ပညစ်ရွာတွင် နေအိမ်လေးလုံးထက်မနည်းမီးရှို့ခံရပြီး ရွာလုံးကျွတ်နီးပါးထွက်ပြေးနေရ
diz_admin
March 10, 2023လောင်းလုံးမြို့နယ် ပညစ်ရွာတွင် ယနေ့ နေအိမ်လေးလုံးထက်မနည်း မီးရှို့ဖျက်ဆီးခံရပြီး ရွာလုံးကျွတ်နီးပါး အရေအတွက်အားဖြင့် ဒေသခံငါးရာကျော် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ မတ်လ ၁၀ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်က ကုန်းလမ်း၊ ရေးလမ်းတို့မှ လက်နက်ကြီး လက်နက်ငယ်တို့ဖြင့် ပစ်ခတ်ဝင်ရောက်လာပြီးနောက် ဒေသခံများ၏ နေအိမ်လေးလုံးထက်မနည်းကို မီးရှို့ခဲ့ကြောင်း ၎င်းတို့က ပြောသည်။ ပညစ်ရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရုတ်တရက် စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။ မီးရှို့ခံရသည်နေအိမ်တို့မှာ ပညစ်ရွာသားများဖြစ်သည့် ဦးကြည်ဝင်း၊ ဒေါ်ပိုသန်း၊ ကိုဇော်ဦးနှင့် ဒေါ်စိန်နွဲ့တို့၏ နေအိမ်များဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “လောလောဆယ်တော့ (အိမ်) လေးလုံးပဲ အတည်ပြုနိုင်သေးတယ်” ဟု ၎င်းက ပြောဆိုသည်။ ယင်းအပြင် စစ်ကောင်စီတပ်က ပြန်လည်ထွက်ခွာရာတွင် လမ်းကြောင်းတစ်လျှောက်တွေ့ရသည့် ဒေသခံ ခုနစ်ဦးခန့်ကို […]