BREAKING
March 12, 2025

ထားဝယ်

ထားဝယ်နိုင်ငံရေးကျဉ်းသားဟောင်း ကိုချစ်ဝေယံဖြိုး စစ်ကိုင်းစစ်ဆင်ရေးတစ်ခုတွင် ကျဆုံး

diz_admin

April 4, 2023

ထားဝယ်နိုင်ငံရေးအကျဉ်းသားဟောင်း ကိုချစ်ဝေယံဖြိုးသည် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က စစ်ဆင်ရေးတစ်ခုတွင် မိုင်းမတော်တဆမှုကြောင့် ယနေ့ ဧပြီလ ၄ ရက် နံနက်ပိုင်းက ကျဆုံးသွားကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ထုတ်ပြန်သည်။ အသက် ၂၄ နှစ်အရွယ် ကိုချစ်ဝေယံဖြိုးသည် ထားဝယ်မြို့ပြပြောက်ကျားသပိတ်များတွင် တက်တက်ကြွကြွပါဝင်ခဲ့ကြောင်း ဖော်ပြသည်။ ထို့ကြောင့် ၂၀၂၁ ခုနှစ် မေလတွင် ဖမ်းဆီးခံခဲ့ရပြီး ၅၀၅-က၊ ၅၀၅-ဂ၊ ပုဒ်မ ၁၄၅ တို့ဖြင့် တရားစွဲဆိုခံခဲ့ရကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ ထားဝယ်အကျဉ်းထောင်တွင် ၆ လခန့် အကျဉ်းကျခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာပြီးနောက်တွင် စစ်သင်တန်းတက်ရောက်ခဲ့သည်ဟု ဆိုသည်။ စစ်သင်တန်းဆင်းပြီးနောက် Armed Revolutionary Force (ခင်ဦး) တွင် ၂၀၂၃ ခုနှစ် မတ်လအထိတာဝန်ထမ်းဆောင်ခဲ့ကြောင်း ၎င်းနှင့်အတူ တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ARF က ရဲဘော်တဦးက […]

သရက်ချောင်း သိမ်ကုန်းကျေးရွာအနီးတွင် အမျိုးသမီးလေးဦးနှင့် အမျိုးသားတစ်ဦး ဖမ်းဆီးခံရ

diz_admin

April 4, 2023

သရက်ချောင်းမြို့နယ်၊ သိမ်ကုန်းကျေးရွာအနီးတွင် ခရီးသည်တင်ကားဖြင့် လိုက်ပါလာသည့် အမျိုးသမီးလေးဦးနှင့် အမျိုးသားတစ်ဦးတို့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းဆီးသွားကြောင်း ဒေသခံအချို့ ပြောသည်။ ထားဝယ်ဘက်မှ မြိတ်ဘက်ကိုဆင်းလာသည့် ကားဖြစ်ပြီး ကားပေါ်တွင် ပြည်သူ့စစ်အဖွဲ့ဝင်တို့၏ ဇနီးများ လိုက်ပါလာသည်ဆိုသည့် သတင်းအရ ဧပြီလ ၃ရက်က တားဆီးစစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ စစ်ဆေးပြီးနောက် မသက်ဆိုင်သူများကို ပြန်လွှတ်ပေးခဲ့ပြီး အမျိုးသမီးလေးဦးနှင့် အမျိုးသားတစ်ဦးတို့ကိုမူ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း‌ PDF အဖွဲ့တစ်ခုမှ တာဝန်ရှိသူက ပြောသည်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကို ပြည်သူ့စစ်အဖွဲ့နှင့် ပတ်သက်မှု ရှိမရှိ စစ်ဆေးနေဆဲဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ “သတင်းပေးပို့ချက်အရတော့ ဒလန်တွေ၊ ပျူတွေနဲ့ ပတ်သက်တယ်ဆိုပြောတယ်။ အတိအကျ မသိရသေးဘူး” အထက်ပါတာဝန်ရှိသူက ဆိုသည်။ […]

