BREAKING
March 15, 2025

ထားဝယ်

စစ်ဆေးဖမ်းဆီးမှုများရှိနေသည့် ကံပေါက်ဒေသက ရာအိမ်မှူးတစ်ဦး ထပ်မံပစ်ခတ်ခံရ

diz_admin

January 28, 2023

ရေဖြူမြို့နယ် ကံပေါက်ဒေသ ဖားချောင်းကျေးရွာအုပ်စု ဆယ်အိမ်စုရွာက ရာအိမ်မှူး ဦးဝင်းထွန်းဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း စုံစမ်းသိရှိရသည်။ အမည်မသိ လက်နက်ကိုင်များက ဇန်နဝါရီလ ၂၇ ညအချိန်တွင် နေအိမ်သို့ လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ပစ်ခတ်ခံရပြီးနောက် ဦးဝင်းထွန်းကို မောရဝတီရေတပ်ဆေးရုံသို့ သယ်ဆောင်သွားကြောင်း ၎င်းတို့က ဆိုသည်။ “ညက ဦးဝင်းထွန်း အပစ်ခံရပြီး ဆေးရုံကားနဲ့ ရေတပ်ဆေးရုံ တင်သွားတယ်။ အခုမနက်အထိတော့ ဘာမှထပ်မကြားရသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ ဦးဝင်းထွန်းသည် စစ်တပ်အာဏာသိမ်းပြီးနောက် ရာအိမ်မှူးအဖြစ်လုပ်ဆောင်နေသူဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။ ကံပေါက်ဒေသတွင် ဇန်နဝါရီလ ၂၅ ရက်မှ ရက်မှ ၂၇ ရက်အထိ သုံးရက်အတွင်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး အပါအဝင် အမျိုးသား လေးဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးခဲ့သည်။ […]

Non-CDM များ ၇ ရက်အတွင်း အလုပ်ထွက်ရန် လောင်းလုံးပြည်သူ့ကာကွယ်ရေးအဖွဲ့ထုတ်ပြန်

diz_admin

January 28, 2023

အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် မပါဝင်သည့် Non-CDM ဝန်ထမ်းများ ၇ ရက်အတွင်း အလုပ်ထွက်ရန် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဇန်နဝါရီလ ၂၇ရက်တွင် ထုတ်ပြန်လိုက်သည်။ လောင်းလုံးမြို့နယ်အတွင်းရှိ Non-CDM ဝန်ထမ်းများအနေဖြင့် ဖေဖော်ဝါရီလ ၃ရက်နေ့ နောက်ဆုံးထားပြီး စစ်ကောင်စီကို အမြန်ဆုံးစွန့်ခွာရန် ထုတ်ပြန်ထားခြင်းဖြစ်သည်။ ယင်းထုတ်ပြန်ချက်မှာ အာဏာသိမ်းပြီး ၂ နှစ်နီးပါးအတွင်း ပထမဆုံးအကြိမ် Non-CDM များကို ဖိအားပေးသည့် ထုတ်ပြန်ချက်ဖြစ်လာသည်။ ယင်းထုတ်ပြန်ချက်အပေါ် ဒေသတွင်းရှိ CDM ဝန်ထမ်းအချို့က ထောက်ခံကြောင်း ပြောဆိုကြသည်။ “ကျွန်မတို့ တောက်လျှောက် စိုးရိမ်သောကတွေနဲ့ နေလာရတာ‌လေ။ အခုလိုမျိုးထုတ်ပြန်တာကိုတော့ အားပေးတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ ဘယ်လိုခံစားခဲ့ရလဲဆိုတာ သူတို့ (Non-CDM များ) ကိုယ်ချင်းစာတတ်စေချင်လို့ပါ” ဟု လောင်းလုံးမြို့နယ်သူ CDM ဝန်ထမ်းတစ်ဦးက ပြောသည်။ ယခင်ကမူ […]

