BREAKING
March 14, 2025

ထားဝယ်

ရဲဘော် ၃ဝခန့်ကို လဝက်ခန့်အကြာတွင် အဆက်အသွယ်ပြန်ရပြီဟု ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ဆို

diz_admin

February 14, 2023

လက်နက်သွားသယ်စဉ် လဝက်ကြာအဆက်အသွယ်ပြတ်တောက်နေသည့် ရဲဘော် ၃ဝခန့်နှင့် အဆက်အသွယ် ပြန်ရပြီဖြစ်ကြောင်း သရက်ချောင်းမြို့နယ်တွင် အဓိက လှုပ်ရှားနေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ထံမှ သိရသည်။ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ ထံတွင် လက်နက်သွားသယ်ရာ အဆက်အသွယ်ပြတ်တောက်သွားပြီ ပြန်ပေးဆွဲခံရသည့်သဖွယ်ဖြစ်နေသည်ဟု အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွင် ဇန်နဝါရီလ ၂၈ ရက်က ဝေဖန်ပြောဆိုမှုများထွက်ပေါ်ခဲ့သည်။ ရဲဘော်များနှင့် မိခင်တပ်ရင်းတို့ အဆက်အသွယ်များ ပြန်လည်ရရှိပြီဖြစ်ကြောင်း ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့က ဖေဖော်ဝါရီလ ၁၂ ရက်တွင် အသိပေးကြေညာထားသည်။ ရဲဘော် ၃၀ ဦးခန့်မှာ KNU တပ်မဟာ ၄ ၏ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၏ အကူအညီဖြင့် လက်နက်ခဲယမ်း သယ်ယူရန် နယ်စပ်ကို ခရီးထွက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့၏ ပြန်ကြားရေးတာဝန်ရှိသူ ပြောသည်။ ယင်းသို့သွားစဉ် လမ်းခရီးအခြေအနေကြောင့် မိခင်တပ်ရင်းနှင့် ဖုန်း ဆက်သွယ်မှုပြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက […]

စစ်ကောင်စီတပ်ကို ကော်သူးလေက သုံးရက်အတွင်းထွက်ခိုင်း၊ အဖွဲ့အမည်မတပ်ဘဲလည်း သတိပေးချက်ထုတ်

diz_admin

February 13, 2023

တနင်္သာရီတိုင်းရှိ နယ်စပ်စခန်းသုံးခုက စစ်ကောင်စီတပ်နှင့် စစ်ကောင်စီလက်အောက်ခံ အခြားတပ်ရင်းတပ်ဖွဲ့များ အနေဖြင့် ဖေဖော်ဝါရီလ ၁၅ ရက်မတိုင်မီ ထွက်ခွာသွားရန် ကော်သူးလေတပ်မတော်က ထုတ်ပြန်ထားသည်။ ဆာကဆောတိုင်းစစ်ဌာနချုပ် (တနင်္သာရီတိုင်း) နယ်မြေအတွင်းရှိ စစ်ကောင်စီနယ်စပ်စခန်းများဖြစ်သည့် ခြေလျင် တပ်ရင်း ၂၀၃ ၏ မောထစခန်း၊ ခြေလျင်တပ်ရင်း ၂၅ ၏ ထောင်းမဖြူးစခန်း၊ ကမာ့ပလောင်းစခန်းများနှင့် စစ်ကောင်စီလက်အောက်ခံတပ်ရင်းတပ်ဖွဲ့များ ထွက်ခွာသွားရန် ဖေဖော်ဝါရီလ ၁၂ရက်က ထုတ်ပြန်ခြင်းဖြစ်သည်။ ကော်သူးလေတပ်မတော်၏ ထုတ်ပြန်ချက်တွင် အမိန့်ထုတ်ရသည့်အကြောင်းအရာ ခြောက်ခုကိုဖော်ပြထားသည်။ ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်များက ပြည်သူများကို နှောင့်ယှက်ခြင်းနှင့် မိုင်းထောင်ခြင်းများ လုပ်ဆောင်နေကြောင်း ပါရှိသည်။ ယင်းအပြင် စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် အဖွဲ့အစည်းတစ်ခုက PDF များကို လိမ်ညာပြောဆိုစည်းရုံးပြီး ဒေသခံ များနှင့် ကော်သူးလေတပ်ဖွဲ့ဝင်များကို ဖမ်းဆီးခြင်း၊ လက်နက်သိမ်းယူခြင်းများလုပ်ဆောင်နေသည်ဟု […]

