BREAKING
December 23, 2024

ထားဝယ်

ထားဝယ် ကမ်းနားလမ်းက ဆီဘော မီးလောင်ပေါက်ကွဲပြီး တစ်ဦးသေ၊ တစ်ဦးဒဏ်ရာပြင်း

Dawei Watch

October 14, 2024

ထားဝယ်မြို့၊ ကမ်းနားလမ်း၊ ကြက်စားပြင်ရပ်ကွက် ထားဝယ်မြစ်အတွင်းရှိ စက်သုံးဆီတင်သည့် ဆီဘောသည် ယနေ့ အောက်တိုဘာလ ၁၄ ရက် ညနေ ၄နာရီခန့်‌တွင် မီးလောင်ပေါက်ကွဲကြောင်း မြို့ခံနှင့် ကူညီကယ်ဆယ်သူများထံမှ သိရသည်။ အဆိုပါဆီဘောသည် ထားဝယ်ခရိုင်အတွင်း စက်သုံးဆီများကို အဓိက ဖြန့်ဖြူးပေးနေသည့် လုပ်ငန်းဖြစ်သည်။ မီးလောင်ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ၏ ဦးဆောင်သူ ဦးနိုင်မျိုးသွင်က ကနဦးသိရသည့်အခြေအနေကို ပြောဆိုသည်။ “အခုတစ်ဦးသေသွားတယ်။ အခုထိ မီးတောက်တွေ ငြှိမ်းသတ်နေရတုန်း” ဟု ၎င်းက ပြောသည်။ မီးလောင်ရသည့်အကြောင်းအရင်း အသေးစိတ်အခြေအနေကို Dawei Watch က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ အဆိုပါမီးလောင်မှုကို ယနေ့ ညနေ ၄ နာရီကျော်ကစပြီး မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီကယ်ဆယ်ရေး […]

ထားဝယ်တွင် သပိတ်မျှောပွဲကျင်းပမည့်နေရာအနီး ပေါက်ကွဲမှုဖြစ်

Dawei Watch

October 14, 2024

ထားဝယ်ရိုးရာသပိတ်မျှော်ပွဲတော်ကျင်းပရန် လေးရက်အလိုတွင် အဆိုပါပွဲတော်ကျင်းပမည့် ထားဝယ်မြို့ ကမ်းနားဈေး သဲကွင်းအနီး ယနေ့ နံနက် ၁၁ နာရီခန့်တွင် ပေါက်ကွဲမှုဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ကမ်းနားဈေး၏ အနောက်ဘက် စက်ဘီး၊ ဆိုင်ကယ်လက်ခံဌာနှင့် သပိတ်မျှောပွဲကျင်းပမည့် သဲကွင်းပန်းခြံကြားတွင် ပေါက်ကွဲခြင်းဖြစ်ကြောင်းမြို့ခံများက ပြောသည်။ ယနေ့ အောက်တိုဘာလ ၁၄ ရက် နံနက် ၁၁ နာရီခန့်တွင် ကျယ်လောင်သည့်ပေါက်ကွဲသံတစ်ချက်ကြားရကြောင်း မြို့ခံများက ဆိုသည်။ “ကမ်းနား ဈေးနားမှာဖြစ်တယ်။ လူတွေအဲဒီနားမှာ ရုတ်ရုတ်ဖြစ်နေကြတယ်” ဟု မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။ အဆိုပါပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှု ရှိ မရှိနှင့် မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် လုပ်ဆောင်ခဲ့သည်တို့ကို Dawei Watch ကဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ ယနေ့နံနက် ၁၁ နာရီခွဲခန့်တွင် ပေါက်ကွဲမှုဖြစ်သည့် အဆိုပါနေရာ အနီးတဝိုက်ကို စစ်ကောင်စီတပ်သားများ […]

လောင်းလုံးတွင် သန်းခေါင်စာရင်းကောက်ရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

