လောင်းလုံး သပြေရှောင်ရွာတွင် ရေလုပ်ငန်းတဲများမီးရှို့ခံရပြီး ဆိုင်ကယ်များသိမ်းဆည်းသွား
diz_admin
March 20, 2023လောင်းလုံးမြို့၏ တောင်ဘက်ပိုင်းသို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်က သပြေရှောင်ကျေးရွာတွင် ရေလုပ်ငန်းတဲများကို မီးရှို့သွားပြီး ဆိုင်ကယ်များကိုလည်း သိမ်းဆည်းသွားကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ မတ်လ ၂၀ ရက် နံနက် ၅ နာရီခန့်တွင် သပြေရှောင်ကျေးရွာ ထားဝယ်မြစ်ကမ်းပါးရှိ စန္ဒာဆိပ်ဟု ခေါ်သည့်နေရာက တဲဆယ်လုံးခန့်ကို စစ်ကောင်စီတပ်က မီးရှို့သွားကြောင်း ဒေသခံအချို့က ဆိုသည်။ “အဲဒီနားကတဲတွေအကုန်လုံးကို ရှို့သွားတာတဲ့” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ စန္ဒားဆိုသည်မှာ ငါးဖမ်းလုပ်ငန်းအမျိုးအစားတစ်ခုဖြစ်သည်။ သပြေရှောင်ရွာသားအချို့သည် ထားဝယ်မြစ်ထဲတွင် စန္ဒားဖြင့် ငါဖမ်းကာ သား၊ ငါး၊ ငါးပိ၊ ပုစွန်ခြောက် စသည်တို့ကို ထုတ်လုပ်ရောင်းချပြီး အသက်မွေးကြသည်။ ဝါးလုံးများဖြင့် တည်ဆောက်ထားသည့် စန္ဒားများသည် ထားဝယ်မြစ်ထဲတွင်ရှိပြီး စန္ဒားသမားများ နားခိုသည့်တဲကိုမူ မြစ်ကမ်းဘေးတွင် ဆောက်လုပ်ထားကြသည်။ စစ်ကောင်စီတပ်သည် ရေဖြူကျေးရွာအုပ်စု၊ […]