BREAKING
March 14, 2025

ထားဝယ်

အဟာရပြတ်နေသည့် အဘိုးတစ်ဦး ဆေးကုရန်အကူညီလို

diz_admin

February 10, 2023

ထားဝယ်မြို့၊ ဘု‌မ္မော်ရပ်ကွက်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းအနီး လမ်းဘေးတွင် တဲထိုးပြီး နေထိုင် သည့် အသက် ၇၀ အရွယ် ချို့တဲ့အဘိုးတစ်ဦး ဆေးကုရန်အကူအညီလိုအပ်နေကြောင်း ဂရုဏာမေတ္တာရှင် သွေးလှူရှင်များအဖွဲ့ထံမှ သိရသည်။ ဖေဖော်ဝါရီလ ၉ ရက် နံနက်ပိုင်းက ဒေသခံတစ်ဦးက ဖုန်းဆက်အကူညီတောင်းခံလာမှုကြောင့် သွားရောက်ကြည့်ရှု ရာတွင် အာဟာရပြတ်နေသည့်အနေထားဖြင့် တွေ့ရသောကြောင့် အရေးပေါ်ဆေးရုံတင်ပို့ထားခဲ့ကြောင်း အထက်ပါ အဖွဲ့၏ ပြောရေးဆိုခွင်ရှိသူတစ်ဦးက ပြောသည်။ “ကျွန်တော်တို့ သွားကြည့်တဲ့အချိန် သူတော်တော်နေမကောင်းဘူး။ စကားမေးလို့လည်း မရဘူး” ဟု ၎င်း ဆိုသည်။ အဆိုပါအဘိုးမှာ ယနေ့ နှစ်ရက်မြောက်သည်အထိ မည်သူမည်ဝါဖြစ်ကြောင်း မေးမြန်း၍ မရသေးသည့် အခြေအနေ ဖြစ်နေပြီး ထားဝယ်ဆေးရုံကြီးတွင် လိုအပ်သည့်ဆေးဝါကုသခြင်းနှင့် ရောဂါရှာဖွေခြင်းတို့ကို ပြုလုပ်ပေးထားကြောင်း အထက်ပါ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုသည်။ […]

ထားဝယ်မြို့နယ် ပကာရီရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ် ဝင်တိုက်

diz_admin

February 10, 2023

ထားဝယ်မြို့နယ် ပကာရီရဲကင်းစခန်းကို ယနေ့ (ဖေဖော်ဝါရီ ၁၀) နံနက် ၃ နာရီခွဲတွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံအချို့က ပြောဆိုသည်။ မိနစ် ၃၀ ကြာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာအနည်းငယ် ရရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက အတည်ပြုပြောဆိုသည်။ “စကစဘက်က လူထိခိုက်ကျဆုံးမှု သတင်းတော့မရဘူး။ သူတို့ အဆောက်အဦးတွေတော့ ပျက်စီးတယ်လို့တော့ ပြောသံကြားတယ်” ဟု ယင်းအဖွဲ့တာဝန်ရှိသူက ဆိုသည်။ ထားဝယ်-မေတ္တာ-ထီးခီးသွား ကားလမ်းဘေးတွင်တည်ရှိသည့် ပကာရီကျေးရွာမှာ ထားဝယ်မြို့နှင့် ၁၀ မိုင်ခန့်အကွာတွင်တည်ရှိသည်။ ပကာရီရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာတွင် မိနစ် ၃၀ ခန့် အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး လက်နက်ငယ်များဖြင့် နံနက် ၅ နာရီခန့်အထိ ပြန်လည်ပစ်ခတ်နေသည်ကို ကြားရကြောင်း […]