ရန်ကုန်-ထားဝယ် ပြည်ထောင်စုလမ်းပေါ် တိုက်ပွဲဖြစ်ပြီး လမ်းယာယီပိတ်

diz_admin

February 12, 2023

ရေဖြူမြို့နယ် ရန်ကုန်- ထားဝယ် ပြည်ထောင်စုလမ်းပေါ်တွင် ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက် ညနေက တိုက်ပွဲဖြစ်ပွားနေပြီး လမ်းကိုယာယီပိတ်ထားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ယနေ့ ညနေ ၃ ခန့်မှစတင်ကာ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်နေသည့်အတွက် ရန်ကုန်ဘက်မှလာသည့်ကားများကို ၂၅ မိုင်တွင် စစ်ကောင်စီတပ်က ပိတ်ထားကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ထားဝယ်ဘက်မှ သွားသည့်ကားများကိုမူ ၁၉ မိုင်ဝန်းကျင်တွင် ဖြတ်သန်းခွင့်မပေးဘဲ လမ်းပိတ်ထားကြောင်း ၎င်းက ဆိုသည်။ “ပစ်သံတွေကတော့ ဆူညံနေတာ။ ရန်ကုန်ဘက်က ဆင်းလာတဲ့ကားတွေဆို ရာချီလောက်အထိ ရှိနိုင်တယ်” ဟု အထက်ပါအမျိုးသားက ပြောဆိုသည်။ ညနေ ၆ နာရီကျော်သည်အထိ ပစ်ခတ်သံများ ကြားနေရဆဲဖြစ်ပြီး တိုက်ပွဲအခြေအနေကို မသိရသေးကြောင်း ၎င်းက ပြောသည်။ ည ၇ […]

ကံပေါက်ဒေသက အမျိုးသမီးငါးဦးထပ်မံအဖမ်းခံရ

diz_admin

February 11, 2023

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ လှည်းကုန်း (၁) ရပ်ကွက်တွင် နေထိုင်သူအမျိုးသမီးငါးဦးကို ဖေဖော်ဝါရီလ ၁၀ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။ အဖမ်းခံရသူအမျိုးသမီးတို့မှာ ဒေါ်မာမာဝေ၊ ဒေါ်သန်းသန်းစိုး၊ ဒေါ်ချိုချိုအောင်၊ ဒေါ်မိသန်းကြွယ်နှင့် သမီးဖြစ်သူ မရွက်နုဝေတို့ ဖြစ်ကြသည်။ “ဖေဖော်ဝါရီ ၉ ရက်ညက အခုအဖမ်းခံရတဲ့ လှည်းကုန်းရပ်ကွက်က အိမ်တွေနဲ့ ခိုင်သဇင်ရပ်ကွက်က CDM ဆရာမတစ်ဦးရဲ့ နေအိမ်လည်း ဝင်ရှာခံရတယ်။ မနက်ကျတော့ ရေတပ်က လာခေါ်သွားတယ်။ ဆရာမက ခရီးထွက်နေတော့ ခေါ်သွားရာမှာ မပါသွားဘူး” ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။ ယခု အဖမ်းခံထားရသည့် အမျိုးသမီးငါးဦးသည် စစ်ကောင်စီတပ်က ယခင်ဖမ်းဆီးပြီးပြန်လွှတ်လိုက်သည့် လှည်းကုန်းရပ်ကွက်မှ ဒေသခံများနှင့် ဆွေမျိုးတော်စပ်သူများဖြစ်ကြကြောင်း ဒေသခံတို့က ဆိုသည်။ သို့သော်မည့်သည်အကြောင်းအရင်းကြောင့် ဖမ်းဆီးခံရသည်ကိုမူ […]

