ကရင်လက်နက်ကိုင်နှစ်ဖွဲ့အကြား ငြိမ်းချမ်းစွာအဖြေရှာကြရန် ကရင်လူထု တောင်းဆို
diz_admin
February 7, 2023တနင်္သာရီတိုင်းအတွင်းရှိ ကရင်လက်နက်ကိုင်နှစ်ဖွဲ့အကြား ဖြစ်ပွားနေသည့် ပြဿနာများကို ငြိမ်းချမ်းစွာဆွေးနွေးအဖြေရှာကြရန် တိုင်းအတွင်းနေ ကရင်ပြည်သူလူထုက တောင်းဆိုလိုက်သည်။ လက်ရှိတွင် KNU တပ်မဟာ ၄ နှင့် ကော်သူးလေတပ်မတော်ကြား စစ်ရေးတင်းမာနေချိန် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင်ယင်းကဲ့သို့ သဘောထားထုတ်ပြန်ချက်ကို တောင်းဆိုခဲ့ခြင်းဖြစ်သည်။ တပ်မဟာ ၄ မှာ တနင်္သာရီတိုင်းတွင် အခြေစိုက်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU – Karen National Union)၏ တပ်မဟာတစ်ခုဖြစ်ပြီး ကော်သူးလေတပ်မတော် တနင်္သာရီတိုင်းမှာ ဗိုလ်ချုပ်စောနယ်ဒါးမြ ဦးဆောင်မှု အောက်တွင်ရှိသော တပ်ဖွဲ့တစ်ခုဖြစ်သည်။ တနင်္သာရီတိုင်းတွင် ယင်းကရင်လက်နက်ကိုင် နှစ်ဖွဲ့အကြား မကြာခဏတင်းမာမှုများ ဖြစ်ပေါ်လေ့ရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့က အထက်ပါကရင်လက်နက်ကိုင် နှစ်ဖွဲ့အကြား တင်းမာမှု အမြင့်ဆုံးဖြစ်ခဲ့သည်။ ထားဝယ်-ထီးခီးလမ်းရှိ ဝါးတောရွာအနီးတွင်း ယင်းအဖွဲ့နှစ်ဖွဲ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ ကော်သူးလေတပ်မတော်ဘက်မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။ လက်နက်ကိုင်အချင်းချင်း […]