ထားဝယ်သပိတ်ကော်မတီ လူထုစည်းရုံးရေး လုပ်နေစဉ် သေနတ်ပစ်‌ခြိမ်းခြောက်ခံရ

diz_admin

February 10, 2023

ထားဝယ်ခရိုင် ဒီမိုကရေစီလှုပ်ရှားမှု သပိတ်ကော်မတီ၏ စည်းရုံးရေးဆပ်ကော်မတီက ဦးဆောင်ပြီး လူထုစည်းရုံးရေး လုပ်ဆောင်နေစဉ် သေနတ်ပစ်ဖောက် ခြိမ်းခြောက်မှု ဖြစ်ပေါ်ခဲ့သည်။ ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက် မနက်ပိုင်းက လောင်းလုံးမြို့နယ်ရှိ ဈေးတစ်ဈေးတွင် လူထုစည်းရုံးရေး လုပ်ဆောင်နေစဉ် သေနတ်ပစ်ဖောက် ခြိမ်းခြောက်ခံရခြင်းဖြစ်ကြောင်း သပိတ်ကော်မတီ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “ကျွန်တော်တို့ လူထုစည်းရုံးရေးဆင်းတဲ့အချိန်ပေါ့။ ဆောင်းဘောက်နဲ့ သီချင်းဖွင့်ပြီး မိနစ် ၃၀ လောက်ရှိပြီ။ လက်ကမ်းစာစောင်တွေ ဝေဖို့လုပ်နေတယ်။ အဲဒီအချိန်မှာ သေနတ်သုံးချက် ပစ်ဖောက်လိုက်တယ်” ဟု ၎င်းကဆိုသည်။ လောင်းလုံးမြို့နယ်အတွင်းရှိ ပျူစောထီးအဖွဲ့ကဟုယူဆရသည့် အမျိုးသားနှစ်ဦးက ဆိုင်ကယ်ဖြင့် လာရောက်ပစ်ဖောက်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ သေနတ်ပစ်ဖောက် ခြိမ်းခြောက်ခံရသော်လည်း ထိခိုက်မှုတစ်စုံတစ်ရာမရှိဘဲ လူထုစည်းရုံးရေးလုပ်ငန်းကို ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း ၎င်းကဆိုသည်။ ထားဝယ်ခရိုင် ဒီမိုကရေးစီလှုပ်ရှားမှု သပိတ်ကော်မတီကို ၂၀၂၁ ခုနစ်ဖေဖော်ဝါရီလ […]

ပြည်ထောင်စုနေ့ ထားဝယ်တွင် စတိတ်ရှိုးကျင်းပမည့်အပေါ် ဒေသခံအချို့ဝေဖန်

diz_admin

February 9, 2023

၇၆ နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စတိတ်ရှိုးပွဲကို ထားဝယ်မြို့ ရွှေဝယ်သီရိအားကစားကွင်းတွင် ကျင်းပမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း စစ်ကောင်စီ ပြန်ကြားရေးဦးစီးဌာနက ယနေ့ (ဖေဖော်ဝါရီ ၉) ထုတ်ပြန်သည်။ နာမည်ကြီးအဆိုတော် ထူးအယ်လင်းအပါအဝင် အဆိုတော်ပူစူး၊ အိမ်မက်ဆုံရာ Winner တစ်ဦးဖြစ်သူ သီရိဝင်းလှိုင်နှင့် ဒေသခံအဆိုတော်များလည်း ပါဝင်မည်ဟု ဆိုသည်။ စတိတ်ရှိုးပွဲကို ဖေဖော်ဝါရီလ ၁၂ ရက်မှ ၁၃ ရက်အထိ ညနေ ၆ နာရီမှ ၉ နာရီအထိ ကျင်းပမည်ဖြစ်သည်။ ထားဝယ်တွင် ည ၁၀ နာရီမှ နံနက် ၄နာရီအထိကို ညမထွက်ရအမိန့်ထုတ်ထားသည်။ အာဏာသိမ်းပြီးကာစအချိန်မှစပြီး ယနေ့အချိန်အထိ ည ၇ နာရီနောက်ပိုင်း ထားဝယ်မြို့၏လမ်းမကြီးများ ခြောက်ကပ်နေသည်မှာ ၂ နှစ်နီးပါးရှိနေပြီဖြစ်သည်။ ထားဝယ်မြို့ခံအချို့ကို မေးမြန်းချက်အရ စတိတ်ရှိုးပွဲကျင်းပမည့်အပေါ် […]