လောင်းလုံးမြို့ပေါ်တွင် ပိုက်စိပ်တိုက်ရှာဖွေဖမ်းဆီးနေဟုဆို

diz_admin

April 3, 2023

လောင်းလုံးမြို့ပေါ်တွင် ဧပြီလဆန်းပိုင်းအတွင်း ပိုက်စိပ်တိုက် ရှာဖွေစစ်ဆေးဖမ်းဆီးနေသဖြင့် တိမ်းရှောင်နေကြရသူများ ရှိလာကြောင်း စုံစမ်းသိရှိရသည်။ မတ်လ ၃၁ ရက်က လောင်းလုံးမြို့ပေါ်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားတိုးရောက်ရှိလာပြီးနောက် ဖမ်းဆီးစစ်ဆေးမှု များပြားနေခြင်းဖြစ်သည်ဟုဆိုသည်။ နိုင်ငံရေးတက်ကြွလှုပ်ရှားနေဆဲ NLD ပါတီဝင်များနှင့် သာမန်အရပ်သားများ၊ CDM ဝန်ထမ်းများကို ပစ်မှတ်ထား ဖမ်းဆီးနေခြင်းဖြစ်ကြောင်း မြို့ခံအချို့က ပြောဆိုကြသည်။ “သူတို့မှာ စာရင်းရှိပြီးသားပုံစံဖြစ်မယ်။ အိမ်တွေကို ဝင်ဝိုင်းပြီးတော့ ဖမ်းတာ။ အဖမ်းခံရသူက ကျွန်တော်သိတာတောင် တစ်ဆယ်ကျော်လောက်ရှိတယ်။ ကျွန်တော်မသိသေးတာလည်း ရှိသေးတယ်” ဟု တိမ်းရှောင်နေရသည့် မြို့ခံတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ် အင်အားဖြည့်တင်းလာသည့်နေ့မှစပြီး နေ့ရောညပါ နေအိမ်များကို ဝင်ရောက်ရှာဖွေနေသဖြင့် ထွက်ပြေးတိမ်းရှောင်နေရသည့် မြို့ခံအချို့ရှိလာကြောင်း ၎င်းက ဆိုသည်။ ယနေ့အချိန်အထိ ဖမ်းဆီးနေဆဲဖြစ်သောကြောင့် အဖမ်းခံရသူများ၏ စာရင်းတိတိကျကျမေးမြန်းနိုင်ရန် ခက်ခဲလျှက်ရှိသည်။ ယခင်က လောင်းလုံးမြို့ပေါ်တွင် […]

နခံတော ရွာလယ်ကျောင်းကြီး ဆရာတော်၏ အန္တိမဈာပန ကျင်းပမည်

diz_admin

April 2, 2023

စခန်းကြီး သုဓမ္မာပဝါရဏာဂိုဏ်းကြီး၏ အကျိုးတော်ဆောင်ချုပ်ဖြစ်သည့် လောင်းလုံးမြို့နယ် နခံတော ရွာလယ် ကျောင်းကြီးဆရာတော်၏ ဥတုဇရုပ်ကလာပ်တော်ကို ဧပြီလ ၇ရက်နေ့တွင် အန္တိမအဂ္ဂိဈာပနသာဓုကီဠာန ပူဇာဆင်ယင်ကျင်းပမည်ဖြစ်ကြောင်း ဆရာတော်၏ တပည့်တကာများထံမှ သိရသည်။ နခံတော ရွာလယ်ကျောင်းကြီးဆရာတော် ဘဒ္ဒန္တဝါယမသည် ဘဝနတ္ထံပျံလွန်တော်မူချိန်တွင် သက်တော် ၈၁နှစ်၊ ဝါတော် ၆၂ဝါ ရှိပြီဖြစ်သည်။ ဆရာတော်၏ ဥတုဇရုပ်ကလာပ်တော်ထားရှိရာ မူလစံကျောင်းတော်မှ နခံတောရွာရှိ ရပ်ခံတောင်သုသာန်သို့ မတ်လ ၇ရက် နေ့လယ် ၁၂ နာရီတွင် ပို့ဆောင်ကာ ဈာပနကျင်းပမည်ဖြစ်ကြောင်း ဆရာတော်၏ တပည့် ဒါယာကာတစ်ဦးက ပြောသည်။ “ကျောင်းကနေ တပည့်ဒါယာကာတွေ အစုအဖွဲ့အလိုက် သုသာန်အထိ ပခုံးထမ်းလှည့်လည်မယ်” ဟု ဆရာတော်၏တပည့်တစ်ဦးက ပြောဆိုသည်။ ဆရာတော်သည် ၁၃၈၄ ခုနှစ် တန်ခူးလဆန်း ၁၂ ရက် ဧပြီလ […]

