BREAKING
March 14, 2025

ထားဝယ်

သရက်ချောင်း သိမ်ကုန်းရေတံခွန်အနီး စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရ

diz_admin

March 4, 2023

သရက်ချောင်းမြို့နယ် သိမ်ကုန်းနှင့် ဝဲရစ်ရွာကြား သိမ်ကုန်းရေတံခွန်အနီးတွင် မတ်လ ၃ရက်က စစ်ကောင်စီတပ်ဖွဲ့ နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံအချို့က ပြောသည်။ နံနက်ပိုင်းတွင် ထားဝယ်ဖက်မှ မြိတ်ဖက်သို့လာသည့် စစ်ကောင်စီတပ်ကားတန်းကို မိုင်းဆွဲတိုက်ခိုက်ရန်ပြင်ထားစဉ် ဝင်းဝနယ်မြေ ရဲစခန်းမှ စစ်ကောင်စီခြေလျင်စစ်ကြောင်းနှင့် စစ်ကောင်စီတပ်ကားတို့ ရှေ့ပြေးလုံခြုံရေးလာယူသဖြင့် ယင်းအဖွဲ့ကိုသာ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။ ယင်းနောက် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အထက်ပါတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးတို့က ပြောသည်။ “မနေ့က မစ်ရှင်လုပ်တာက စစ်ကောင်စီယာဉ်တန်းကိုစောင့်ပြီး လုပ်ဖို့ပဲ။ သူတို့ထွက်လာတယ်ဆိုတော့ သူတို့ကိုပဲ လုပ်လိုက်ရတယ်” ဟု ၎င်းက ပြောဆိုသည်။ ညနေပိုင်းတွင်မူ သိမ်ကုန်းနှင့် မင်းဒပ်ရွာကြားတွင် စစ်ကူလာသည့် စစ်ကောင်စီတပ်ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ သေးကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။ “လက်နက်ကြီး၊ လက်နက်ငယ်တွေတော့ ပစ်နေကြတယ်ဆို အသံကြားတယ်” ဟု […]

အောက်ကျောက်ဝပ်တွင် ပစ်ခတ်ခံရသဖြင့် လူငါးဦးသေဆုံးပြီး တစ်ဦးအပြင်းအထန်ဒဏ်ရာရ

diz_admin

March 4, 2023

လောင်းလုံးမြို့နယ် အောက်ကျောက်ဝပ်ကျေးရွာတွင် ပစ်ခတ်ခံရသဖြင့် အမျိုးသား ငါးဦးသေဆုံးပြီး တစ်ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ယင်းအပြင် နေအိမ်ငါးလုံး၊ ကားတစ်စီး၊ ဘေးတွဲဆိုင်ကယ်တစ်စီးလည်း မီးရှို့ဖျက်ဆီးခံရကြောင်း ဒေသခံအချို့က ပြောသည်။ ပစ်သတ်ခံရသူများမှာ အသက် ၄၀ ကျော်အရွယ် ဦးနော်အေး၊ အသက် ၃၀ ဝန်းကျင်အရွယ်များဖြစ်သော ကိုကရင်၊ ကိုတင်ဌေး၊ ကိုမောင်သန်းဝင်း၊ အသက် ၁၈ နှစ်အရွယ် မောင်လှအောင်တို့ ဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ ကိုသံရိုးဆိုသူမှာ ဒဏ်ရာအပြင်းအထန် ရရှိထားသဖြင့် ဆေးကုသနေရကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ “ဒဏ်ရာရထားတဲ့သူလည်း အခြေအနေမကောင်းဘူး” ဟု ၎င်းဒေသခံက ယနေ့ မွန်းလွဲ ၂ နာရီကျော်က ပြောသည်။ ယင်းအပြင် ကိုမျိုးနှင့် မစန္ဒာတို့၏ နေအိမ်၊ ကိုဇော်နှင့် မမိုးမိုးအေးတို့၏ […]