တစ်ပတ်ရစ်ဆိုင်ကယ်ဈေးခုန်တက်

diz_admin

February 9, 2023

ထားဝယ်ဒေသတွင် အချိန်ခြောက်လတာကာလအတွင်း တစ်ပတ်ရစ်ဆိုင်ကယ်ဈေးမှာ အမျိုးအစားအပေါ်မူတည်ကာ ကျပ်သုံးသိန်းမှ ကျပ်ဆယ်သိန်းအထိဈေးတက်သွားကြောင်း ဆိုင်ကယ်အရောင်းအဝယ်လုပ်နေသူများထံမှ သိရသည်။ ယမန်နှစ် စက်တင်ဘာလက အရောင်းအဝယ်လုပ်နေသည့် ဈေးနှုန်းနှင့် ယခုနှစ် ဖေဖော်ဝါရီလပေါက်ဈေးအရ နှစ်ဆခန့်တက်သွားခြင်းဖြစ်သည်။ ထားဝယ်ဒေသတွင် လူကြိုက်များတွင် Click -125 အော်တိုဂီယာ ၂၀၁၅ ခုနှစ်ထုတ် တစ်စီးကို ယခင်က ၁၃ သိန်းကျော် ပေါက်ဈေးရှိရာမှ လက်ရှိတွင် ၁၉ သိန်းဝန်းကျင်အထိ ဈေးမြောက်နေသည်။ ထို့အတူ၂၀၁၆ ခုနှစ်ထုတ် ကလစ်တစ်စီးလျှင် ယခင်က ၁၆ သိန်းကျော် ဈေးရှိရာမှ လက်ရှိတွင်၂၃ သိန်း ဝန်းကျင်အထိ ပေါက်ဈေးရှိနေသည်။ ထိုသို့ဈေးမြောက်လာခြင်း၏ အဓိကအကြောင်းအရင်းမှာ ကျပ်ငွေတန်ဖိုးကျဆင်းခြင်းကြောင့်ဖြစ်သလို အခြားတိုင်းနှင့် ပြည်နယ်အချို့က ဝယ်ယူခြင်းကြောင့်လည်းဖြစ်ကြောင်း ထားဝယ်မြို့ရှိ ဆိုင်ကယ်အရောင်းအဝယ်လုပ်နေသူ တစ်ဦးက ဆိုသည်။ “ပိုက်ဆံကလည်း သုံးလို့တောင် မရတော့ဘူး။ […]

အရပ်သားကား မိုင်းဆွဲခံရမှု ရေဖြူ PDFတောင်းပန်

diz_admin

February 9, 2023

ရေဖြူမြို့နယ် နှမ်းကျဲရွာနှင့်၂၇ မိုင်ကြားတွင် ဘုန်းတော်ကြီးတစ်ပါးအပါအဝင် အရပ်သားများလိုက်ပါလာသည့်ကား မိုင်းဆွဲတိုက်ခိုက်ခံရခြင်းမှာ ရေဖြူ PDF ၏ လုပ်ဆောင်ချက်ဖြစ်ကြောင်းဝန်ခံထားပြီး ထိခိုက်သူများကို ဝန်ချတောင်းပန်ကြောင်း ထုတ်ပြန်သည်။ စစ်ကောင်စီတပ်ကို ပစ်မှတ်ထားသည့် အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကို ရေဖြုမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က ဖေဖော်ဝါရီလ ၆ ရက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ကလိန်အောင်မြို့မှ ရေဖြူမြို့အနီးရှိ တပ်ရင်းတစ်ခုသို့ အရပ်ဝတ်ဖြင့်ထွက်ခွာလာသော စစ်ကောင်စီတပ်အပြန်ကို ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က လမ်းတွင်ဆီးကြိုမိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဖေဖော်ဝါရီလ ၈ ရက်က ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့်ကား မိုင်းဆွဲတိုက်ခိုက်မည့်နေရာအရောက် စစ်ကောင်စီတပ်ကား နှစ်စီးကြားသို့ အရပ်သားကားတစ်စီးဝင်လာသည်ကို သတိမထားမိဘဲ မိုင်းဆွဲမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဝန်ခံထားသည်။ မိုင်းဆွဲပြီးမှ အရပ်သားကားမှန်း သိရှိခဲ့သော်လည်း ကူညီပေးနိုင်ခြင်းမရှိခဲ့ဘဲ နီးစပ်ရာဆေးရုံနှင့် ပရဟိတ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တို့ထံ အကြောင်းကြားပေးပြီး ဆုတ်ခွာခဲ့ရကြောင်း […]

