BREAKING
March 14, 2025

ထားဝယ်

သရက်ချောင်းတွင် စျေးဝယ်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရ၍ ၂ ဦးသေ

diz_admin

February 24, 2023

သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာတွင် ဖေဖော်ဝါရီ ၂၂ ရက် ညနေ ၄ နာရီခွဲခန့်က စျေးဝယ်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းနေ့ ညနေပိုင်းတွင် ရွာထဲသို့ကင်းလှည့်ရင်း ဈေးဝင်ဝယ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံအချို့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူအချို့က ပြောသည်။ “အုပ်စုနဲ့လာတာမဟုတ်ဘူး၊ ဈေးဝင်ဝယ်ပြီး ပြန်အထွက်မှာ ပစ်ခတ်ခံရတာ၊ ပစ်ခတ်မှုကတော့ ခဏပဲဖြစ်တယ်” ဟု ဒေသခံတစ်ဦးကပြောသည်။ ပစ်ခတ်မှုကြာချိန် ၁၅ မိနစ်ခန့်သာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးသည်ဟု ဒေသခံအချို့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ “စော်ဖျားရွာလယ်မှာကို ပစ်ကြတာ၊ နှစ်ယောက်သေတယ်လို့တော့ ပြောသံကြားတယ်။ ကင်းလှည့်လာချိန်ပစ်တယ်လို့ပြောတယ်။ ကျွန်မတို့က ကျည်ဆန်ကြားထဲမှာ သွားပိတ်မိနေတယ်” ဟု စော်ဖျားရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။ […]

ရေဖြူ ဇာဒီရွာတွင် အမျိုးသားတစ်ဦး ကားတစ်စီးနှင့်အတူ အဖမ်းခံရ

diz_admin

February 24, 2023

ရေဖြူမြို့နယ် ဇာဒီကျေးရွာအုပ်စုတွင် အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးကို မော်တော်ကားတစ်စီးနှင့်အတူ စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံအချို့ထံက သိရသည်။ အဖမ်းခံရသူအမျိုးသားမှာ ဇာဒီကျေးရွာအုပ်စု ခေါင်ပြန်ရွာဇာတိဖြစ်ပြီး ယခုလက်ရှိ ဇာဒီကျေးရွာတွင် နေထိုင်ကာ ကံပေါက်တိုက်နယ်အတွင်း ဆောက်လုပ်ရေးကန်ထရိုက်လုပ်ငန်း လုပ်ကိုင်နေသူ ဦးမင်းမင်းဦးဆိုသူ ဖြစ်သည်။ ဦးမင်းမင်းအား ဖေဖော်ဝါရီလ ၂၃ ရက် နံနက် ၁၁ နာရီခန့်တွင် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ “ကိုမင်းမင်းဦးကို လာဖမ်းတုန်းက သူကားပါ ယူသွားတယ်။ သူ့ကားက လိုင်စင်တော့မရှိဘူး။ လိုင်စင်ကိစ္စကြောင့် တော့ မဟုတ်ဘူးထင်တယ်။ အတိအကျတော့ ပြောမရသေးဘူး” ဟု ဇာဒီရွာသားတစ်ဦးက ပြောသည်။ ဦးမင်းမင်းဦးကို မောရဝတီရေတပ်ကို ခေါ်ဆောင်စစ်ဆေးနေပြီး ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက် နံနက်ပိုင်းအထိ ပြန်လွတ်လာခြင်း […]