Dawei Watch

October 13, 2024

လောင်းလုံးမြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ရန်အတွက် လုံခြုံရေး ယူနေသည့် စစ်ကောင်စီတပ် အောင်တိုဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက တိုက်ခိုက်ခံရကြောင်း ဒေသခံများကပြောသည်။ ထားဝယ်-လောင်းလုံလမ်းပိုင်းရှိ အင်းဇောက်ရွာနှင့် ပဉ္စသီမော်ရွာကြားရှိ လောင်းလုံးမြို့နယ် မီးသတ်တပ်စခန်းအနီး လုံခြုံရေးချထားသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “မနက်စောစောပိုင်းမှာ ပေါက်ကွဲသံတစ်ချက် ကြားလိုက်တယ်”ဟု ဒေသခံတစ်ဦး က‌ပြောသည်။ ယင်းစစ်ကောင်စီတပ်ဖွဲ့ကို ဖယ်ဒရယ်ဓူဝံကြယ်တပ်ဖွဲ(F.P.F)မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယမန်နေ့ကထုတ်ပြန်ထားသည်။ ထားဝယ်မှာဆင်းလာကာ လောင်းလုံးမီးသတ်ရုံးရှေ့တွင် လမ်းကင်းယူပေးနေသည့် စစ်ကောင်စီစစ်ကြောင်းကို အောက်တိုဘာလ ၁၁ ရက် နံနက် ၅ နာရီဝန်းကျင်တွင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ ကြောင်း ထုတ်ပြန်ထားသည်။ ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာရသည်ဟု ကြားရကြောင်း ဒေသခံများကပြောသည်။ ယင်းတိုက်ခိုက်ခံရမှုအပြီးတွင် စစ်ကောင်စီတပ်က မီးသတ်ရုံးအနီးတွင်ရှိသည့် နေအိမ်ဈေးဆိုင်တစ်ဆိုင်ကို မီးရှို့ခဲ့ကြောင်း […]

ရေဖြူတိုက်ပွဲတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် နေအိမ်နှစ်ဆောင်မီးလောင်

Dawei Watch

October 12, 2024

ရေဖြူမြို့တွင် မနေ့(အောက်တိုဘာ ၁၁) ညနေပိုင်းက ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် နေအိမ်နှစ်ဆောင် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများကပြောသည်။ မနေ့ ညနေ ၃နာရီခွဲခန့်တွင် ရေဖြူတံတားအနီးရှိ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက လာရောက်တိုက်ခိုက်ရာမှ နှစ်ဖက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများကပြောသည်။ ထိုတိုက်ပွဲတွင် ကျောက်ကညာရွာအခြေစိုက် စစ်ကောင်စီ၏ အမတ ၃၀၄ တပ်ရင်းမှပစ်သည့် လက်နက်ကြီးထိမှန်သည့်အတွက်ကြောင့် ရေဖြူအနောက်ကမ်းရှိ နေအိမ်နှစ်ဆောင်မီးလောင်ပျက်စီးခဲ့ ကြောင်းဒေသခံများကပြောသည်။ ယင်းအပြင် ရေဖြူအရှေ့ကမ်းတွင်လည်း နေအိမ်တစ်ဆောင် လက်နက်ကြီးကျည်စများ ထိမှန်ပျက်စီးခဲ့သေးကြောင်း ဒေသခံတစ်ဦးကပြောသည်။ “အနောက်ကမ်းမှာက လက်နက်ကြီးတိုက်ရိုက်ကျပြီး အိမ်နှစ်ဆောင် မီးလောင်သွားတာ အရှေ့ကမ်းမှာက အိမ်တစ်ဆောင်ထိတယ်။ အိမ်နဲနဲပျက်စီးတယ် မပေါက်ကွဲတဲ့ လက်နက်ကြီးတစ်လုံးလည်း အိမ်ရှေ့မှာ တွေ့ရတယ်။ ညနေကတိုက်ပွဲတော်တော် ပြင်းတယ်”ဟုထိုဒေသခံကပြောသည်။ ယင်းအပြင် တိုက်ပွဲအတွင်း လက်နက်ကြီး အသံကြားရသည့်အတွက် ထိတ်လန့်ကာ အသက် ၄၀ […]