သရက်ချောင်း၊ ကတွဲရွာက အမျိုးသားတစ်ဦးဖမ်းဆီးခံရပြီး နှစ်ရက်ကြာအထိ သတင်းမရ

diz_admin

February 7, 2023

သရက်ချောင်းမြို့နယ်၊ ကတွဲရွာက အမျိုးသားတစ်ဦးကို မျက်နှာဖုံးစွပ်ထားသည့် လူတစ်စုက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး နှစ်ရက်ကြာသည်အထိ သတင်းမရကြောင်း ဒေသခံအချို့က ပြောသည်။ အသက် ၃၀ ကျော်အရွယ် ကိုအာကာ (ခေါ်) ကိုစိုးဝင်းနိုင်ဆိုသူမှာ ဖေဖော်ဝါရီလ ၅ ရက် ည ၈ နာရီခန့်တွင်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ၎င်းသည် ရန်ကုန်တွင် ရှစ်လခန့်သွားရောက်နေထိုင်ကာ ရွာသို့ ပြန်လာပြီး ၂ ရက်အကြာတွင် ဖမ်းဆီးခေါ်ဆောင် ခံရခြင်းဖြစ်ကြောင်း ကတွဲကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။ ကိုအာကာကို ပရိုဘောက်ကားဖြင့် ရောက်လာသည့် မျက်နှာဖုံးစွပ်ထားသည့် အမည်မသိလူတစ်စုက ညနေစာထမင်းစားနေချိန် ဖမ်းဆီးခေါ်သွားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “သတ်မှန်း မသတ်မှန်းတော့ မသိဘူး။ ဖမ်းခေါ်သွားတာတော့ သိတယ်” ဟု အထက်ပါအမျိုးသားက ပြောဆိုသည်။ အဆိုပါအမျိုးသားသည် ပြည်သူ့စစ်အဖွဲ့ဝင်အဖြစ် […]

ထားဝယ်တွင် မီးသတ်အရေးပေါ်ဖုန်းများ ခေါ်ဆိုမရ၊ နံပါတ်သစ်ထုတ်ပြန်

diz_admin

February 7, 2023

ထားဝယ်မြို့နယ် မီးသတ်စခန်းတွင် တပ်ဆင်ထားသည့် ဖုန်းလိုင်းများပြတ်တောက်နေသည့်အတွက်ထားဝယ်ခရိုင်အတွင်း မီးလောင်ပါက ၀၉ ၆၉၆၁၉၁၁၉၁ သို့‌ အရေးပေါ်ဆက်သွယ်ခေါ်ဆိုရန် ထားဝယ်မြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။ ထားဝယ်မြို့နယ် မီးသတ်ဦးစီးဌာန၏ အရေးပေါ်ဖုန်းနံပါတ်များဖြစ်သော ၁၉၁ အပါအဝင် ၀၅၉၂၁၀၁၇နှင့် ၀၅၉ ၂၃၄၄၈ တို့ ဆက်သွယ်ရေးပြတ်တောက်နေသောကြောင့် ခေါ်ဆိုမရဖြစ်နေကြောင်း ထုတ်ပြန်ထားသည်။ ထို့ကြောင့် ထားဝယ်ခရိုင်အတွင်း မီးလောင်မှုများ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဖြစ်ပွားပေါ်ပေါက်လာပါက အထက်ပါအ‌ရေးပေါ် ဖုန်းနံပတ်သစ်သို့ ခေါ်ဆိုအကူညီတောင်းခံရန် ထုတ်ပြန်ထားသည်။ ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း မရမ်ကုန်းမြို့နယ် အမှတ် (၅) ရပ်ကွက် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိမြန်မာဆက်သွယ်ရေးလုပ်ငန်း အိပ်ချိန်းရုံး (MPT Exchange) ရုံး မီးလောင်သဖြင့် တစ်နိုင်ငံလုံးနီးပါးMPT ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေခြင်းဖြစ်သည်။