စစ်ကောင်စီခန့်ဝန်ကြီး၏ ကုမ္ပဏီ KNU ထိန်းချုပ်နယ်မြေတွင်ဟိုတယ်ဆောက်ရန်ပြင်

diz_admin

February 23, 2023

စစ်အာဏာရှင်စနစ်အား ခုခံတွန်းလှန်မှု အရှိန်မြင့်နေချိန်တွင် တနင်္သာရီတိုင်း စစ်ကောင်စီခန့် တိုင်းရင်သားရေးရာဝန်ကြီးစောမာတင်လူသာပိုင် ကုမ္ပဏီက KNU မြိတ်-ထားဝယ် ခရိုင် တပ်မဟာ (၄) ထိန်းချုပ်နယ်မြေအတွင်း ဟိုတယ်ဆောက်ရန် စိုင်းပြင်းလျက်ရှိသည်။ ဝန်ကြီး စောမာတင်လူသာ ဒါရိုက်တာအဖြစ် ပါဝင်နေသည့် Luminous Star’s (Hti Khee) ကုမ္ပဏီက ထိုင်းမြန်မာနယ်စပ် ထီးခီးဒေသတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းလုပ်ကိုင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။ တနင်္သာရီတိုင်း အစိုးရအဖွဲ့ရုံးတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့က ပြုလုပ်သည့် ရင်းနှီးမြှုပ်နှံမှု ကော်မတီ အစည်းအဝေးတွင်Luminous Star’s နှင့် K L P (Hti Khee) ကုမ္ပဏီတို့က ထိုင်း-မြန်မာနယ်စပ် အမြားကျေးရွာတွင် ဟိုတယ်ဆောက်လုပ်ခွင့်နှင့် ပတ်သတ်ပြီး ဆွေးနွေးခဲ့ကြသည်။ စောမာတင်လူသာမှာ လက်ရှိ […]

ဈေးသွားရောင်းသည့်အမျိုးသားတစ်ဦး ပစ်ခတ်ခံရ

diz_admin

February 23, 2023

ထားဝယ်မြို့နယ် မြေးခန္တီကျေးရွာဘက်သို့ ဈေးသွားရောင်းသည့် အမျိုးသားတစ်ဦး ပစ်ခတ်ခံရပြီး ဒဏ်ရာရကြောင်း ဒေသခံတို့က ပြောသည်။ ဖေဖော်ဝါရီလ ၂၁ ရက် နံနက်ပိုင်းက မောင်မယ်ရှောင်ရွာသား ဦးသန်းဇော်ဆိုသူနှင့် ဇနီးဖြစ်သူ ဒေါ်မီးနန်းတို့မှာ မြေးခန္တီကျေးရွာဘက် ငါးရောင်းသွားပြီး အပြန်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ထားဝယ်မြို့နယ် သစ်ကတုံးရွာနှင့် ထန်းတလုံး‌ရွာကြား ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။ “ဆိုင်ကယ်နှစ်စီးနဲ့ လင်မယားနှစ်ယောက် ရှေ့ဆင့်နောက်ဆင့်ပဲ။ အမျိုးသားက နောက်ကလိုက်လာနေတုန်းမှာ ပစ်ခံရတယ်” ဟု ၎င်းက ပြောဆိုသည်။ ပစ်ခတ်ခံရမှုကြောင့် ဦးသန်းဇော်တွင် လက်မောင်း ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည့်အတွက် ပခတ်အင်း ဘုန်းတော်ကြီး၏ကားဖြင့် ထားဝယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဒေသခံများက ပြောသည်။ ဦးသန်းဇော်ကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်ခဲ့သည်ကိုမူ မသိရသေးပေ။ ၎င်းတို့ […]

လောင်းလုံး ဇလွတ်ရွာဖြစ်စဉ် ပြည်သူ့ကာကွယ်ရေးထုတ်ပြန်ချက်နှင့် ဒေသခံတို့ပြောဆိုချက်ကွဲလွဲ

