BREAKING
March 16, 2025

ထားဝယ်

နတ်တွင်းရွာ မင်္ဂလာဆောင်တွင် ဗုံးပေါက်

diz_admin

January 12, 2023

ရေဖြူမြို့နယ်၊ နတ်တွင်းရွာ မင်္ဂလာဆောင်တစ်ခုတွင် ယနေ့(ဇန်နဝါရီ ၁၂ )မနက် ၉နာရီခွဲခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှသိရသည်။ မင်္ဂလာ ဘိသိက်သွန်းအပြီး ကျွေးမွေးဧည့်ခံနေစဉ် မဏ္ဍပ်အဝင်ဝရှိ မင်္ဂလာလက်ဖွဲ့ စာရင်းရေးသည့် စားပွဲအနီး ပေါက်ကွဲခြင်းဖြစ်သည်ဟု မျက်မျက်တွေ့ရှိသူ ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။ “အသံကြားတာပဲ သိလိုက်တယ်။ လူက ထုံသွားပြီး သတိဝင်လာချိန် ဖုံတွေတစ်လိမ့်လိမ့်တက်လာတာ‌ တွေ့တယ်။ ယမ်းနံလည်းရတယ်”ဟု ထိုအမျိုးသမီးကပြောသည်။ ဗုံးပေါက်ကွဲသည့်အိမ်မှာ နတ်တွင်းရွာသားများဖြစ်သည့် ဦးကျော်အောင် ဒေါ်ချိုမာအေးတို့ မင်္ဂလာနေအိမ်ဖြစ်သည်။ အဆိုပါပေါက်ကွဲမှုကြောင့် အမျိုးသား၊အမျိုးသမီး ခြောက်ဦးခန့် မှာ ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သည်ဟုသိရပြီး ထိတ်လန့်ပြီး ထွက်ပြေးကြသည့်အတွက်ကြောင့် ချော်လဲကာ ဒဏ်ရာရရှိသူများလည်းရှိသည်ဟု အထက်ပါအမျိုးသမီးကပြောသည်။ “ခြေထောက်တွေ လက်တွေမှာ ပွန်းပဲ့ကြတာပဲရှိတယ်”ဟု ၎င်းကပြောသည်။ အသံကြယ်လောက်စွာကြားရပြီး ထိခိုက်မှုနည်းသည့်အတွက် အသံဗုံးဟု ဒေသခံအများစုက ခန်မှန်းပြောဆိုလျက်ရှိသည်။ နတ်တွင်းရွာတွင် ယခုလ ၁ ရက်နေ့က […]

အင်းဝန်းရွာလောင်းကစားဝိုင်း PDF ကသေနတ်ပစ်ဖောက်သတိပေး

diz_admin

January 12, 2023

အင်းဝန်းရွာတွင်ပြုလုပ်နေသော လောင်းကစားဝိုင်းကို PDF အဖွဲ့က သေနတ်ပစ်ဖောက်သတိပေးမှု ပြုလုပ်ခဲ့သည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ မနေ့(ဇန်နဝါရီ ၁၁)က ညနေ သုံးနာရီခန့်တွင် သေနတ်ကိုင်လူငယ် ၆ ဦးခန့်က သေနတ်ပစ်ဖောက်ပြီးနောက် လောင်းကစားဝိုင်းတွင်ရှိနေသူများအား နောက်ထပ်မပြုလုပ်ရန် သတိပေးခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။ “ဘာမှမလုပ်ဘူး နောက်မလုပ်ဖို့ပဲ သတိပေးသွားတယ် “ဟု၎င်းကပြောသည်။ သေနတ်ပစ်ဖောက်မှုကြောင့် လောင်းကစားပြုလုပ်နေကြသည့် ရွာခံအချို့ မှာ ရွာအရှေ့ဘက်လယ်ကွင်းဘက်ကို ပြေးထွက်သွားသည်ဟု မျက်မြင်တွေ့ရှိသူအခြား ကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။ “သေနတ်သံက‌ ခြောက်ချက်လောက်ရှိမယ်။ အပေါ်ထောင်ပစ်တာ လယ်ကွင်းထဲကို လူတွေထွက်ပြေးလာတာ တွေ့ရတယ်”ဟု၎င်းကပြောသည်။ အင်းဝန်းရွာသည် ထားဝယ်မြို့အနီး လောင်းလုံးမြို့နယ်ထဲတွင်ရှိပြီး လောင်းလုံး-ထားဝယ်ကားလမ်းမမှ တစ်ဖာလုံခန့် အကွာတွင်ရှိကာ ရွာပတ်လည်ကို လယ်ကွင်းများဝန်းရံထားသော ကျေးရွာငယ်လေးဖြစ်သည်။ “လေးပြားဖဲကစားနည်းရှိမယ်၊ ဖဲကစားနည်းရှိမယ် ငွေကြေးက များများစားစားတော့မဟုတ်ဘူး”ဟု ရွာခံတစ်ဦးကပြောသည်။ အလားတူ ပြီးခဲ့သည့်သုံးလေးရက်ခန့်ကလဲ လောင်းလုံးမြို့နယ် ဂေါ့အင်းရွာတွင် […]