သရက်ချောင်းမြို့နယ် ကင်းရှေ့ရွာတွင် ရွာသားနှစ်ဆယ်ခန့် ဖမ်းဆီးနှိပ်စက်ခံရ

diz_admin

January 27, 2023

သရက်ချောင်းမြို့နယ် ကင်းရှေ့ရွာတွင် ဇန်နဝါရီလ ၂၅ ရက်နေ့ညနေပိုင်းက ရွာသူရွာသား နှစ်ဆယ်ခန့်ကို စစ်ကောင်စီတပ်ဖွဲ့များက ဖမ်းဆီးခဲ့ပြီးနှိပ်စက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများကဆိုသည်။ ကင်းရှေ့ရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးအောင်မိုးကို လာရောက်ရှာဖွေစဉ် ကင်းရှေ့ရွာလမ်းတစ်လျှောက် တွေ့ရသည့်ဒေသခံများနှင့် ဦးအောင်မိုး၏ ဆွေမျိုးသားချင်းများကိုဖမ်းဆီးကာ ရိုက်နှက်ထုထောင်းခြင်း၊ သေနတ်ဖြင့်ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ အဖမ်းခံရသူများတွင် အမျိုးသမီး ဆယ်ဦးခန့်နှင့် အမျိုးသား ဆယ်ဦးကျော်ပါဝင်ပြီး အုပ်ချုပ်ရေးမှူး၏ ညီမဖြစ်သူနှင့် ခယ်မဖြစ်သူကို ပါးနားရိုက်ခြင်း၊ သေနတ်ဖြင့်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုခြင်းများ ပြုလုပ်ခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။ အမျိုးသား ၄ ဦးမှာလည်း ရိုက်နှက်ခံရပြီး ကိုဖိုးပိုက်ဆိုသည့် လူငယ်တစ်ဦးကို လက်ပြန်ကြိုးတုတ်ကာ ရိုက်နှက်ကန်ကျောက်ပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ပေါင်မှန်ခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။ အုပ်ချုပ်ရေးမှူး၏ ခယ်မဖြစ်သူကို အုပ်ချုပ်ရေးမှူးအိမ်လိုက်ပြခိုင်းရာတွင် တခြားအိမ်ကိုလိမ်ပြီး […]

ကံပေါက်တွင် အာယုဒါနအသင်းက စေတနာ့ဝန်ထမ်းနှစ်ဦး ထပ်အဖမ်းခံရ

diz_admin

January 27, 2023

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ အာယုဒါန အောက်ဆီဂျင်နှင့် အခမဲ့သွေးလှူဒါန်းရေးအသင်းက စေတနာ့ဝန်ထမ်း ဖြစ်သူ ကိုမောင်မောင်နှင့် မသိင်္ဂိစိုး (ခေါ်) မလတီဖွါတို့နှစ်ဦး ထပ်မံအဖမ်းခံရကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၂၇ ရက် နံနက်အစောပိုင်းတွင် စစ်‌ကောင်စီတပ်က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ “ဗိုလ်ချုပ်ရပ်ကွက်မှာ အိမ်သုံးလေးအိမ် ဧည့်စာရင်းစစ်သလို တံခါးတွေ ဖွင့်ခိုင်းပြီး စစ်တယ်။ စစ်ပြီးတာနဲ့ မလတီဖွာကို မေးစရာရှိတယ်ဆိုပြီး ခေါ်သွားတယ်။ ကိုမောင်မောင်ကိုပါ ခေါ်သွားတာ” ဟု ဗိုလ်ချုပ်ရပ်ကွက်နေသူ တစ်ဦးက ပြောသည်။ ကိုမောင်မောင်မှာ ပြီးခဲ့သည့်နှစ်က စစ်ကောင်စီတပ်၏ ခေါ်ယူစစ်ဆေးခြင်းခံခဲ့ရပြီး ပြန်လွတ်လာခဲ့သူဖြစ်သည်။ မလတီဖွာနှင့် ကိုမောင်မောင်တို့ကို မည်သည့်အကြောင်းအရင်းကြောင့် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်ကိုမူ မသိရသေးပေ။ ကံပေါက်ကျေးရွာတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် နောက်ထပ်အမျိုးသားတစ်ဦးတို့ ပစ်ခတ်ခံရပြီးနောက် ဒေသခံများ ဆက်တိုက်ဆိုသလို ဖမ်းဆီးခံနေရသည်။ […]