လောင်းလုံးတွင် ဇနီးမောင်နှံနှစ်ဦး ပစ်သတ်ခံရ

diz_admin

February 10, 2023

လောင်းလုံးမြို့နယ်၊ ကရင်ကြီးရွာတွင် နေထိုင်သည့် ဇနီးမောင်နှံနှစ်ဦး ယနေ့ ဖေဖော်ဝါရီလ ၁ဝရက် နံနက်ပိုင်းက ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ အသက် ၃၀ အရွယ် ဦးစိုးဆိုသူနှင့် ဇနီးဖြစ်သူ အသက် ၄၁ နှစ်အရွယ် ဒေါ်ကြည်သန်းဆိုသူတို့ ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ယနေ့ နံနက် ၁၀ နာရီဝန်းကျင်က ပြင်ကြီးရွာအနီး လှေဆိပ်၌ လှေပေါ်မှ ငါးသယ်ပြီး အပြန်လမ်းတွင် ပစ်သတ်ခံရခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ယောက်ျားက ဆိုင်ကယ်‌ ပေါ်ခွလျက် လဲကျသေဆုံးနေတယ်။ သူ့အမျိုးသမီးကတော့ ဆိုင်ကယ်နဲ့ မလှမ်းမကန်းမှာ လဲကျသေဆုံးနေတယ်” ဟု ၎င်းက ဆိုသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးစိုး၏ ရင်ဖက်တွင် သေနတ်ဒဏ်ရာနှစ်ချက်၊ ညာဖက်ပါး […]

လောင်းလုံးတွင် သက်ကြီးပိုင်း အမျိုးသားတစ်ဦး ပစ်သတ်ခံရ

diz_admin

February 10, 2023

လောင်းလုံးမြို့ပေါ် ရပ်ကွက်တစ်ခုဖြစ်သည့် (ဂ)ရပ်ကွက်တွင် ယနေ့(ဖေဖော်ဝါရီ ၁၀) မွန်းတည့် ၁၂ နာရီဝန်းကျင်ခန့်တွင် သက်ကြီးပိုင်းအမျိုးသားတစ်ဦး ပစ်သတ်ခံရသည်ဟု ဒေသခံတစ်ဦးကပြောသည်။ ပစ်သတ်ခံရသူမှာ အသက် ၈၄ နှစ်အရွယ်ရှိ ဦးမောင်ငွေဆိုသူဖြစ်သည်။ လက်နက်ကိုင်ဆောင်ထားသည့် အမျိုးသား ခြောက်ဦးခန့်က ဆိုင်ကယ်သုံးစီးဖြင့် ရောက်လာပြီး ပစ်သတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “ဘယ်ဘက်မျက်လုံး ထက်အောက် သေနတ်ဒဏ်ရာရှိတယ် “ဟု ၎င်းကပြောသည်။ ဦးမောင်ငွေကို မည်သူတို့က မည်သည့်အကြောင်းရင်းကြောင့် လာရောက်ပစ်သတ်သွားသည်ဆိုသည်ကို မသိရသေးပေ။ အလောင်းကိုမူ ယနေ့မွန်းလွဲပိုင်းက အရေးပေါ်ကားဖြင့် ထားဝယ်ဆေးရုံကြီးသို့ သယ်ဆောင်သွားသည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၉ ရက်နေ့ကလည်း လောင်းလုံးမြို့နယ် စစ်ပြဲရွာအုပ်ချုပ်ရေးမှုးဟောင်း ဦးသားလေးဆိုသူမှာ ပစ်သတ်ခံရပြီး သေဆုံးသွားခဲ့သေးသည်။