diz_admin

February 23, 2023

လောင်းလုံးမြို့နယ် ဇလွတ်ကျေးရွာတွင် ဒေသခံသုံးဦးကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်ပစ်ခတ်ခဲ့ရာ နှစ်ဦးလွတ်‌မြောက်သွားပြီး တစ်ဦးပစ်သတ်ခံခဲ့ရသည်။ ဦးအောင်မိုး၊ ဒေါ်ယဉ်ယဉ်သန်း ဇနီးမောင်နှံနှင့် ဦးဝင်းသိန်းပုဆိုသူတို့ကို လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၂ရက် နံနက်ပိုင်းတွင် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ဦးအောင်မိုး၊ ဒေါ်ယဉ်ယဉ်သန်းတို့မှာ ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ဦးဝင်းသိန်းပုဆိုသူမှာ ပစ်သတ်ခံ လိုက်ရသည်။ ယင်းဖြစ်စဉ်အပေါ် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖေဖော်ဝါရီလ ၂၂ ရက်စွဲဖြင့် ထုတ်ပြန်ချက် ထုတ်ပြန်ထားသည်။ ထွက်ပြေးလွတ်မြောက်သွားသူ ဦးအောင်မိုး၊ ဒေါ်ယဉ်ယဉ်သန်းတို့ဇနီးမောင်နှံနှင့် ပစ်သတ်ခံလိုက်ရသူ ဦးဝင်းသိန်းပု တို့မှာ ‌‌ပျူစောထီးခေါင်းဆောင် ချစ်စမ်းမောင်၏ တပည့်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဦးအောင်မိုးနှင့် ဒေါ်ယဉ်ယဉ်သန်းတို့သည် ဓားပြတိုက်၊ လူသတ်မှုတွင်ပါဝင်ပြီး ပျူစောထီးအဖွဲ့ဝင်များ တိုးပွား လာစေရန် စည်းရုံးပေးနေသူဖြစ်ကြောင်း ဆိုထားသည်။ ဒေသခံအချို့ကမူ အဆိုပါဇနီးမောင်နှံသည့် စီးပွားရေးလုပ်ငန်းများစွာ လုပ်ကိုင်ကြကာ […]

ကရင်အချင်းချင်းတိုက်ခိုက်မှု အမြန်ဆုံးအဆုံးသတ်ပေးရန် နိုင်ငံတကာကရင်အဖွဲ့အစည်းတောင်းဆို

diz_admin

February 23, 2023

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ၄ နှင့် ကော်သူးလေတပ်မတော်တို့ အချင်းချင်း ရန်မူတိုက်ခိုက် နေမှုများကို ကရင်တစ်မျိုးသားလုံး၏ မျက်နှာကိုထောက်ရှုကာ အမြန်ဆုံးအဆုံးသတ်ပေးရန် နိုင်ငံတကာကရင်အဖွဲ့အစည်း (IKO) က တောင်းဆိုလိုက်သည်။ ပြည်ပရောက် ကရင်လူမျိုးများဖြင့်ဖွဲ့စည်းထားသည့် International Karen Organisation (IKO)က ဖေဖော်ဝါရီလ ၂၂ ရက် တွင် ထုတ်ပြန်တောင်းဆိုလိုက်ခြင်းဖြစ်သည်။ အဆိုပါ အဖွဲ့အစည်းသည် နိုင်ငံတကာရောက် ကရင်အဖွဲ့အစည်းများဖြင့် စုပေါင်းဖွဲ့စည်းထားခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ပြည်သူတစ်ရပ်လုံးက စစ်ကောင်စီကို (စစ်အစိုးရ) ကို အမြစ်ပြတ်ဖြုတ်ချရေးအတွက် တိုက်ပွဲဝင် နေချိန်ဖြစ်သည့်အတွက် ကရင်အချင်းချင်းတိုက်နေသည်မှာ မဖြစ်သင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထိုကြောင့် ကရင်အချင်းချင်းတိုက်နေမည့်အစား စစ်အုပ်စုဆီ သေနတ်ပြောင်းဝလှည့်ကြရန် အထက်ပါအဖွဲ့အစည်းက တောင်းဆိုထားသည်။ လက်ရှိတွင် KNU တပ်မဟာ ၄ ၏ KNLA […]