လောင်းလုံး အောက်ကျောက်ဝပ်ရွာ မီးရှို့ခံနေရ၊ မီးသွားငြှိမ်းသူ အသတ်ခံရဟုဆို

diz_admin

March 4, 2023

လောင်းလုံးမြို့နယ် အောက်ကျောပ်ဝပ်ကျေးရွာ မီးရှို့ခံနေရကြောင်း ဒေသခံတစ်ဦးကပြောသည်။ ယနေ့ (မတ် ၄) ၁၁ နာရီခန့်က ရွာထဲမှ မီးခိုးလုံးများထွက်ပေါ်နေသည်ကို တိမ်းရှောင်နေရသည့် တောတောင်ထဲမှ မြင်တွေ့နေရကြောင်း ၎င်းကဆိုသည်။ “သူတို့( စစ်ကောင်စီတပ်) က ရွာပြင်ကနေစပြီး မီးရှို့နေတယ်တဲ့။ မီးသွားသတ်တဲ့သူတွေကိုလည်း ပစ်လို့သေတဲ့သူ သေနေကြတယ်လို့ ကြားရတယ်။ အသေးစိတ်တော့မသိရသေးဘူး။ အဲလောက်ပဲကြားရသေးတယ်” ဟု တိမ်းရှောင်နေရသည့် ဒေသခံတစ်ဦးက ယနေ့ ၁၂ နာရီဝန်းကျင်က ပြောဆိုသည်။ အောက်ကျောက်ဝပ်ကျေးရွာအနီးဝန်းကျင်းတွင် မတ်လ ၂ ရက် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ပျူစောထီး၊ စစ်ကောင်စီပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်းစီဘက်က ထိခိုက်သေဆုံးမှုရှိကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ ယင်းနောက် စစ်ကောင်စီတပ်များ ဆုတ်ခွာသွားခဲ့သည်ဟုဆိုသည်။ ယနေ့ (မတ် ၄) မနက်ပိုင်းတွင်မူ စစ်ကောင်စီတပ်ဖွဲ့တို့ အောက်ကျောက်ဝပ်ကျေးရွာသို့ ထပ်မံရောက်ရှိလာပြီး […]

လောင်းလုံး ‌အောက်ကျောက်ဝပ်ရွာအနီးသို့ စစ်ကြောင်းထပ်ထိုးနေဟုဆို

diz_admin

March 4, 2023

မတ်လ ၂ ရက်က တစ်ရက်လုံးနီးပါး တိုက်ပွဲဖြစ်ပွားခဲ့သည့် လောင်းလုံးမြို့နယ် အောက်ကျောက်ဝပ်ကျေးရွာ အနီးဝန်းကျင်သို့ စစ်ကောင်စီတပ်က ယနေ့ မတ်လ ၄ ရက်တွင် ထပ်မံစစ်ကြောင်းထိုးလာနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ကျွန်မတို့အခုထိ ပုန်းနေရသေးတယ်” ဟု ထိတ်လန့်နေသည့်အသံဖြင့် ဒေသခံတစ်ဦးက ယနေ့ နံနက် ၁၀ နာရီခန့်က ပြောဆိုသည်။ ‌အသေးစိတ် မေးမြန်းချိန်မရဘဲ ဖုန်းချသွားခဲ့သည်။ အခြားဒေသခံနှစ်ဦးထံ ဖုန်းထပ်ဆက်ကြည့်ရာတွင် စက်ပိတ်ထားကြသည်။ ယမန်နေ့က တိုက်ပွဲဖြစ်ပွားရာနေရာသို့ စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေသဖြင့် ပြည်သူများ မလိုလားအပ်ဘဲ အပြင်မသွားကြရန် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ ၁၀ နာရီခန့်က ထုတ်ပြန်ထားသည်။ မတ်လ ၂ ရက်က အောက်ကျောက်ဝပ်ကျေးရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ်၊ ပျူစောထီး ပူးပေါင်းအဖွဲ့တို့နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ […]

