လောင်းလုံး ပန်းတင်အင်းရွာသားတစ်ဦး အသတ်ခံရ
diz_admin
April 11, 2023လောင်းလုံးမြို့နယ် ပန်းတင်အင်းရွာက အမျိုးသားတစ်ဦး ဧပြီလ ၁၀ ရက်ညက အသတ်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ သေဆုံးသူမှာ အသက် ၂၇ နှစ်အရွယ် ကိုသူရိန်မျိုးဆိုသူဖြစ်ပြီး ရွာတွင် ပန်းရန်လုပ်ကိုင်လေ့ရှိသူဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ဧပြီလ ၁၀ ရက်ညအချိန် အိမ်ပြန်မလာသဖြင့် လိုက်လံရှာဖွေရာ အာရုဏ်တက်ခါနီးအချိန်ရောက်မှ ပန်းတင်အင်းကျေးရွာ သင်္ချိုင်းသွားလမ်းတွင် သေဆုံးလျှက်တွေ့ရှိရကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ “ဓားခုတ်ဒဏ်ရာက နှစ်ချက်ရှိတယ်။ သေနတ်ဒဏ်ရာလည်း ရှိတယ်” ဟု ၎င်းက ပြောသည်။ ကိုသူရိန်မျိုး အသတ်ခံသည့်ည ၁၀ နာရီခန့်တွင် သေနတ်ပစ်ဖောက်သံ သုံးချက်ကြားရကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။ ၎င်းအားမည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်ခဲ့သည်ကိုမူ မသိရသေးပေ။ ရုပ်အလောင်းအား ယနေ့ ဧပြီလ ၁၁ ရက် နံနက်ပိုင်းက ထားဝယ်ဆေးရုံသို့ပို့ […]