လောင်းလုံးတွင် ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းစကောက်သည့်နေ့
diz_admin
January 9, 2023စစ်ကောင်စီက ကျင်းပမည်ဆိုသည့် ရွေးကောက်ပွဲအတွက် မြေပြင်လူဦးရေစာရင်း စကောက်သည့်နေ့တွင်ပင် လောင်းလုံးမြို့နယ် ကမြောကင်းရွာ၌ လုံခြုံရေးလိုက်နေသည့် ဒုရဲအုပ်တစ်ဦး ပစ်သတ်ခံလိုက်ရသည်။ ကမြောကင်းရွာ စာသင်ကျောင်းအနီးတွင် ဇန်နဝါရီလ ၉ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ဒုရဲအုပ်မှာ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ ပစ်သတ်ခံရသူမှာ မောင်းမကန်နယ်မြေရဲစခန်းမှ ဒုရဲအုပ်သိန်းထိုက် ဖြစ်ပြီး လူလေးဦးက ကားဖြင့်လာကာ အနီးကပ်ပစ်ခတ်သွားသည်ဟု စစ်ကောင်စီဝါဒဖြန့်မီဒီယာအချို့က ဖော်ပြကြသည်။ စစ်ကောင်စီက ဇန်နဝါရီလ ၉ ရက်နေ့မှစကာ မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူရေး လုပ်ငန်းကို စတင်ဆောင်ရွက်နေခြင်းဖြစ်ပြီး ယခုလကုန်အထိ ကောက်ယူမည်ဟု ထုတ်ပြန်ထားသည်။ အထက်ပါဖြစ်စဉ်မှာ စာရင်းစကောက်သည့်နေ့တွင်ပင် ပစ်ခတ်ခံရခြင်းဖြစ်သည်။ “လမ်းကြားထဲမှာ စာရင်းကောက်ပြီးထွက်တာနဲ့ ပစ်ခံလိုက်ရတာ” ဟု ကမြောကင်းရွာတွင် နေထိုင်သည့် ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါ ပစ်ခတ်မှုကို Guerrilla […]