ထားဝယ်ခရိုင်တွင် တစ်ရက်တည်း ကျပ်သိန်းပေါင်း ၁၂၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းမိ
diz_admin
February 4, 2023တနင်္သာရီတိုင်း ထားဝယ်ခရိုင်ထဲတွင် ဖေဖော်ဝါရီ ၃ ရက်နေ့ က တစ်ရက်တည်း ကျပ်သိန်းပေါင်း ၁၂၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီ၏ မူးယစ်ဆေးဝါး အလွဲသုံးချမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက ထုတ်ပြန်ထားသည်။ ရေဖြူမြို့နယ် ကလိန်အောင်မြို့ မလွှဲတောင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ရေးမြို့ဘက်မှ ထားဝယ်ဘက်သို့လာသည့် ခရီးသည်တင် မော်တော်ယာဉ်အား တားဆီးစစ်ဆေးရာ ထွန်းရွှေမြင့် တင်ဆောင်လာသည့် ဆာလာအိတ်အတွင်းမှ ရေခဲ(အိုက်စ်) မူးယစ်ဆေး အလေးချိန် ၄ ဒသမ ၇ ကီလို ကာလပေါက်ဈေးတန်ဖိုး ၁၂၆၉ သိန်းခန့်နှင့် လက်ကိုင်ဖုန်းတစ်လုံးအား သိမ်းဆည်းရမိခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်သည်။ ယင်းနောက်အထက်ပါအမျိုးသားကို ထပ်မံစစ်ဆေးဖော်ထုတ်ချက်အရ ဖေဖော်ဝါရီ ၃ ရက် နေ့လယ် ၁၂ နာရီ ၂၀ မိနစ်အချိန်တွင် ထားဝယ်မြို့၊ ဥဿရံတိုးချဲ့ရပ်ကွက်၊ စမ်းသီတာလမ်းတွင် နေထိုင်သည့် သန်းအေးမောင် ဆိုသူကို ထပ်မံဖမ်းဆီးမိခဲ့သည်။ ထိုသူထံမှ ရေခဲ(အိုက်စ်) မူးယစ်ဆေး […]