လောင်းလုံး ဟင်းချိုတောရွာတွင် နေအိမ်ငါးလုံးမီးရှို့ခံရ
diz_admin
January 11, 2023လောင်းလုံးမြို့နယ် ဟင်းချိုတောကျေးရွာတွင် နေအိမ်ငါးလုံး ယနေ့ ဇန်နဝါရီလ ၁၁ရက် နံနက် ၄နာရီခန့်က မီးရှို့ခံရကြောင်း ဒေသခံများထံမှ သိရသည်။ ကျေးရွာ၏ အရှေ့ဘက်က ရေလမ်းခရီးဖြင့် လက်နက်ကိုင် လူနှစ်ဆယ်ခန့် အရပ်ဝတ်ဖြင့် လာရောက်ပြီး မီးရှို့သွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ မီးရှို့ခံရသည့်နေအိမ်များမှာ NLD ပါတီထောက်ခံသူများ၏ နေအိမ်ဖြစ်ပြီး လာရောက်မီးရှို့သူများမှာ ပျူစောထီးများဖြစ်နိုင်ကြောင်း ဒေသခံတို့က ဆိုသည်။ “မီးရှို့ခံရတဲ့ အိမ်တွေက NLD ထောက်ခံသူတွေ။ အခုပဲ သွားငြှိမ်းသတ်ပြီးလာတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ဇန်နဝါရီလ ၁ဝရက်က ဟင်းချိုတောရွာသို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲ ပြုလုပ်ပြီးနောက် ယနေ့ နံနက်ပိုင်းတွင် မီးရှို့ခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံ နောက်တစ်ဦးက ဆိုသည်။ အသေးစိတ် အခြေအနေကို Dawei […]