ထားဝယ်-ထီးခီးလမ်း ဖြတ်သန်းခွင့် စစ်ကောင်စီတပ်က ရက်အကန့်အသတ်မရှိပိတ်
diz_admin
January 23, 2023ထားဝယ်အရှေ့တောနယ်ဖြစ်သည့် ထားဝယ်-ထီးခီးလမ်းပိုင်း ဖြတ်သန်းသွားလာခွင့်ကို စစ်ကောင်စီတပ်က ယနေ့ (ဇန်နဝါရီ ၂၃)မှစတင်ကာ ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ယင်းလမ်းပိုင်းကို ပိတ်ရသည့် အကြောင်းအရင်းနှင့် မည်မျှကြာအောင် ပိတ်မည်ဆိုသည်ကိုမူ ပြောကြားခြင်း မရှိသဖြင့် ကာလရှည်ပိတ်လိုက်မည်ကို ဒေသခံများစိုးရိမ်နေကြသည်။ အဆိုပါလမ်းပိုင်းရှိ ပကာရီရဲစခန်းမှ ထိုင်းနယ်စပ် ထီးခီအထိ လမ်းတစ်လျှောက်ကို စစ်ကောင်စီက ဖြတ်သန်းခွင့်ပိတ်ခဲ့ကြောင်း အရှေ့တောနယ်နှင့် ထားဝယ်မြို့သို့ ပြေးဆွဲနေသည့် ကားသမားများနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ လမ်းပိတ်မည့်အကြောင်းကို စစ်ကောင်စီတပ် လက်အောက်ခံရဲစခန်းက ကားသမားအချို့ကို ဖုန်းဆက် အသိပေးမှုများလည်း ရှိနေသည်။ ထိုကဲ့သို့ လမ်းပိတ်လိုက်သည့်အတွက် ဒေသခံများမှာ စားနပ်ရိက္ခာပြတ်လပ်လာမည်ကို စိုးရိမ်နေကြကြောင်း အထက်ပါနီးစပ်သူက ပြောသည်။ “ကားတွေ တစ်စီးမှထွက်မလာကြဘူး။ အရင်ကတည်းက ဆန်သယ်ခွင့်ကို ပိတ်ထားတာ။ အခုသွားလာခွင့်ပါ ပိတ်လိုက်တော့ ငတ်ပြတ်လာမှာကို […]