ထားဝယ်တွင် ‘ယ’ နံပါတ် တစ်ပတ်ရစ်ဆိုင်ကယ်များ ဈေးထိုးတက်
diz_admin
March 24, 2023ထားဝယ်ဈေးကွက်အတွင်း ‘ယ’ နံပါတ်ပါ တစ်ပတ်ရစ်ဆိုင်ကယ်များ အဝယ်များ၍ ဈေးထိုးတက်သွားကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ မန္တလေး၊ မော်လမြိုင် အစရှိသည့် အခြားတိုင်းနှင့် ပြည်နယ်ရှိ ဝယ်လက်များက ‘ယ’ နံပါတ်ပါ ဆိုင်ကယ်များကိုသာ ဝယ်ယူကြသည့်အတွက် အရောင်းအဝယ်သွက်သလို ဈေးလည်း မြင့်တက်သွားကြောင်း ဆိုင်ကယ်ဝယ်ရောင်းသူအချို့က ပြောသည်။ ဝယ်လက်များက တစ်နိုင်ငံလုံးတွင်စီးခွင့်ရှိသည့် ‘ယ’ နံပါတ်ရှိမှသာ ဝယ်ယူကြပြီး ကလစ်ဆိုင်ကယ်ကို အဓိကထား ဝယ်ယူကြခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ်က ၂၁၀၅ ခုနှစ်ထုတ် တစ်ပတ်ရစ် ကလစ်ဆိုင်ကယ်တစ်စီးလျှင် ၁၅ သိန်းဝန်းကျင်နှင့် ၂၀၁၆ ခုနှစ်ထုတ် တစ်စီးလျှင် ၁၇ သိန်းဝန်းကျင် ပေါက်ဈေးရှိခဲ့သည်။ လက်ရှိတွင်မူ ၂၀၁၅ ခုနှစ်ထုတ်တစ်စီးလျှင် ၂၂ သိန်းကျော်နှင့် ၂၀၁၆ ခုနှစ်ထုတ်တစ်စီးလျှင် ၂၅ သိန်းကျော်အထိ ပေါက်ဈေး ရှိနေကြောင်း […]