လောင်းလုံး ဒေသခံနှစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီး

Dawei Watch

October 12, 2024

လောင်းလုံးမြို့နယ် စခန်းကြီးကျေးရွာအုပ်စု စွန်တောင်ပေါ်ရွာက ဒေသခံတစ်ဦးနှင့် မောင်းမကန်ကျေးရွာက ဒေသခံတစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွားကြောင်း ‌စုံစမ်းသိရှိရသည်။ စက်တင်ဘာလ ၉ ရက်နေ့တွင် အမျိုးသားတစ်ဦး ဖမ်းဆီးခံရခြင်းဖြစ်ပြီး အောက်တိုဘာလ ၁၀ ရက်နေ့တွင် အမျိုးသမီးတစ်ဦး ထပ်ဖမ်းခံရခြင်းဖြစ်သည်။ စက်တင်ဘာလ ၉ ရက်ကနေ့က စွန်တောင်ပေါ်ကျေးရွာမှ အသက် ၆၆ နှစ်အရွယ် ဦးသန်းအောင်(ခ) ဦးအေးအေးကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ဖမ်းဆီးသွားကြောင်း ဆွေမျိုးတော်စပ်သူတစ်ဦးပြောသည်။ “ခြံထွက်သီးနှံတွေရောင်းပြီး ပြန်လာတဲ့အချိန်မှာ မေးစရာရှိလို့ဆိုပြီး လူငယ်သုံးယောက်က ဆိုင်ကယ်နဲ့ အိမ်မှာလာခေါ်သွားတယ်” ဟု ဆွေမျိုးတစ်ဦးကဆိုသည်။ ဦးသန်းအောင်အား မည်သည့်အတွက် ဖမ်း‌ဆီးသွားသည်ကို ပြောကြားခဲ့ခြင်းမရှိသည့်အပြင် တစ်လကျော်ကြာလာသည့် ယနေ့အချိန်အထိလည်း မိသားစုထံ ဆယ်သွယ်လာခြင်းမရှိသေးကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။ ဦးသန်းအောင်နှင့်အတူ ဆိုင်ကယ်တစ်စီးကိုလည်း ယူဆောင်သွားသည်ဟုဆိုသည်။ ဖမ်းဆီးသွားသည့် အဖွဲ့နာမည်ကိုမူ မိသားစုဝင်တို့မသိကြပေ။ အောက်တိုဘာလ […]

ကနက်သီရိ အရှေ့ကျောင်းဆရာတော်ရုပ်ကလာပ် ရွာသို့ပြန်မပင့်ဘဲ ထားဝယ်တွင် ဈာပနကျင်းပမည်

Dawei Watch

October 11, 2024

သရက်ချောင်းမြို့နယ်၊ ကနက်သီရိရွာ အရှေ့ကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒာစရိယ မထေရ်၏ စျာပနကို အောက်တိုဘာလ ၁၂ရက် နေ့လယ်ပိုင်းတွင် ထားဝယ်မြို့၊ ဘုန်းကြီးပျံကုန်း၌ ကျင်းပမည်ဖြစ်ကြောင်း တပည့်၊ တကာများထံမှ သိရသည်။ ဆရာတော် ဘဝနတ်ထံပျံလွန်ချိန်တွင် သက်တော် ၆၈ နှစ်၊ သိက္ခာတော် ၄၈ ဝါ ရှိပြီဖြစ်သည်။ ဆရာတော်သည် ၂၀၂၂ ခုနှစ်မှစ၍ ကျန်းမာရေးကိစ္စအတွက် အရေးပေါ်သွားရန် နယ်မြေအနေအထား အခက်အခဲကြောင့် ဆရာတော်၏ ငယ်ဆရာကျောင်းဖြစ်သည့် ထားဝယ်မြို့၊ ဘုရားကြီးတိုက်ကျောင်းသို့ ရွှေ့ပြောင်း သီတင်းသုံးနေကြောင်း တပည့်၊ တကာတို့က ပြောသည်။ ဘုရားကြီးတိုက်ကျောင်းတွင် သီတင်းသုံးနေစဉ် အောက်တိုဘာလ ၈ ရက်ညတွင် ၉၆ပါးရောဂါဖြင့် ပျံလွန်တော်မူကြောင်း ၎င်းတို့က ဆိုသည်။ “ဆရာတော်ရဲ့ ရဟန်းတပည့်၊ တကာတပည့်နဲ့ အဝေးရောက်တပည့်တွေ အားလုံးသဘောတူဆုံးဖြတ်ချက်နဲ့ ရွာပြန် […]