ရေဖြူ ပိတောက်ကုန်းရွာ အုပ်ချုပ်ရေးမှူးပစ်ခတ်ခံရ

diz_admin

January 11, 2023

ရေဖြူမြို့နယ်၊ ပိတောက်ကုန်းရွာတွင် ဇန်နဝါရီလ ၁၀ ရက်နေ့ နေ့လယ်ပိုင်းက အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦး အပစ်ခံရကြောင်း ဒေသခံအချို့၏ ပြောကြားချက်အရသိရသည်။ အပစ်ခံရသူမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်သူ ဦးကျော်ဝင်းဆိုသူဖြစ်သည်။ ၎င်းသည် NLD အစိုးရလက်ထက်ကလည်း ပိတောက်ကုန်းရွာ အုပ်ချုပ်ရေးမှူးလုပ်ခဲ့သူဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။ ဦးကျော်ဝင်းအား ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့( YPPDF) က လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ဦးကျော်ဝင်းမှာ လက်နက်ကိုင်ဆောင်ထားသူဖြစ်သောကြောင့် လာရောက်ပစ်ခတ်သည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သေးကြောင်း ဒေသခံတစ်ဦးကဆိုသည်။ “သေသလား ရှင်သလားတော့မသိ ဒဏ်ရာနဲ့ထွက်ပြေးသွားတယ်” ဟု၎င်းကပြောသည်။ ဦးကျော်ဝင်းမှာ ထားဝယ်ဇာတိမဟုတ်ဘဲ ပိတောက်ကုန်းရွာသူနှင့် အိမ်ထောင်ကျကာ ယင်းကျေးရွာတွင် အခြေချနေထိုင်သူဟုဆိုသည်။ စစ်ကောင်စီလက်ထက်တွင်လည်း အုပ်ချုပ်ရေးမှူးဆက်လက် လုပ်ကိုင်နေသူဖြစ်ကြောင်း ဒေသခံအချို့ကဆိုသည်။ ၎င်းသည် ကျေးရွာအတွင်း ဆက်ကြေးကောက်ခြင်း၊ ပြည်သူများကို ခြိမ်းခြောက်ခြင်း၊ ပြည်သူများဖမ်းဆီးခံရအောင် ကူညီပေးခြင်း၊ လက်နက်ကိုင်ဆောင်ထားသူဖြစ်ခြင်း၊ ရွေးကောက်ပွဲအတွက် ပူးပေါင်းပါဝင်ခြင်းတို့ လုပ်ဆောင်နေသဖြင့် YPPDF အဖွဲ့က […]