လဲရှောင်ရွာတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

diz_admin

March 4, 2023

ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ လဲရှောင်ရွာတွင် မတ်လ ၃ ရက်နေ့ ညနေပိုင်းက အမျိုးသားတစ်ဦး ပစ်သတ်ခံရသည်ဟု ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။ ပစ်သတ်ခံရသူမှာအသက် ‌၄၀ ကျော်အရွယ်ရှိ ဦးထွန်းဇော်ဦးဆိုသူဖြစ်ပြီး မတ်လ ၃ ရက်နေ့ ညနေ ခြောက်နာရီကျော် ဝန်းကျင်ခန့်က ၎င်း၏နေအိမ်ရှေ့တွင် ပစ်သတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ ဆိုင်ကယ်နှစ်စီးဖြင့်လာသည့် အမျိုးသားသုံးဦးက ပစ်သတ်သွားခြင်းဖြစ်သည်။ “နေအိမ်ခြံတံခါးဖွင့်နေတုန်းမှာ ပစ်သွားတယ်”ဟု ၎င်းကပြောသည်။ သေနတ်ပစ်ခံရမှုကြောင့် ဦးထွန်းဇော်ဦး၏ ဦးခေါင်းတွင်ဒဏ်ရာနှစ်ချက်၊ လက်မောင်းအောက် ရင်ဘက်နားတွင်တစ်ချက် စုစုပေါင်းသေနတ်ဒဏ်ရာသုံးချက်ဖြင့် နေရာတွင်ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်သည်ဟုဆိုသည်။ ဦးထွန်းဇော်ဦးသည် လောင်းလုံးမြို့နယ် မြို့ဟောင်းရွာသား တစ်ဦးဖြစ်ပြီး လဲရှောင်ရွာသူနှင့် အိမ်ထောင်ကျနေခြင်းဖြစ်သည်။ ၎င်းကိုမည်သူတို့က မည်သည့်အကြောင်းကြောင့် ပစ်သတ်သွားသည်ဆိုသည်ကို Dawei Watch အနေဖြင့်မသိရသေးပေ။ သေဆုံးသူအမျိုးသားမှာ တော်လှန်ရေးအဖွဲ့များနှင့်ရော စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့်ပါ အဆက်ဆံရှိသူတစ်ဦးဖြစ်ကြောင်း ၎င်း၏အပြောအဆိုမတတ်မှု၊ ထင်ရာပြောဆိုတတ်သည့် အကျင့်များကြောင့် […]

ထားဝယ်ဒေသထွက် ပထမဆုံးချောကလက် ခေတ်ကာလကြောင့် စျေးကွက်ဖြန့်ရခက်နေ

diz_admin

March 4, 2023

ထားဝယ်ဒေသတွင် ပထမဆုံးစိုက်ပျိုး ထုတ်လုပ်သည့် ချောကလက်မှာ ခေတ်ကာလအနေအထားအရ စျေးကွက်ဖြန့်ရခက်နေသဖြင့် ထားဝယ်၊ မော်လမြိုင်၊ မုဒုံ၊ ကျိုက်ထိုနှင့် ရန်ကုန်ဈေးကွက်ကိုသာ ဖြန့်ဖြူးရောင်းချနိုင်သေးသည်ဟု သိရသည်။ မြိတ်၊ ကော့သောင်းနှင့် မြန်မာပြည်မှ အခြားမြို့ကြီးများ၏ ဈေးကွက်ကိုထိုးဖောက်ရန် ခေတ်ကာလအနေအထားအရ အခက်အခဲတွေရှိနေသည်ဟု ဦးနေလင်းအောင်က ပြောသည်။ ၂၀၁၅ ခုနှစ်ခန့်က စတင်စိုက်ပျိုးခဲ့သည့် ကိုကိုးပင်မှာ ၂၀၂၀ ခုနှစ်တွင် ချောကလက်စတင်ထုတ်လုပ်နိုင်ပြီဖြစ်ပြီး ၂၀၂၁ ခုနှစ်ခန့်တွင် ဈေးကွက်ကိုစတင်ဖြန့်ဖြူးရောင်းချသည်ဟု ကလိန်အောင်မြို့မှ Aung Zambu Cocoa (အောင်ဇမ္ဗူကိုကိုး) ချောကလက်ထုတ်လုပ်ရောင်းချသည့် ဦးနေလင်းအောင်က ပြောသည်။ ၈၀ ဂရမ်ပါသည့် ချောကလက် တစ်ဘူးလျှင် ငွေကျပ် ၄၀၀၀ ၊ ကိုကိုးအမှုန့် ၁၀၀ ဂရမ် တစ်ထုပ်လျှင် ၃၀၀၀ ကျပ်၊ ကိုကိုးလက်ဖက်ခြောက် အထုပ်ကလေး ၁၀ […]