ရေဖြူတံတားစစ်ဆေးရေးဂိတ်အနီး တိုက်ပွဲဖြစ်

Dawei Watch

October 11, 2024

ရေဖြူအရှေ့ဘက်ကမ်းတွင် ယနေ့ (အောက်တိုဘာ ၁၁) ညနေပိုင်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး အဖွဲ့တို့တိုက်ပွဲဖြစ်နေကြောင်း ဒေသခံများကပြောသည်။ ရေဖြူတံတား အရှေ့ဖက်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲများ ယနေ့ ညနေ ၃ နာရီခွဲခန့်ကစပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။ ယင်းတံတားမှာ ထားဝယ်မြစ်ကိုဖြတ်၍ ရေဖြူမြိုနှင့် ရေဖြူအနောက်ကမ်းကျေးရွာများကို ဆက်သွယ်ထားသည့်တံတားဖြစ်သည်။ “လက်နက်ကြီး လက်နက်ငယ်သံရောပဲကြားနေရတာ”ဟု ရေဖြူအနောက်ကမ်းတွင်နေထိုင်သည့် ဒေသခံတစ်ဦးကပြောသည်။ တိုက်ပွဲပြင်းထန်နေပြီး အသေးစိတ် အခြေအနေကို မသိရသေးပေ။ ရန်ကုန်မှ ထားဝယ်သို့ဆင်းလာသည့် ခရီးသည်တင်ကားများ ယနေ့ ညနေပိုင်းတွင်ဖြစ်ပွားနေသည့် ရေဖြူမြို့ပေါ်တိုက်ပွဲကြောင့် လမ်းပိုင်းတွင် စောင့်ဆိုင်းနေရကြောင်းလည်း ခရီးသွားများကပြောသည် ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်နေ့တွင်လည်း ရေဖြူတံတားစစ်ဆေးရေးဂိတ်ကို ရေဖြူမ်ြု့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။ ရေဖြူမြို့နယ်တွင် ယခုနှစ်ဇူလိုင်လနှင့် ဩဂုတ်လများတွင် စစ်ကောင်စီတပ်နှင့် […]

သရက်ချောင်းတွင် သန်းခေါင်စာရင်းကောက်မည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ ကျောင်းအုပ်အပါအဝင်ကိုးဦး ဖမ်းဆီးခံရ

Dawei Watch

October 11, 2024

သရက်ချောင်းမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ရန် ပြင်ဆင်နေသည့် ရန်တောင်ရွာအုပ်ချုပ်ရေးမှူး ဇနီးမောင်နှံ၊ မူလွန် ကျောင်းအုပ်ဆရာကြီးနှင့် ဆရာမများအပါအဝင် ကိုးဦးကို သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း ဒေသခံအချို့နှင့် သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့တို့ထံမှ သိရသည်။ သန်းခေါင်စာရင်းကောက်ခံရာတွင် ပါဝင်သည့် ကျောင်းဆရာမတစ်ဦးကို အောက်တိုဘာလ ၉ ရက်တွင် ဖမ်းဆီးခဲ့ပြီးနောက် ယင်းနေ့တွင်ပင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျောင်းဆရာ၊ ဆရာမတို့ကို ထပ်မံဖမ်းဆီးခြင်းဖြစ်ကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့၏တာဝန်ရှိသူ ကိုသစ္စာရှင်က ပြောသည်။ ဖမ်းဆီးထိန်းသိမ်းခံရသူများတွင် ရန်တောင်ရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် ဇနီးဒေါ်သန်းစိုး၊ ရန်တောင်ရွာ မူလွန်ကျောင်း အုပ်ဆရာကြီး ဦးသီးဖေနှင့် ကျောင်းဆရာမနှစ်ဦး၊ သရက်နှစ်ခွရွာက ဆရာမနှစ်ဦး၊ မဲနယ်အိုးရွာက ဆရာမတစ်ဦး၊ ပန်းချီရှောင်ရွာက အမျိုးသားတစ်ဦးတို့ဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ၎င်းတို့ကို သရက်ချောင်းမြို့နယ် ပကဖ တွင် ပါဝင်ဖွဲ့စည်းထားသည့် ဒေါင်းညီနောင်စစ်ကြောင်းက […]