ရေဖြူ ဇာဒီရွာအနီး စစ်ကောင်စီတပ် တောနင်းရှာ၊ နေအိမ်တစ်လုံးလည်း ပိတ်သိမ်းခံရ
diz_admin
March 13, 2023ရေဖြူမြို့နယ် ဇာဒီကျေးရွာနှင့် ကျောက်ထရံရွာအကြား သီရီမင်္ဂလာဘုန်းကြီးကျောင်းအနီးရှိ ဥယျာဉ်ခြံများနှင့် တောစပ်များ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယနေ့ မတ်လ ၁၃ရက် နံနက်ပိုင်းတွင် တောနင်းရှာဖွေနေကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဇာဒီကျေးရွာအတွင်း မောရဝတီရေတပ်က စစ်ကောင်စီတပ်သားများ လှည့်ပတ်သွားလာနေပြီး ရွာအထွက်ဂိတ်တွင်လည်း စစ်ဆေးနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ မတ်လ ၁၂ ရက်က ဇာဒီကျေးရွာတွင် ပျူစောထီးအဖွဲ့ဝင်ဟုဆိုသူ ဦးလားလား၏နေအိမ်အား အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ပစ်ခတ်ခဲ့သည်။ ယင်းနောက် ကျေးရွာအနီးဝန်းကျင်တွင် စစ်ဆေးတင်းကျပ်လာပြီး ဒေသခံသုံးဦးလည်း ဖမ်းဆီးခံထားရသည်။ ဦးလားလားနေအိမ် ပစ်ခတ်ခံရသည့်နေ့က ဇာဒီကျေးရွာအနောက်ကုန်းရပ်ကွက်ရှိ ဦးဝင်းဘိုနှင့် ဒေါ်မိစုကမ်းတို့ နေအိမ်ကို စစ်ကောင်စီတပ်သားများရောက်ရှိလာပြီး သော့ခတ်ပြီး ပိတ်သိမ်းသွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ သော့ခတ်ပိတ်သိမ်းသွားသည့်နေအိမ်တွင်မူ လူမနေတော့သည်မှာ တစ်လခန့်ရှိနေပြီဖြစ်ကြောင်းဆိုသည်။ သော့ခတ်ပိတ်သိမ်းခံရသည့်နေအိမ်ပိုင်ရှင်၏သားဖြစ်သူမှာ ဖမ်းဆီးခံရဖူးပြီး ပြန်လွတ်လာခဲ့သူဖြစ်ကြောင်း ၎င်းဒေသခံက ပြောသည်။ […]