သောကြာပြင်တွင် မိုင်းမတော်တဆပေါက်ကွဲပြီး PDF တစ်ဦးကျဆုံးကြောင်းထုတ်ပြန်
diz_admin
March 31, 2023လောင်းလုံးမြို့နယ် သောကြာပြင်ရွာနှင့် ထိန်သစ်ရွာ ဆိုင်းဘုတ်နှစ်ခုကြား တံတားငယ်အနီး လက်လုပ်မိုင်းမတော်တဆ ပေါက်ကွဲမှုဖြစ်ပြီး လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF)မှ ရဲဘော် တစ်ဦးကျဆုံးခဲ့သည်ဟု ယင်းအဖွဲ့က ယနေ့(မတ် ၃၁)တွင် ထုတ်ပြန်လာသည်။ မတ်လ ၂၂ ရက်နေ့ သောကြာပြင်ပေါက်ကွဲမှုတွင် မိုင်းတပ်စုမှ ရဲဘော်ကျားကလေး ကျဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ယင်းအဖွဲ့၏ ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။ “ဒဏ်ရာရသူ တစ်ဦးက အခုတော့ သက်သာလာနေပါပြီ”ဟု တာဝန်ရှိသူက ပြောသည်။ ကမြောကင်းတံတားဖွင့်ပွဲ လုံခြုံရေးလာယူသည့် စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ရန် သောကြာပြင်ရွာ ဆိုင်းဘုတ်အနီးရှိ တံတားငယ်တွင် ဖုန်းဖြင့် ချိန်ကိုက်မိုင်းထောင်နေစဉ် ဖုန်းမက်ဆေ့ဝင်လာပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးနှင့် ဒေသခံအချို့က ပြောဆိုသည်။ တံတားသစ်ဖွင့်ပွဲလုံခြုံရေးအတွက် စစ်ကောင်စီက လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးခြင်းများ လုပ်ဆောင်ခဲ့ပြီး ကျေးရွာများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေးယူခြင်း၊ […]