သီဟိုစေ့အခွံခြစ်ခ ဈေးပိုရသော်လည်း တွက်ခြေမကိုက်ဟုဆို

diz_admin

March 3, 2023

ထားဝယ်တွင် ယခုနှစ် သီဟိုစေ့အခွံခြစ်ခ ယခင်နှစ်ထက်ဈေးပိုရသော်လည်း ကုန်ဈေးနှုန်းဈေးကြီးမြင့်သဖြင့် တွက်ခြေမကိုက်ကြောင်း ထားဝယ်မြို့ရှိ သီဟိုစေ့ အခွံခြစ်သည့် အလုပ်သမားအချို့ထံမှ သိရသည်။ ထားဝယ်တွင် ယခင်နှစ်က သီဟိုစေ့အခွံခြစ်ခ တစ်ကီလိုလျှင် ၄၅၀ ကျပ်မှ ၅၀၀ ကျပ်အထိရရှိပြီး ယခုနှစ် သီဟိုရာသီတွင် တစ်ကီလိုလျှင် ၆၀၀ ကျပ်မှ ၆၅၀ ကျပ်အထိ ရရှိကြောင်း ၎င်းတို့က ပြောသည်။ လုပ်ငန်းရှင်များဘက်က ဈေးတိုးပေးထားသော်လည်း ကုန်ဈေးနှုန်းများကြီးမြင့်လာသည့်အတွက် တွက်ခြေ မကိုက်ဘဲဖြစ်နေကြောင်း ထားဝယ်မြို့မှ သီဟိုစေ့ အခွံခြစ်အလုပ်သမားတစ်ဦးက ဆိုသည်။ “တစ်ကီလို တစ်ထောင်ပေးမှ ကိုက်မယ်။ ဆန်ဈေး၊ ဆီဈေး မီးဖိုချောင် အသုံးစရိတ် အစစအရာရာတက်တယ်။ မနှစ်က ပိုက်ဆံနှစ်သောင်းလောက်ဆို ဆန်တစ်အိတ်ရတယ်။ အခုက လေးသောင်းလောက်မှ ဆန်တစ်အိတ်ရတယ်” ဟု ၎င်းက ပြောဆိုသည်။ ထားဝယ်တွင် […]

လောင်းလုံး အောက်ကျောက်ဝပ်ရွာတွင် တိုက်ပွဲကြောင့် ဒေသခံများတိမ်းရှောင်နေရ

diz_admin

March 3, 2023

လောင်းလုံးမြို့နယ် အောက်ကျောက်ဝပ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားသဖြင့် ဒေသခံများတိမ်းရှောင်နေရကြောင်း ဒေသခံအချို့က ပြောသည်။ မတ်လ ၂ ရက် မွန်းလွဲ ၂ နာရီခန့်တွင် အောက်ကျောက်ဝပ်ကျေးရွာအဝင်ဝ သင်္ချိုင်းအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “သေနတ်သံတွေကြားတာနဲ့ ရွာထဲမနေ‌ရဲတော့လို့ ဘုန်းကြီးကျောင်းထဲသွားနေတဲ့သူနဲ့ တောထဲပြေးတဲ့သူပြေးနဲ့ ဖြစ်နေကြတယ်” ဟု တိမ်းရှောင်နေရသည့် ဒေသခံတစ်ဦးက ပြောဆိုသည်။ လွန်ခဲ့သည့် နှစ်ရက်ခန့်က ကျောက်နီမော်ကျေးရွာသို့ ရေလမ်းဖြင့်ရောက်လာသည့် စစ်ကောင်စီတပ်၊ ‌ကျောက်နီမော်ရွာခံ ပျူစောထီးအဖွဲ့တို့ ပူးပေါင်းအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသခံအချို့က ပြောဆိုသော်လည်း တိတိကျကျမသိရသေးပေ။ “(မတ် ၃) ဒီမနက် ကြားရတာကတော့ (စစ်ကောင်စီဘက်က) သေတဲ့သူတွေရဲ့ အလောင်းတွေ လာသယ်သွားပြီလို့ ကြားရလို့ စိတ်ထဲနည်းနည်းတော့ အေးနေတယ်” […]