နခံတောရွာလယ်ကျောင်းဆရာတော် ပျံလွန်တော်မူ

diz_admin

April 1, 2023

လောင်းလုံးမြို့နယ်၊ နခံတောကျေးရွာ၊ ရွာလယ်ကျောင်းဆရာတော်ဘဒ္ဒန္တ ဦးဝါယမသည် ယနေ့ ဧပြီလ ၁ ရက် နံနက် ၈နာရီဝန်းကျင်တွင် ဘဝနတ်ထံပျံလွန်တော်မူသွားကြောင်း ဆရာတော်၏တပည့်တကာမများထံမှသိရသည်။ ဆရာတော်သည် ၉၆ ပါးရောဂါဖြင့် ပျံလွန်တော်မူခြင်းဖြစ်ပြီး ပျံလွန်တော်မူချိန်တွင် သက်တော် ၈၁ နှစ် ဝါတော် ၆၁ ဝါ ရှိပြီဖြစ်ကြောင်း ဆရာတော်၏ တပည့်တကာမများက ပြောသည်။ “အာရုဏ်ဆွမ်းဘုဉ်းပေးချိန်ထွက်မလာသေးလို့ ဝင်ကြည့်တော့မှ ဆရာတော်က ပျံလွန်တော်မူနေတယ်” ဟု ဆရာတော်၏တပည့်တစ်ဦးက ပြောဆိုသည်။ ဆရာတော်သည် လွန်ခဲ့သည့် ဆယ်နှစ်ခန့်ကတည်းက နခံတောရွာလယ်ကျောင်းကို တပည့်ဆရာတော်ဖြစ်သူ ဦးပညာဝံသကို အပ်နှံထားခဲ့ခြင်းဖြစ်ကြောင်း တပည့်တကာမများထံမှ သိရသည်။ ထို့နောက် ဆရာတော်မှာ ကျောင်းသင်္ခမ်းငယ်ဖြင့် တစ်ပါးတည်း သီတင်းသုံးနေထိုင်၍ သာသနာရေးလုပ်ငန်းများကို ဆောင်ရွယ်နေခဲ့ခြင်းဖြစ်ကြောင်း တပည့်တကာမများထံမှ သိရသည်။ ဆရာတော်၏ လောကီ၊ လောကုတ္တရာ […]

ရေဖြူ တောင်ရင်းအင်းရွာတွင် ပြည်သူ့စစ်တစ်ဦး ပစ်ခတ်ခံရ

diz_admin

March 31, 2023

ရေဖြူမြို့နယ်၊ ဖားချောင်းကျေးရွာအုပ်စု၊ တောင်းရင်းအင်းရွာတွင် လက်နက်ကိုင်ဆောင်ထားသည့် ပြည်သူ့စစ်ဖွဲ့ဝင်တစ်ဦး ပစ်ခတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ပစ်ခတ်ခံရသူမှာ အသက် ၅၀ ကျော်အရွယ်ရှိ ဦးထွန်းအောင်သူဆိုသူဖြစ်ပြီး မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်တွင် နေအိမ်၌ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ သေနတ်ဒဏ်ရာရှိသွားသည့် ဦးထွန်းအောင်အား စစ်‌ကောင်စီက ကားဖြင့် တောင်ရင်းအင်း-ဂန့်ဂေါ်တောင် လမ်းဆုံအထိ လာရောက်သယ်ဆောင်သွားခဲ့သည်ဟု ဒေသခံအချို့က ဆိုသည်။ ယင်းလမ်းဆုံမှတစ်ဆင့် အရေးပေါ်ကားဖြင့် မောရဝတီရေတပ်ဆေးရုံကို တင်ပို့သွားပြီး ဆေးကုသနေကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ “မ‌နေ့က ပစ်ခံရပြီးမှာ စစ်တပ်ကားလာပြီး တင်သွားတယ်။ ဒီနေ့တော့ ရွာမှာ အခြေနေပုံမှန်ပဲ” ဟု ၎င်းက ပြောသည်။ ဦးထွန်းအောင်အား မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက လာရောက်ပစ်ခတ်ခဲ့သည်ကိုမူ မသိရသေးပေ။ အာဏာသိမ်းပြီးနောက် ၂၀၂၁ […]