လဲရှောင်ရွာတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

diz_admin

January 11, 2023

ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ လဲရှောင်ရွာတွင် ယနေ့(ဇန်နဝါရီ ၁၁) မွန်းလွဲပိုင်းက အသက် ငါးဆယ်ကျော်အရွယ်ရှိ အမျိုးသားတစ်ဦး ပစ်သတ်ခံရသည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ပစ်သတ်ခံရသူမှာ ပြီးခဲ့သည် NLD အစိုးရလက်ထက် လဲရှောင်ရွာအုပ်ချုပ်ရေးမှူးဟောင်းဖြစ်သည့် ဦးစိုးသိန်းဆိုသူဖြစ်ပြီး ယနေ့မွန်းလွဲ ၂ နာရီခန့်က ယင်းကျေးရွာ ဘိလိယက်ခုံတွေ လက်နက်ကိုင်ထားသူများက လာရောက်ပစ်သတ်သွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။ “ဒဏ်ရာက နဖူးမှာနှစ်ချက်တွေ့ရတယ်” ဟု၎င်းကပြောသည်။ သေဆုံးသူအမျိုးသားမှာ ထားဝယ်ဇာတိဖြစ်ပြီး လဲရှောင်ရွာသူနှင့် အိမ်ထောင်ကျကာ ယင်းကျေးရွာတွင် အခြေချနေထိုင်ခဲ့သည်ဟုဆိုသည်။ အာဏာသိမ်းပြီးနောက် အုပ်ချုပ်ရေးမှုးအလုပ် ဆက်မလုပ်ဘဲ နုတ်ထွက်ထားသူဖြစ်ကြောင်း ဥယျာဉ်ခြံလုပ်ငန်းနှင့် အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းလုပ်ကိုင်နေသူ တစ်ယောက်ဖြစ်ကြောင်း အခြားဒေသခံတစ်ဦးကပြောသည်။ အသတ်ခံရသူမှာ ကျေးရွာ၏ သာရေးနာရေး ကူညီလုပ်ဆောင်နေသူဖြစ်ကြောင်း သို့သော် အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံမှု ရှိသူဖြစ်သည်ဟုသိရကြောင်း ၎င်းကဆိုသည်။ ထိုအမျိုးသားကို မည်သူတို့က […]

လောင်းလုံး ဝေဒီရွာတွင် အမျိုးသမီးတစ်ဦး ပစ်သတ်ခံရ

diz_admin

January 11, 2023

လောင်းလုံးမြို့နယ် ဝေဒီရွာတွင် ယနေ့ ဇန်နဝါရီလ ၁၁ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်က အမျိုးသမီးတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများက ပြောသည်။ ဝေဒီရွာသူ အသက် ၆၀ ကျော်အရွယ် ဒေါ်တင်သန်းဆိုသူ နေအိမ်တွင် ရှိနေစဉ် လက်နက်ကိုင်အမျိုးသားနှစ်ဦးက လာရောက် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “သူ့အိမ်မှာ ကုန်စုံဆိုင်ရောင်းနေတယ်။ ဈေးဝယ်လာသလိုနဲ့ လည်ပင်းကို ပစ်သွားတယ်လို့ ကြားရတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါအမျိုးသမီးကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ သေဆုံးသူ အမျိုးသမီး၏ရုပ်အလောင်းကို ယနေ့ မွန်းလွဲပိုင်းတွင် အရေးပေါ်ကားဖြင့် ထားဝယ်သို့ တင်ဆောင်သွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ယမန်နေ့ကလည်း ‌လောင်းလုံးမြို့နယ် ကျောက်ဆင်ရွာတွင် […]

လောင်းလုံး ကျောက်ဆင်ရွာတွင် အမျိုးသမီးတစ်ဦး ပစ်သတ်ခံရ

diz_admin

January 11, 2023

လောင်းလုံးမြို့နယ် ကျောက်ဆင်ရွာတွင် ဇန်နဝါရီလ ၁၀ ရက် မွန်းလွဲပိုင်းက အသက် ၆၃ နှစ် အရွယ် အမျိုးသမီးတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ ပစ်သတ်ခံရသူမှာ ကျောက်ဆင်ရွာတွင်နေထိုင်သည့် ဒေါ်မာမာဇင်ဆိုသူဖြစ်ပြီး နေအိမ်တွင် ပစ်သတ်ခံရခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ သေနတ်ပစ်ခတ်သံကိုသား ကြားလိုက်ရပြီး သေနတ်သမား မည်မျှလာရောက်ခဲ့သည်ကို မသိလိုက်ရကြောင်း ဒေသခံအချို့က ဆိုသည်။ အဆိုပါအမျိုးသမီးသည် ရန်ကုန်ဘက်ကဖြစ်ပြီး ကျောက်ဆင်ရွာသားနှင့် အိမ်ထောင်ကျကာ ယင်းရွာတွင် နေထိုင်နေသူဖြစ်ကြောင်း အထက်ပါဒေသခံက ပြောဆိုသည်။ “စကားအပြောအဆို မတတ်တော့ သူနဲ့မတည့်သူက များတယ်” ဟု ၎င်းက ပြောသည်။ သို့သော် အဆိုပါအမျိုးသမီးကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို မသိရသေးပေ။ ပစ်ခတ်ခံရမှုကြောင့် ထိုအမျိုးသမီးတွင် လည်ပင်း၊ မျက်လုံး၊ နားထင်တို့တွင် […]