လောင်းလုံးတွင် လောင်းကစားဝိုင်းကို  ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်ဖမ်းပြီး လူအချို့ကိုရိုက်နှက်ပြစ်ဒဏ်ပေး

diz_admin

January 27, 2023

လောင်းလုံးမြို့နယ် စစ်ပြဲကျေးရွာက လောင်းကစားဝိုင်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုက ဝင်ရောက်ဖမ်းဆီးကာ လူအချို့ကိုရိုက်နှက်ကာ ပြစ်ဒဏ်ပေးခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။ ဆီအုန်း‌တောအတွင်း ပြုလုပ်နေသည့် လောင်းကစားဝိုင်းကို ဇန်နဝါရီလ ၂၇ ရက်က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ဝင်ရောက်ဖမ်းဆီးစဉ် လောင်းကစားပြုလုပ်နေသူ အချို့ထွက်ပြေးသွားပြီး ၂၀ ဦးကို ဖမ်းမိခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ ဖမ်းခံရသူများကို နောက်တစ်ကြိမ် လောင်းကစားထပ်မလုပ်ရန် အပြစ်ပေးသည့်အနေဖြင့် ခြေထောက်ကို ရိုက်နှက်ခဲ့ကြောင်း ရိုက်နှက်ခံရသူတစ်ဦးကို ကိုးကားပြီး အခြားဒေသခံတစ်ဦးကပြောသည်။ “ခြေသလုံးမှာ အရှိုးရာနှစ်ခုတွေ့တယ်။ ဝါးခြမ်းပြားနဲ့ရိုက်ထားတဲ့ပုံစံမျိုးပေါ့နော်။ သူတို့ပြောတာကတော့ အပြစ်ပေးတဲ့သဘောရိုက်တာပေါ့နော်။ ဒဏ်ရာက ကြီးကြီးမားမားတော့မဟုတ်ဘူး။ ကျောင်းမှာ ဆရာမရိုက်လို့ရတဲ့ ဒဏ်ရာမျိုးပဲပေါ့နော်” ဟု ၎င်းက‌ဆိုသည်။ ထုတ်ပြန်ချက်တွင်မူ ရိုက်နှက်ခဲ့သည့်အကြောင်းမပါဝင်ပေ။ လောင်းကစားပြုလုပ်နေသူတို့ထံမှ ငွေကျပ် ၁၂ သိန်းကျော်၊ ထိုင်းဘတ်ငွေ နှစ်ထောင်ကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်း […]

အဖမ်းခံထားရသည့် ကျောက်နီမော်ဒေသခံ အမျိုးသမီးနှစ်ဦးပြန်လွတ်

diz_admin

January 26, 2023

စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာမှ အမျိုးသမီးနှစ်ဦး မနေ့(ဇန်နဝါရီ ၂၅)ညနေပိုင်းတွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ဆွေမျိုးတော်စပ်သူအချို့၏ ပြောပြချက်အရ သိရသည်။ အသက် ၄၅ နှစ်ခန့်ရှိ ကျောက်နီမော်ရွာသား ကိုဇော်ဦး၏ နေအိမ်ကို ဇန်နဝါရီလ ၂၄ ရက် ညနေပိုင်းက စစ်ကောင်စီတပ်ဖွဲ့က လာရောက်ချိပ်ပိတ်စဉ် ဘေးအိမ်တွင်နေသည့် အမျိုးသမီးနှစ်ဦးကိုပါ ဖမ်းဆီးသွားခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူနှစ်ဦးမှာ ကိုဇော်ဦး၏ အမဝမ်းကွဲတော်စပ်သူ အသက် ၄၇ နှစ်ခန့်ရှိ ဒေါ်စန်းမူနှင့် အိမ်နီးချင်းဖြစ်သူ အသက် ၂၀ ကျော်အရွယ် မအိအိထွေးတို့ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့က တစ်ရက်ကြာ စစ်ဆေးမေးမြန်းကာ ပြန်လွှတ်ပေးခဲ့ကြောင်း ဆွေမျိုးနီးစပ်တော်သူ အမျိုးသားတစ်ဦးက ပြောသည်။ “ပြန်လွတ်ပြီ မနေ့ညနေကပြန်လွတ်တယ်။ ရိုက်နှက်ထုထောင်းတာတော့မရှိပါဘူး။ ဖမ်းပြီး စစ်ဆေးမေးမြန်းတာလောက်ပဲတဲ့” ဟု ၎င်းက ပြောသည်။ ဆန္ဒပြချိန်က […]