ဌာနဆိုင်ရာရုံးများ မကြာခဏတိုက်ခိုက်ခံရသည့် ရေဖြူမြို့ပေါ်တွင် စစ်ကောင်စီတပ်အင်အားတိုးချ

diz_admin

March 31, 2023

ဌာနဆိုင်ရာရုံးများ မကြာခဏတိုက်ခိုက်ခံနေရသည့် ရေဖြူမြို့ပေါ်တွင် စစ်ကောင်စီက တပ်အင်အားတိုးမြှင့် ချထားကာ တပ်စွဲလာကြောင်း မြို့ခံတို့ထံမှ သိရသည်။ ရေဖြူမြို့ အထက်‌တန်းကျောင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးခန့်ဖြင့် တပ်စွဲထားသည်ကို မတ်လ ၂၉ ရက်တွင် တပ်အပြောင်းအလဲလုပ်ကာ အင်အားဆယ်နှင့်ချီ တိုးမြှင့်ချထားလိုက်ကြောင်း ဒေသခံတို့က ပြောသည်။ ယင်းအပြင် ရပ်တော်မူဘုရာကုန်းတွင်လည်း အင်အားဆယ်ချီ ချထားကာ တပ်စွဲထားလိုက်ကြောင်း မြို့ခံတစ်ဦးက ဆိုသည်။ ရပ်တော်မူဘုရားကုန်းမှာလည်း စစ်ကောင်စီတပ်များ မကြာခဏ လာရောက်တပ်စွဲဖူးသည့် နေရာဖြစ်သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မြေသယ်ကားများဖြင့် တင်ဆောင်လာခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ “အခုရောက်နေတဲ့တပ်က အရမ်းကြမ်းတယ်ဆိုပြီး ပြောနေကြတယ်။ ဒီတစ်ခါ (တပ်စွဲထားတာ) ပိုကြာမယ်ထင်တယ်” ဟု အထက်ပါမြို့ခံက ဆက်လက်ပြောဆိုသည်။ တပ်စွဲရန် လာရောက်သည့်နေ့က ရေဖြူမြို့မှ သ‌‌ဗြေဇွန်းကျေးရွာဖက်သို့ထွက်သည့် လမ်းကြောင်းတစ်လျှောက် မိုင်းရှာဖွေခြင်းများ လုပ်ဆောင်ခဲ့ကြောင်း […]

ထားဝယ်တွင် လမ်းဘေးရေမြောင်းအတွင်း အမျိုးသားအလောင်းတွေ့

diz_admin

March 31, 2023

ထားဝယ်မြို့ပေါ် ဥဿာရံရပ်ကွက်၊ ဆိပ်ကမ်းသာမင်္ဂလာခန်းမအနီးရှိ လမ်းဘေးရေမြောင်းထဲတွင် မတ်လ ၃၀ ရက် ညက အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရကြောင်း ဇမ္ဗူသီရိအရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။ သေဆုံးသူမှာ ဥဿာရံရပ်ကွက်‌တွင် နေထိုင်သည့် အသက် ၃၂ နှစ်အရွယ်ရှိ ကိုသန့်ဇင်ဆိုသူဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ “ပြင်ပဒဏ်ရာမျိုးတော့ မရှိဘူး” ဟု ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ပြောသည်။ ကိုသန့်ဇင်သည် ‌အရက်သေစာ သောက်စားတက်သူဖြစ်ပြီး အရက်မူးပြီးတံတားပေါ်အိပ်နေရင်းစဉ် ရေမြောင်းထဲ ပြုတ်ကျသွားခြင်းဖြစ်ဖွယ်ရှိကြောင်း ရပ်ကွက်သူ၊ ရပ်ကွက်သားအချို့က ပြောဆိုသည်။ ၎င်း၏ ရုပ်အလောင်းကိုမူ ဇမ္ဗူသီရိ အရေးပေါ်အလောင်းတင်ယာဉ်ဖြင့် ထားဝယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။