်သူ အလုပ်ထွက်လုပ်ချိန် တစ်ယောက်တည်းရှိနေသည့် ကလေးငယ်ကို သုံးကြိမ်ထက်မနည်း အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း အကြိမ်ကြိမ် မျက်မြင်တွေ့ရှိသည့် ကလေးများ၏ ပြောဆိုချက်ကို ကိုးကားကာ ဒေသခံများက ပြောဆိုသည်။ “သူ့အမေက ပလုံကောက် အဝတ်လျှော်သွားနေတုန်း ကလေးက ဟိုသွားဒီသွားသွားနေတာပေါ့။ အဲဒါကို (အဓမ္မပြုကျင့် တာကို) ကစားဖော်ကလေးတွေကတွေလို့ ပြန်ပြောရာကနေ သိရတယ်။ ကလေးကို ချော့ပြီးမေးတော့ ဖိုးအောင်မိုး လုပ်လို့ နာတယ်ဆိုပြီး ဖြေတယ်။ […]

ထားဝယ်အရှေ့တော ဝကုန်းရွာတွင် ဒေသခံတစ်ဦး မိုင်းနင်းမိ

Dawei Watch

January 23, 2025

ထားဝယ်မြို့နယ်၊ ဝကုန်းကျေးရွာတွင် ဇန်နဝါရီလ ၂၂ ရက် နံနက်ပိုင်းက ဥယျာဥ်ခြံသွားသည့် ဒေသခံအမျိုးသားတစ်ဦး မိုင်းနင်းမိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ဝကုန်းရွာ ၊ ဘိုးတိုးပွားမိုင်း(သတ္တုတွင်း)အပိုင်းနှင့် တစ်ဆက်တည်းတည်ရှိသည့် ဥယျာဥ်ခြံများတည်ရှိရာ ချောင်ဖျားပိုင်းတွင် မိုင်းနင်းမိခြင်းဖြစ်သည်ဟု ၎င်းတို့ကဆိုသည်။ “နှစ်ယောက်သွားတာ တစ်ယောက်ထိတာပါ ။ ချောင်းဖျားပိုင်းမှာ အခု တစ်ပတ်ကျော်လောက်တုန်းက ဒီဘက် အဖွဲ့တွေ(KNLA) မိုင်းထောင်ထားတာရှိပါတယ်။ အဲတာကြောင့် သူတို့လည်း ဝါးလုံးနဲ့ လမ်းရှင်းပီးသွားရာက အရှေ့ကသွားတဲ့လူမှာထိတာပါ “ ဟု ဖြစ်စဥ်အားသိရှိသည့် ဝကုန်းဒေသခံ တစ်ဦး ကပြောသည်။ မိုင်းနင်းမိသည့် အသက်လေးဆယ်ဝန်းကျင် အမျိုးသားသည် မိုင်းဒဏ်ရာကြောင့် ထားဝယ်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူနေရပြီး ဘယ်ဘက်ခြေတောက်တစ်ဖက် ဖြတ်လိုက်ရကြောင်း ကာယကံရှင် နှင့် နီးစပ်သူများထံကသိရသည်။ ယခုကဲ့သို့ မိုင်းနင်းမိသည့် ဖြစ်စဥ်မဖြစ်ပွားမီ ဇန်နဝါရီလ ၁၂ ရက်နေ့ကတည်းကစ၍ […]

သရက်ချောင်းတွင် ဆိုင်ကယ်မှောက်ပြီး အမျိုးသားတစ်ဦးသေဆုံး

Dawei Watch

January 23, 2025

သရက်ချောင်းမြို့နယ် ပန်းတော ကျေးရွာရထားလမ်းအနီး ဇန်နဝါရီလ ၂၃ ရက်နံနက်ပိုင်းတွင် မော်တော်ဆိုင်ကယ်တိမ်းမှောက်ပြီး အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း မြတ်ပရမီပရဟိတအသင်း (သရက်ချောင်း)ထံမှသိရသည်။ သရက်ချောင်းမြို့နယ် ပန်းတောရွာနှင့် ဆင်ဖြူပြင်ရွာကြား ရထားလမ်းအနီးတွင် မော်တော်ဆိုင်ကယ် တိမ်းမှောက်ပြီး နေရာတွင်ပင်သေဆုံးခဲ့ခြင်းဖြစ်‌ကြောင်း သေဆုံးသူ၏ အမည်နှင့် နေရပ်လိပ်စာ မသိရှိရသေးကြောင်း ယင်းအဖွဲ့ထံမှသိရသည်။ “ကျွန်တော်တို့ ရောက်သွားတော့ လူနာကဆုံးသွားပြီ သူမှာ ၂၀၀တန် တစ်ရွက်နဲ့ မီးခြစ်တလုံးပဲတွေ့ရတယ်။ ဘယ်ကမှန်းမသိသေးဘူး”ဟု မြတ်ပါရမီပရဟိတအသင်း တာဝန်ရှိသူကပြောသည်။ သေဆုံးသူ စီးလာသည့် မော်တော်ဆိုင်ကယ်နံပါတ်မှာ TNI -9W 31002အမျိုးအစား ဖြစ်ပြီး အစိမ်းပုတ်‌ရောင်ဖြစ်ကြောင်း ၎င်းကပြောသည်။ ယခုလက်ရှိသေဆုံးသူ၏ ရုပ်အလောင်းကို သရက်ချောင်း ဆေးရုံရင်ခွဲရုံသို့ပို့ဆောင် ထားရှိကြောင်းသိရသည်။ သေဆုံးသူနှင့်ပတ်သက်၍ မိသားစုဝင်များ မြတ်ပရမီပရဟိတအသင်း-သရက်မြိုနယ်၏ ဖုန်းနံပါတ်ဖြစ်သော ၀၉၂၅၀၇၆၉၄၀၈ သို့လည်း ဆက်သွယ်စုံစမ်းမေးမြန်နိုင်ကြောင်း ယင်းအဖွဲကထုတ်ပြန်ထားရှိသည်။