တိမ်းရှောင်နေသည့် လောင်းလုံး စစ်ပြဲရွာအုပ်ချုပ်ရေးမှူးဟောင်း ပစ်သတ်ခံရ

diz_admin

February 10, 2023

လောင်းလုံးမြို့နယ် စစ်ပြဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟောင်း ဦးသားလေးဆိုသူ ဖေဖော်ဝါရီလ ၉ ရက်က ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ စစ်ပြဲကျေးရွာအုပ်စု စစ်ပြဲအနောက်ပိုင်းဈေးအနီးရှိ ၎င်း၏နေအိမ်တွင်ပင် ညနေ ၄ နာရီခန့်တွင် ပစ်သတ်ခံရခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “နာထင်မှာတစ်ချက် သေနတ်ဒဏ်ရာတွေ့တယ်။ ‌ပါးစပ်မှာလည်း တစ်ချက်ထင်တယ်။ သွေးတွေနဲ့ ပေနေတာ ဆိုတော့ သေချာ မမြင်လိုက်ရဘူး” ဟု အလောင်းကို ကိုယ်တိုင်မြင်တွေ့ခဲ့သူတစ်ဦးက ပြောသည်။ ဦးသားလေးသည် NLD အစိုးရလက်ထက်က စစ်ပြဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း ဆက်မလုပ်တော့ကြောင်း ဒေသခံအချို့က ဆိုသည်။ ပြည်သူ့ကာ‌ကွယ်ရေးအဖွဲ့တစ်ခုက စစ်ကောင်စီနှင့် မပူးပေါင်းရန် သတိပေးပြောဆိုခဲ့ပြီးနောက် ဦးသားလေးမှာ ရွာတွင် မနေတော့ဘဲ တိမ်းရှောင်နေသည်မှာ တစ်နှစ်ခန့်ရှိနေပြီဖြစ်ကြောင်း ၎င်းတို့ကပြောဆိုသည်။ “ဘာဖြစ်လို့ လာသတိပေးတာလဲတော့ […]

စမ်းလှမ်းရွာက အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ တိုက်ခိုက်ခံရပြီးနောက် လောင်းကစားဝိုင်းများရပ်နား

diz_admin

February 10, 2023

အာဏာသိမ်းပြီးနောက်ပိုင်း လောင်းကစားဝိုင်းများ၊ ပျော်ပွဲရွှင်ပွဲ၊ ဘာသာရေး‌ပွဲတော်များဖြင့် အမြဲစည်ကားနေလေ့ ရှိသည့် စမ်းလှမ်းရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ ဖေဖော်ဝါရီလ ၇ ရက်က တိုက်ခိုက်ခံခဲ့ရသည်။ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးရဲကလေးဆိုသူနှင့် လောင်းကစားဝိုင်းကန်ထရိုက်တာတစ်ဦးဖြစ်သူ ဦးသားကြီး (ခေါ်) သူရစိုး တို့ လိုက်ပါလာသည့် သုံးဘီးကားကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ လောင်းလုံး-စမ်းလှမ်းရွာသွား လမ်းပိုင်းတစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ စမ်းလှမ်းကျေးရွာသို့ ဘုရားပင့်ပြီးပြီးပြန်လာချိန် ပျူးစောထီးခေါင်းဆောင်လိုက်ပါလာသော ရှေ့ပြေးသုံးဘီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေကိုမူမသိရသေးကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ဒေသခံအချို့အား ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက် မေးမြန်းစဉ် ဦးရဲကလေးနှင့် ဦးသူရစိုးတို့အပါအဝင် ဘုရားပင့်အဖွဲ့ တိုက်ခိုက်ခံရသည်မှာ မှန်ကန်သော်လည်း သေဆုံးခြင်းမရှိကြောင်း ပြောဆိုသည်။ “သေတော့ မသေဘူး။ ရွာမှာရှိနေတုန်းပဲ။ သူတို့နှစ်ယောက်လုံး […]