ထားဝယ်တွင် ကိုဗစ်ကြောင့် လူခြောက်ရာကျော်သေဆုံး
diz_admin
January 18, 2023ကိုဗစ်ကပ်ဘေးကာလအတွင်း ထားဝယ်သုသာန်တွင် ကိုဗစ်နာရေးအလောင်း ခြောက်ရာကျော်ကို မီးရှို့သင်္ဂြိုဟ်ခဲ့ရကြောင်း နာရေးကူညီမှု (ထားဝယ်) ထံမှ သိရသည်။ ကိုဗစ်ကူးစက်မှုစတင်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဧပြီလမှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့အထိ ကိုဗစ်အလောင်း ၆၀၁ လောင်း မီးသင်္ဂြိုဟ်ခဲ့ရခြင်းဖြစ်သည်။ ထားဝယ်ဒေသတွင် ၂၀၂၁ ခုနှစ် ဇူလိုင်မှစကာ ကိုဗစ်ကူးကြောင့် သေဆုံးသူများပြားခဲ့ပြီး သုသာန်တွင် မီးသင်္ဂြိုဟ်ရန်ပင် မနိုင်ဝန်ဖြစ်ခဲ့ရသည်။ “ကိုဗစ်လို့ ဆေးရုံက စတင်အသိအမှတ်ပြုချိန်ကတည်းက စရေ (တွက်) တာပါ” ဟု နာရေးကူညီမှု (ထားဝယ်) ၏ အတွင်းရေးမှူးက ပြောသည်။ ထားဝယ်သုသာန်တွင် မီးသင်္ဂြိုဟ်ခဲ့ရသည့် အလောင်း ၆၀၀ ကျော်တွင် မွတ်ဆလင်ဘာသာဝင်များ၏ နာရေးစာရင်း မပါဝင်ကြောင်း ၎င်းက ဆိုသည်။ ထို့အပြင် ထားဝယ်ခရိုင်အတွင်းရှိ […]