သရက်ချောင်းမြို့နယ် စော်ဖျားတွင် တိုက်ပွဲပြင်းထန်
diz_admin
April 9, 2023သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာတွင် ယနေ့ (ဧပြီ ၉) နံနက် ၅ နာရီခန့်မှစပြီး တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံအချို့က ပြောသည်။ ကနဦးသိရသည့် အချက်အလက်များအရ နံနက် ၁၀ နာရီခွဲခန့်အထိ ပစ်ခတ်မှုများ ကြားနေရဟုဆိုသည်။ စော်ဖျားကျေးရွာ ဘုရားကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။ “ပစ်ခတ်သံတွေ အခုလေးတင် စဲသွားတာ၊ ကျွန်မတို့လည်း ရှောင်နေရတယ်။ စကားကို ကျယ်ကျယ်မပြောရဲဘူး။ နောက်မှမေးပါ” ဟု စော်ဖျားရွာက ဒေသခံအမျိုးသမီးက ဆိုသည်။ စော်ဖျားရွာတိုက်ပွဲဖြစ်ပွားနေစဉ် လက်နက်ကြီး လက်နက်ငယ်များဖြင့် ဆက်တိုက်ပစ်ခတ်နေသဖြင့် စော်ဖျားရွာအပါအဝင် အနီးအနားကျေးရွာမှ ဒေသခံများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။ “ကျွန်မတို့လည်း ရွာမှာ မနေရဲလို့အခြားနေရာကို ပြေးလာရတယ်။ […]