ထားဝယ်တွင် သီဟိုဠ်စေ့ ဈေးကောင်းနေ

diz_admin

February 23, 2023

ထားဝယ်သီဟိုဠ်ဈေးကွက်တွင် ယခုနှစ်ရာသီအဖွင့်ဈေးမှာ ယခင်နှစ်ထက် ထက်ဝက်ခန့် စျေးပိုပေးဝယ်ယူနေရသည်ဟု ထားဝယ်မြို့ပေါ်ရှိသီဟိုဠ်စေ့လုပ်ငန်း လုပ်ကိုင်သူအချို့ထံမှသိရသည်။ ယခင်နှစ်ဖေဖော်ဝါရီလရာသီအစတွင် သီဟိုဠ်စေ့ တစ်ပိဿာကို ကျပ် နှစ်ထောင့်ငါးရာဝန်းကျင်ကစပြီး ဈေးဖွင့်ဝယ်ရာမှ ယခုနှစ်ဖေဖော်ဝါရီ ပထမပတ်တွင် တစ်ပိဿာ ကျပ်လေးထောင်ကနေ ဖေဖော်ဝါရီ တတိယပတ်တွင် တစ်ပိဿာကျပ်ငါးထောင်နီးပါး ဈေးပေး၍ ဝယ်ယူနေကြသည်ဟု ‌ထားဝယ်မြိုမှ သီဟိုဠ်စေ့ လုပ်ငန်းလုပ်သူတစ်ဦးကပြောသည်။ “ပစ္စည်းကနည်းတယ် ဝယ်လိုအားကများတော့ ဈေးကွက်သဘောရဒီလိုပါပဲ”ဟု ၎င်းကပြောသည်။ ထားဝယ်ခရိုင်တွင်ယခင်နှစ်က ဒီဇင်ဘာလနှင့် ဇန်နဝါရီလ တွင် အချိန်ခါမဟုတ်မိုးရွာခြင်းနှင့် နှင်းခါးထိခြင်းကြောင့် သီဟိုဠ် ဝတ်ဆံပျက်စီးခဲ့ပြီး အထွက်နည်းသော်လည်း ယခုနှစ်မှာမူ ယခင်နှစ်ထက် အထွက်ပိုများကြောင်း လောင်းလုံးမြို့နယ်ရှိ သီဟိုဠ်ခြံပိုင်ရှင်တစ်ဦးကပြောသည်။ “ဒီနှစ်ကရာသီမှန်တယ် မနစ်ကထက်အသီးများတယ်”ဟု ၎င်းကပြောသည်။ သီဟိုဠ်အထွက်များသော်လည်း ဈေးကွက်ထဲသို့ ပုံမှန်ဝင်ရောက်လာခြင်း မရှိသေးကြောင်း အထက်ပါလုပ်ငန်းရှင်များက ပြောသည်။ “အထွက်များတဲ့ ဒေသတွေမှာက တိုက်ပွဲတွေဖြစ်နေတယ်လေ […]

KNU နှင့် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပြီး ကော်သူးလေ ရဲဘော်သုံးဦးကျဆုံး

diz_admin

February 22, 2023

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ နှင့် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားသဖြင့် ရဲဘော်သုံးဦး ကျဆုံးခဲ့ကြောင်း ကော်သူးလေတပ်မတော် (တနင်္သာရီတိုင်း) က ဖေဖော်ဝါရီလ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ဖေဖော်ဝါရီလ ၁၇ ရက်နှင့် ၂၀ ရက်တို့တွင် KNU တပ်မဟာ ၄ ၏ KNLA နှင့် ကော်သူးလေတပ်မတော် KTLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ တပ်သားသုံးဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ကော်သူးလေ KTLA တပ်ရင်း ၁ က ထောင်းမာ့ဖြူကျေးရွာလမ်းအတိုင်းသွားနေချိန် အသင့်စောင့်ဆိုင်းနေသည့် KNLA တပ်က တိုက်ခိုက်သဖြင့် ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ထို့နောက် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် KNLA ရဲဘော်တစ်ဦးကို […]