ဆိုင်ကယ်စီးခွင့်ပိတ်ထားသည့် ကံပေါက်တွင် အသွားအလာတိတ်ဆိတ်၊ ဒေသခံအချို့အဖမ်းခံရ

diz_admin

January 26, 2023

ဆိုင်ကယ်စီးနင်းသွားလာခွင့် ပိတ်ခံထားရသည့် ရေဖြူမြို့နယ် ကံပေါက်ကျေးရွာအတွင်း ယနေ့ ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် သွားလာသူမရှိဘဲ တိတ်ဆိတ်ခြောက်ကပ်နေကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းအပြင် မဂ္ဂင်ရပ်ကွက်၊ လှည်းကုန်း (၁) ရပ်ကွက်၊ မိကျောင်းအိုင်ရပ်ကွက်တို့က ဒေသခံ ၁၀ ဦးနီးပါး အဖမ်းခံထားရကြောင်း စုံစမ်းသိရှိရသည်။ အဖမ်းခံရသူများတွင် ဆိုင်ကယ်မစီးဘဲ သွားလာနေသူများလည်း ပါဝင်နေသလို နေအိမ်ထဲတွင် ဝင်ရောက်ဖမ်းဆီးမှုများလည်းကြောင်း ဒေသခံများထံမှ သိရသည်။ ဆိုင်ကယ်စီးသွားလာစဉ် အဖမ်းခံရသူအချို့မှာလည်း အဓိက လမ်းမများတွင် စီးသူများမဟုတ်ဘဲ အိမ်နီးနား ပတ်ဝန်းကျင် လမ်းသွယ်ထဲတွင် စီးနင်းသည်ကိုပင် ကားဖြင့် လိုက်လံဖမ်းဆီးခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ လတ်တလောတွင် မဂ္ဂင်ရပ်ကွက်မှ ပန်းရံလုပ်ငန်းလုပ်ကိုင်သူ ဦးမင်းမင်း၊ ၎င်းနှင့် သားမက်တော်စပ်သူ ကိုအာကာမာန်၊ လှည်းကုန်း (၁) ရပ်ကွက်မှ […]

ကံပေါက်တွင် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးနောက် ဆိုင်ကယ်စီးခွင့်ပိတ်

diz_admin

January 25, 2023

ရေဖြူမြို့နယ် ကံပေါက်ဒေသအတွင်း ဆိုင်ကယ်စီးသွားလာခွင့်ကို စစ်ကောင်စီက ပိတ်လိုက်ကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၅ ရက် နေ့လယ်ပိုင်းတွင် ကံပေါက်ကျေးရွာအုပ်စု၏ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးခင်စိုးနှင့် အခြားအမျိုးသားတစ်ဦးတို့ကို အမည်မသိလက်နက်ကိုင်များက လာရောက်ပစ်ခတ်သဖြင့် ဒဏ်ရာရှိခဲ့သည်။ ယင်းနောက် ညနေပိုင်းတွင် မောရဝတီရေတပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်လာပြီး ‌ကံပေါက်ကျေးရွာအုပ်စုရှိ ရပ်ကွက် ၁၀ ရပ်ကွက်အတွင်း ဆိုင်ကယ်စီးနင်းသွားလာခွင့် ပိတ်လိုက်သည်ဟု လာရောက်ပြောဆိုခဲ့ကြောင်း ကိုယ်တိုင်ကြားခဲ့ရသည့် ဒေသခံတစ်ဦးက ဆိုသည်။ မောရဝတီရေတပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကံပေါက်အခြေခံပညာအထက်တန်းကျောင်း အရှေ့တွင် လမ်းသွားလမ်းလာ ဆိုင်ကယ်များအား ရပ်တန့်စစ်ဆေးကာ ဆိုင်ကယ်စီးခွင့် ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီ ဖြစ်သည်ဟု ပြောဆိုကြောင်း ၎င်းက ဆိုသည်။ နောက်ရက်များတွင် ဆိုင်ကယ်စီးသည်ကို တွေ့ရှိပါက ဖမ်းဆီးမည်ဟုလည်း ပြောဆိုခဲ့ကြောင်း ၎င်းက ပြောဆိုသည်။ […]