မီးရှို့ပစ်ခတ်ခံရသည့် ဟင်းချိုတောရွာဖြစ်ရပ်

diz_admin

January 11, 2023

ဟင်းချိုတောကျေးရွာတွင် ယနေ့ နံနက်အစောပိုင်းက လက်နက်ကိုင် လူတစ်စုဝင်ရောက်ကာ နေအိမ်များကို မီးရှို့ခြင်း၊ သေနတ်ပစ်ခတ်ခြင်း၊ ဒေသခံများကို စစ်ဆေးခြင်း စသည်တို့ လုပ်ဆောင်ခဲ့ကြသည်။ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် သပြေရှောင်ကျေးရွာအုပ်စုတွင် တည်ရှိသည့် အဆိုပါကျေးရွာတွင် နေအိမ်ငါးလုံးကို ပျူစောထီးအဖွဲ့က လာရောက်မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ ဇန်နဝါရီလ ၁၁ ရက် နံနက် ၄ နာရီခန့်တွင် ရေလမ်းခရီးဖြင့် အနက်ရောင် အရပ်ဝတ် အဝတ်အစားများ ဝတ်ဆင်ထားသည့် လက်နက်ကိုင် လူနှစ်ဆယ်ခန့် ဝင်ရောက်လာခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ လက်မောင်းတွင် အဖြူရောင်လက်ပတ်ကို ဝတ်ဆင်ထားသည်ကို လည်းတွေ့ရသည်ဟု ဆိုသည်။ ၎င်းတို့သည် ပျူစောထီးအဖွဲ့ဝင်များဖြစ်ကြောင်း ဒေသခံအချို့က ကောက်ချက်ချသည်။ နေအိမ်မီးရှို့ခံရသူများထဲတွင် NLD ပါတီ ဝန်ရံဖူးသူများဖြစ်နေခြင်း၊ မီးလာရှို့သူများ ကိုင်ဆောင်ထားသည့် သေနတ်များတွင် […]

ရေဖြူတွင် စွန့်ပစ်ထားသည့် အမျိုးသားနှစ်ဦး ရုပ်အလောင်းတွေ့

diz_admin

January 11, 2023

ရေဖြူမြို့နယ်၊ သဗြေဇွန်းရွာအနီးတွင် ယနေ့ ဇန်နဝါရီလ ၁၁ ရက် နံနက်ပိုင်းက လမ်းဘေးတွင် စွန့်ပစ်ထားသည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိရကြောင်း ဒေသခံများက ပြောသည်။ သဗြေဇွန်းရွာနှင့် ရေဖြူမြို့ ကြားလမ်းပိုင်းတစ်နေရာတွင် အဆိုပါ ရုပ်အလောင်း နှစ်လောင်းကို ခရီးသွားဒေသခံများက စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ခရီးသွားဒေသခံတစ်ဦးက ဆိုသည်။ “နှစ်ဦးစလုံးက ပုဆိုးနဲ့ အင်္ကျီမရှိဘူး။ လက်နှောက်ပြန် ကြိုးတုတ်ပြီး မျက်နှာကို အဝတ်စည်းထားတယ်။ လမ်းဘေးမှာ မှောက်ခုံ သေနေတာတွေ့ရတယ်” ဟု ၎င်းက ပြောသည်။ သေဆုံးသူနှစ်ဦးမှာ မည်သူမည်ဝါ ဖြစ်သည်ကို မသိရသလို သဗြေဇွန်းရွာသားများလည်း မဟုတ်ကြကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ “ညက ခုနစ်နာရီလောက် ကားတစ်စီး အဲဒီဖက် ဖြတ်သွားတာတွေ့ရတယ်။ ပြီးတာနဲ့ သေနတ်သံ သုံးလေးချက် ကြားတယ်။ ပြီးတော့ […]