ထားဝယ်မြို့ပေါ်က လောင်းကစားဝိုင်းနှစ်ခု စစ်ကောင်စီတပ်ဝင်ဖမ်း
Dawei Watch
January 30, 2025ထားဝယ်မြို့ပေါ် ရပ်ကွက်နှစ်ခုရှိ လောင်းကစားဝိုင်းနှစ်ခုကို ဇန်နဝါရီလ ၂၉ရက်တွင် စစ်ကောင်စီတပ်သားများက ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း ရပ်ကွက်နေသူများနှင့် ကစားဝိုင်းမှ ထွက်ပြေးလာသူများထံမှ သိရသည်။ တလိုင်းမရပ်ကွက်တွင် ပြုလုပ်နေသည့် အန်ဂလုံဝိုင်းကို ဇန်နဝါရီလ ၂၉ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သား ရှစ်ဦးခန့် ဝင်ရောက် ဖမ်းဆီးကြောင်း ရပ်ကွက်နေသူတစ်ဦးက ပြောသည်။ “ကစားသမား၊ ထိုးသားတွေကို ခဏပဲ ဒူးထောက်ထိုင်ခိုင်းပြီး ပြန်လွှတ်ပေးလိုက်တယ်။ ဒိုင်လုပ်တဲ့လူတစ်ယောက်ကိုတော့ ခေါ်သွားတယ်။ ဒိုင်က တလိုင်းမရပ်ကွက်ကတော့ မဟုတ်ဘူး။ အခြားနေရာကလာပြီး ဝိုင်းလာလုပ်တာ” ဟု ၎င်းက ဆိုသည်။ အဆိုပါအန်ဂလုံဝိုင်းသည် ရပ်ကွက်အတွင်း နေရာအတည်တကျ ပြုလုပ်နေခြင်းမဟုတ်ဘဲ လူစည်းကားသည့် နေရာ၊ ပွဲများ တွင် ရွှေ့ပြောင်းလုပ်ဆောင်နေပြီး ဝိုင်းထောင်ထားသည်မှာ သုံးရက်ခန့်သာရှိသေးကြောင်း တလိုင်းမရပ်ကွက်နေသူများထံမှ သိရသည် ။ ဇန်နဝါရီလ ၂၉ရက် […]